တွဲနေကြတာလားလို့ သတင်းတွေ ထွက်နေပါတယ်။

ချာလီဟာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ တွဲနေကြတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

Photo: Kyaw Ye Myint Nyein



သရုပ်ဆောင် မော်ဒယ်ချာလီ နဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်တို့ တွဲနေတယ် ဆိုတဲ့ သတင်းတွေအပေါ် ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဒါကလည်း ပရိသတ်တွေ အထင်လွဲတာပါလို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

‘’ ဒါ ကောလာဟလပါ။ ပရိသတ်တွေလည်း ပြောကြတယ်။ မီဒီယာ ဆရာ ဆရာမတွေကြားမှာလည်း ဒီတစ်ယောက်နဲ့ ကြိုက်နေလား ဘာညာ သတင်းထွက်ပြီးတော့ ပရိသတ်ကြားမှာလည်း ကျွန်တော်ရှင်းနေရတယ်။ ကျွန်တော်တို့က ပုံမှန်ပဲ မုန့်သွားစားတယ်၊ သူငယ်ချင်းတွေတွေ့ဖြစ်တယ်၊ EDM ပွဲတွေသွားတယ်။ အဲဒီအခါကျတော့ လူတွေအမြင်မှားလည်း မှားစရာပါပဲ’’

Photo: Kyaw Ye Myint Nyein

ချာလီဟာ အပေါင်းအသင်းအပေါ် အရမ်းချစ်တတ်သူဖြစ်တာကြောင့် ပရိသတ်အမြင်မှားနိုင်တာဖြစ်မယ်လို့ ဆိုပါတယ်။ လက်ရှိပေါင်းနေတဲ့ သူငယ်ချင်း အရင်းကြီးတွေလည်းရှိတယ်လို့ GIORDANO ၂၅ နှစ်ပြည့် Fashion Show ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ကျွန်တော်ကလည်း လူတစ်ယောက်ကို ပေါင်းပြီဆိုရင် စိတ်နှစ်ပြီးတော့ ပေါင်းတယ်။ တွေ့ကြတယ်ဆိုရင်လည်း နေ့တိုင်းတွေ့တယ်။ တစ်ခါတလေကျရင် ချွန်းချွန်းတို့၊ သန္တာဗိုလ်တို့နဲ့ သွားဖြစ်တယ်။ အပြင်လူတွေအမြင်မှာတော့ မှားနိုင်တယ်။ အခုက အင်တာနက်၊ ဖေ့စ်ဘွတ်ခေတ်ဆိုတော့ မိနစ်ပိုင်းအတွင်းမှာ မီဒီယာတစ်ခုက နာမည်ကြီး မင်းသမီးတစ်ယောက်နဲ့ တွဲနေတဲ့ ချာလီဆိုပြီး တင်လိုက်ရော၊ ပြီးရင် နောက်ထပ် ၅၀ လောက်က တင်လိုက်တဲ့အခါကျတော့ ကျွန်တော် တော်တော်လေး ဖြေခဲ့ရပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Kyaw Ye Myint Nyein

သူ့ရဲ့ နှလုံးသားရေးရာမှာတော့ လူတိုင်းရဲ့ အချစ်ကိုခံနေရတာနဲ့တင် ပြည့်စုံတယ်လို့ ချာလီက ပြောပါတယ်။ သူကတော့ လက်ရှိမှာ ချစ်သူမရှိပါဘူးတဲ့။

‘’အချစ်ရေးက လောလောဆယ် တစ်ယောက်တည်းဖြစ်တယ်။ တစ်ယောက်တည်းပျော်နေတယ်။ လူတိုင်းရဲ့ အချစ်ကိုခံနေရတယ်လို့ထင်ပါတယ်။ တစ်ယောက်တည်းဖြစ်နေတာကလည်း ၁ နှစ်လောက်တော့ရှိပြီ ပေါ့။အခုချိန်မှာတော့ အချစ်တွေကအရမ်းများနေတယ်။ ဒါက ကျွန်တော့်ရဲ့ သူငယ်ချင်းအရင်းကြီးတွေရှိတယ်၊ ကျွန်တော့် Fan တွေ၊ ကျွန်တော့် မိသားစုရှိတယ်။ ကျွန်တော် ပြည့်စုံတယ်လို့ ခံစားရတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Kyaw Ye Myint Nyein

ချာလီရဲ့ နာမည်အရင်းကတော့ ကျော်ရဲမြင့်ငြိမ်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ပိုသိတာဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏဆိုသလို ရိုက်ကူးနေရတဲ့သူတစ်ယောက်ပါ။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ စမတ်ကျတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လို့ မိန်းကလေးပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က