The Model Academy အစီအစဉ်အပေါ် သူ့ရဲ့ အမြင်ကို ပြောပြလာပါတယ်။

မယ်လိုဒီကတော့ The Model Academy အစီအစဉ်မှာ ဇင်အောင်ပြောသွားတဲ့ စကားတွေကို အရမ်းသဘောကျတယ်လို့ ဆိုပါတယ်။ အောင်မြင်တဲ့ မော်ဒယ်၊ သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ်တိုင်ပြုမူရမယ့် အရာတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Melody



သရုပ်ဆောင် မယ်လိုဒီကတော့ မော်ဒယ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာခဲ့တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိ ပရိသတ်တွေ စိတ်ဝင်တစားရှိလှတဲ့ The Model Academy အစီအစဉ်ကိုလည်း သူမကိုယ်တိုင် ကြည့်ဖြစ်တဲ့ အကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကိုဇင်အောင်ဖြစ်တဲ့ ခံစားချက်ကိုလည်း ခံစားပေးလို့ရတယ်။ သူက ကောင်မလေးဘက်ကနေ ခံစားပေးတာကိုး။ မသန္တာလှိုင်ကကျတော့ လူငယ်တွေအပေါ် ယောင်္ကျားလေး၊ မိန်းကလေးမခွဲပဲ နားလည်ပေးတာဆိုတော့ နှစ်ယောက်စလုံး နေရာကနေမှ နားလည်ပေးတာဆိုတော့ အစ်မက နှစ်ယောက်စလုံးအပေါ် ခံစားပေးလို့ရတယ်။ သဘောလည်းကျတယ်’’ လို့ သူကဆိုပါတယ်။

Photo: Melody

The Model Academy အစီအစဉ်မှာ ဒိုင်တစ်ဦးအနေနဲ့ ပါဝင်တဲ့ ဇင်အောင်ရဲ့ ပြောဆိုဆုံးမမှုတွေကိုလည်း သဘောကျတယ်ဆိုပြီးတော့ အောက်တိုဘာလ ၂၂ ရက်နေ့ညက Now & Ever ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’သူပြောတာ မှန်ပါတယ်။ အရင်တုန်းက မော်ဒယ်မှမဟုတ်ဘူး မင်းသမီးတောင်မှ အနှိမ်ခံရတာမျိုးရှိတာပဲ။ ချစ်တဲ့ ပရိသတ်ရှိသလို မုန်းတဲ့ ပရိသတ်လည်းရှိတာပဲ။ ကိုယ်က မော်ဒယ်ဆိုရင် Role Model အနေနဲ့ ဘယ်လိုနေချင်တာလဲပေါ့။ နာမည်ပျက်မရှိပဲနဲ့ အမိုက်ဇယားနေချင်တာလား၊ ဘယ်သူ ဘာပြောပြော ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ နေချင်တာလား။ ဇင်အောင်ပြောတာမှန်တယ်။ သူပြောသွားတာတွေကို အစ်မ သဘောကျတယ်။ အဓိက က ကိုယ့်ရဲ့ နာမည်ကို ဘယ်သူဘာပြောပြော မှန်ကန်အောင် ကိုယ်ထိန်းနေဖို့လိုတယ်လေ။ မိမိကိုယ် မိမိ အရင်ထိန်းရမှာ’’ လို့ သူကဆိုပါတယ်။

Photo: Zin Aung

အဲဒီနောက် မယ်လိုဒီဟာ The Model Academy အစီအစဉ်ကနေ ပရိသတ် ဝေဖန်မှုများစွာရှိခဲ့တဲ့ ပြိုင်ပွဲဝင်နှစ်ယောက်အတွက်ကိုလည်း အားပေးစကား ပြောပြခဲ့ပါသေးတယ်။

‘’ အများအမြင်မှာတော့ ဒါကို အမဲစက်ကြီးလို့ မြင်သွားတာပေါ့လေ။ အစ်မကတော့ ဒါကို အမဲစက်လို့ မမြင်ပါဘူး။ ဒါက အမှားဆိုရင် မှားမှန်းသိရက်နဲ့ ပြင်လိုက်ပါ။ ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်မှာပါ။ အမှားလည်း ဝန်မခံဘူး မှားမှန်းလည်း မသိဘူးဆိုရင်တော့ အနာဂတ်က လှပတဲ့ အနာဂတ်ဖြစ်လာမှာမဟုတ်ဘူး။ ကိုယ့်ရည်းစားလည်းမဟုတ်ဘူး၊ ကိုယ့်မိန်းမလည်းမဟုတ်ဘူးဆိုတော့ အခွင့်အရေးကတော့ မယူသင့်ဘူးပေါ့လေ။ ရိုးရိုးလေးပဲမြင်တယ်။ ကောင်မလေးကိုလည်း သဘောကျမိတယ် သတ္တိရှိတယ်လို့ မြင်ပါတယ် ’’ လို့ ဆိုပါတယ်။

Photo: Melody

မယ်လိုဒီကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို နှစ်တော်တော်ကြာ လုပ်ခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေ နားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးကိုတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေက အချစ်ပိုခဲ့ကြတာပါ။ သိဒ္ဓိစစ်ဟာ ငယ်ငယ်လေးကတည်းက ကလေးအသုံးအဆောင်ပစ္စည်းတွေရဲ့ ကြော်ငြာ မင်းသားပေါက်စလေး ဖြစ်ခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က