ဖလန်းဖလန်းထနေစေချင်သေးတယ်။

ရွှေထူးကတော့ ကလေးလိုချင်ပေမယ့် ဇနီးချောလေးကို ဖလန်းဖလန်းထစေချင်သေးတယ်လို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

Photo: Htoo Khant



ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ မကြာခင်မှာ တစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ရွှေထူးက ဇနီးချောလေးကို ကလေးမယူခိုင်းစေချင်သေးတဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်ကိုယ်တိုင်ကလည်း မယူစေချင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ငယ်သေးတယ်လေ။ လှလည်း လှနေသေးတယ်ဆိုတော့ ဖလန်းဖလန်းထနေစေချင်သေးတယ်။ ကျွန်တော်ကလည်း ယူလည်းယူချင်တယ်၊ မယူလည်း မယူစေချင်သေးဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၇ ရက်နေ့က ‘’စစ်ကား’’ရုပ်ရှင်ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Htoo Khant

ရွှေထူးကိုယ်တိုင်ကလည်း ကလေးမယူချင်သေးတဲ့အကြောင်း ကို ဟာသတစ်ခုအနေနဲ့ ပြောပြလာပါသေးတယ်။ ဒါလေးကတော့ ဟန်းနီးမွန်းထွက်တုန်းက လေ့လာမိခဲ့တာကြောင့်ပါတဲ့။

‘’ကျွန်တော်တို့ ဟန်းနီးမွန်းထွက်တုန်းက ဟာသတစ်ခုပါ ကျွန်တော်ကြည့်တယ် ယောကျ်ားလေးတော်တော်များများက မိန်းမပစ္စည်းဝယ်ရင် ပစ္စည်းကိုင်ရတယ်။ ကလေးကလည်း တစ်ဖက်ချီရသေးတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကလေးလေးက ငါ့ဆီပဲရောက်လာမှာ အဲဒီလိုပေါ့ ယူလည်းယူချင်တယ် မယူလည်း မယူချင်ပါဘူး’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: Htoo Khant

လက်ရှိမှာတော့ ရွှေထူးရော၊ ရွှေမှုံရတီရော သီချင်းတွေလည်းသီဆိုနေတာတွေ့ရသလို သရုပ်ဆောင် အလုပ်ကိုလည်း ပုံမှန်အတိုင်းဆက်လုပ်နေကြတုန်းပါပဲတဲ့။ 

‘’ ကျွန်တော့်ကိုပဲ အားပေးပေး၊ ကျွန်တော့်ရဲ့ မိန်းမိန်းကိုပဲ အားပေးပေး အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ကြိုးစားပါဦးမယ်။ တတ်နိုင်တဲ့ဘက်ကနေ အနုပညာအလုပ်တွေ ကျွန်တော် လုပ်နေပါဦးမယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ရွှထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦး ဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က