ဗဟုသုတရမယ့် အစီအစဉ်ကောင်းလေးဖြစ်လာမှာပါ။

တိုင်ရွန်ဟာ သင်ဇာဝင့်ကျော်နဲ့ ခရီးအတူတူသွားမယ့် အကြောင်းတွေ ပြောပြလာပါတယ်။ ဒီခရီးစဉ်ကလည်း ဗဟုသုတတွေ အများကြီး ပေးနိုင်မယ်လို့ သူက ဆိုပါတယ်။

တိုင်ရွန်ကတော့ “The Travellres” ဆိုတဲ့ အစီအစဉ်မှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အတူ ခရီးတွေ သွားမယ်လို့ဆိုပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး အတူတူခရီးသွားတဲ့အခါမှာ ပရိသတ်တွေ တွေးထင်ထားသလို ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။



“ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ထင်ကြတာက ယောကျ်ားလေးနဲ့ မိန်းကလေး ခရီးသွားရင် အတူတူကြိုက်သွားမလား၊ ချစ်သွားမလားဆိုပြီးတော့ တခြားသော နောက်ကွယ်က ကိစ္စတွေ တွေးကြတာများတယ်။ဒါကလည်း တစ်ယောက်နဲ့တစ်ယောက် ကြိုက်မှဖြစ်တာပါ။ အဓိက က မသင်ဇာနဲ့ ကျွန်တော်က Screen ပေါ်မှာ Entertain လုပ်မယ်။ တခြားရိုက်ကူးရေး အဖွဲ့သားတွေလည်း ပါမှာဆိုတော့ ပျော်စရာကောင်းတဲ့ ခရီးတစ်ခု ဖြစ်လာမှာပါ”လို့ ဆိုပါတယ်။

တိုင်ရွန်ကတော့ “The Travellers” အစီအစဉ်ကတော့ ပရိသတ်ကို သိစေချင်တဲ့ အကြောင်းအရာတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

“ လူငယ်တွေခရီးသွားရင် ဘယ်နေရာတွေကို ဘယ်လိုသွားနိုင်တယ်ဆိုတာ သိခွင့်ရမယ်။ တွေ့တဲ့နေရာမှာ ဘတ်စ်ကားစီးချင်လည်းစီးမယ်၊ သဘောၤစီးချင်လည်း စီးမယ်ပေါ့။ ဒီခရီးသွားတဲ့အစီအစဉ်မှာပေးချင်တဲ့ Message က ခရီးသွားလို့ရလာတဲ့ ဗဟုသုတတွေပေးမယ်။ နယ်တစ်နေရာကိုရောက်ရင် နယ်ခံတွေနဲ့ စကားတွေပြောမယ်၊ ရိုးရာပွဲတွေဆင်နွှဲမယ်။ နာမည်ကြီးတဲ့နေရာတွေမဟုတ်ပဲ တစ်နိုင်ငံလုံးရဲ့ နေရာအနှံ့ကို သွားပြီးတော့ လေ့လာကြမယ်ပေါ့” ဆိုပြီးတော့ နိုဝင်ဘာလ ၁၉ ရက်နေ့က “The Travellers” အစီအစဉ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

ခရီးအတူတူသွားမယ့် သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ တိုင်ရွန်တို့ရဲ့ ရင်းနှီးမှုကိုလည်း တိုင်ရွန်က အခုလို ပြောပြခဲ့ပါသေးတယ်။

“ မသင်ဇာနဲ့လည်း အရင်ကတည်းကခင်ပါတယ်။ သူလည်း လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူငယ်တစ်ယောက်ဆိုတော့ အဓိက က ဒီအစီအစဉ်မှာ သူ့ကို ရွေးချယ်ဖြစ်သွားတဲ့ အကြောင်းအရင်းထဲမှာပါတယ်ခင်ဗျ။ အဓိက ကတော့ ဘယ်လိုနေရာတွေကို ကျွန်တော်တို့ သွားကြမယ် ဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်” လို့ သူကဆိုပါတယ်။

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြအနုပညာရှင်တစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ မော်ဒယ်လောကမှာကတည်းကအောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က