သူက ကျွန်တော့်ထက်ပိုရင့်ကျက်တယ်။

ရွှေထူး နဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကတော့ ၁ နှစ်ကျော် သက်တမ်းကို ရောက်ရှိလာခဲ့ပါပြီ။ ရွှေထူးက ရွှေမှုံကြောင့် ပြောင်းလဲသွားတဲ့အရာတွေကို ပြောပြခဲ့ပါသေးတယ်။

Photo: Htoo Khant



ရွှေထူးကတော့ သူ့ရဲ့ ဇနီးချောလေးကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ဇနီးချောလေးစိတ်ကောက်တိုင်း အမြဲတမ်း အလျှော့ပေးတတ်တဲ့အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ကို ဘော်ဒါတွေ တော်တော်များများက ကြောက်တယ်လို့ ပြောကြတယ်ပေါ့နော်။ မိန်းကလေးနဲ့ယောကျ်ားလေးဆိုရင် မိန်းကလေးက ဘာပဲဖြစ်ဖြစ် အားနွဲ့တယ်လေ။ ယောကျ်ားလေးဘက်က အနာကြီးပဲဆိုရင်လည်း ဒါဟာ ချစ်တာပါ။ ချစ်ပြီးတော့ ကြောက်သွားတာပေ့ါနော်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြာလာပါတယ်။

Photo: Htoo Khant

ရွှေထူးကတော့ လူပျိုအရွယ်တုန်းက ဘဝဖြတ်သန်းမှုနဲ့ အိမ်ထောင်ဦးစီး ဘဝဖြတ်သန်းမှု မတူညီတဲ့အချိန်မှာ ပိုပြီးတော့ ရင့်ကျက်လာတယ်လို့ ဆိုပါတယ်။

“အိမ်ထောင်ကျသွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး လူကြီးဆန်လာတယ်လို့ ခံစားရတယ်။ အရင်တုန်းကလို တဇွတ်ထိုးတွေတော့ မရှိတော့ဘူးပေါ့နော်။ စိတ်ကို အေးအေးလေးထားပြီး ကိုယ့်မိသားစုနဲ့ ပျော်ပျော်ပဲနေတယ်။ တစ်ခါတလေမှာတော့ မိန်းကလေးသဘာဝ စိတ်ကောက်တာလေးတွေတော့ရှိတာပေါ့။ ကျွန်တော်ကလည်း ချော့နေရရင် ပျော်ပါတယ်” လို့ ဆိုပါတယ်။

Photo: Htoo Khant

ရွှေထူးက သူ့ရဲ့ ချစ်ဇနီးချောလေး ရွှေမှုံရတီရဲ့ ရင့်ကျက်မှုတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

“ သူကတော့ ကျွန်တော့်ထက် ပိုပြီး ရင့်ကျက်သွားတယ်။ သူ့ကြောင့်ပဲ ကျွန်တော် အခုလိုမျိုး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြစ်သွားတယ်လို့ ခံစားရတယ်။ အတုယူရတဲ့အပိုင်းတွေလည်း အများကြီးရှိပါတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၂ ရက်နေ့က Nevia ပစ္စည်းသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Htoo Khant

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ရွှေထူးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်သလို ရွှေမှုံရတီကလည်း တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က