ကိုယ်က အသက်ငယ်တာလေးယူထားတော့ စိတ်ကုန်မှာစိုးတယ်။

မင်းဦးကတော့ အိမ်ထောင်သက်တမ်း ၃ နှစ်ပြည့်မှာ ဇနီးချောလေးကို Surprise လုပ်ဖြစ်ခဲ့တဲ့ အကြောင်းလေး ပြောပြလာပါတယ်။ အခက်အခဲတွေကြားက မင်္ဂလာပွဲပြုလုပ်ခဲ့ရတာဖြစ်လို့ နှစ်စဉ်နှစ်တိုင်း ပျော်စရာလေးတွေ ဖန်တီးပေးချင်တယ်လို့ ဆိုပါတယ်။

Photo: Min Oo



သရုပ်ဆောင် မင်းဦးကတော့ ဇနီးချောလေး ခိုင်ဝေသူနဲ့ အိမ်ထောင်သက်တမ်းက အခုဆိုရင် ၃ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ Surprise လုပ်ဖြစ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အစ်ကိုတို့က နှစ်ယောက်တည်းရှိတယ်ဆိုတော့ ပျော်စရာလေးတွေကို ကိုယ့်ဘာသာကိုယ် ဖန်တီးရတာပေါ့။ စိတ်ညစ်စရာတွေလည်းရှိတယ်၊ ပျော်စရာတွေလည်းရှိတယ်။ Event လေးတစ်ခုကို အမှတ်တရလေးဖြစ်အောင်၊ Wedding စလုပ်ကတည်းက အခက်အခဲလေးတွေ အများကြီး ကြုံခဲ့ရတာဆိုတော့ အမြဲတမ်း အမှတ်တရလေးတစ်ခု ဖြစ်နေစေချင်တာပါ။ Surprise လုပ်ဖြစ်တာကလည်း အစ်ကိုတို့ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်အတွက် နေရာသွားကြည့်ရင်း ဒီလိုလေး လုပ်ဖြစ်သွားတာပါ”လို့ သူကဆိုပါတယ်။

Photo: Min Oo

မင်းဦးနဲ့ ဇနီးဖြစ်သူထက် အသက်ကြီးတဲ့သူတစ်ယောက်ပါ။ ဇနီးငယ်ငယ်လေးကို ယူထားတဲ့သူ ဖြစ်တာကြောင့်လည်း ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေကို ဖန်တီးပေးဖြစ်တယ်လို့ ဆိုပါတယ်။

“ ကိုယ်က အသက်ကြီးပြီး သူက ငယ်နေသေးတော့လည်း ကိုယ့်ကို စိတ်မကုန်သွားအောင်လို့ ဖန်တီးယူရတဲ့ သဘောပေါ့နော်။ ဒီလို အိုင်ဒီယာတွေ မစဉ်းစားရင် သူ ကိုယ့်ကို စိတ်ညစ်သွားမှာပေါ့။ တကယ်တမ်းပြောရရင် စိတ်ချမ်းသာစေချင်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာတွေလည်းရှိတာပေါ့နော်။ ဒါပေမယ့်လည်း အဆင်ပြေတဲ့အချိန်မှာ အကောင်းဆုံး အမှတ်တရလေးဖြစ်သွားအောင် ကြိုးစားတဲ့ သဘောပါပဲ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ညက “ဗိုလ်နေတိုး”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Min Oo

အိမ်ထောင်ရေးတစ်ခုကို ဦးဆောင်နေတဲ့သူဖြစ်တာကြောင့်လည်း နားလည်မှုတွေအများကြီးလိုအပ်တယ်လို့ မင်းဦးက ပြောပါတယ်။

“ အချစ်ရေးမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီးတော့ အလျှော့ပေးရတာပဲ။ တစ်ယောက်က တင်းရင် တစ်ယောက်က လျှော့ရတယ်။ ဒီ ၃ နှစ်တိုင်လာတဲ့ အထိမှာတော့ သိပ်ပြဿနာ မရှိခဲ့ဘူး။ ၃ နှစ်မတိုင်ခင်တုန်းကတော့ တော်တော် ပြဿနာရှိခဲ့တာ။ အခုချိန်မှာတော့ နားလည်မှုတွေနဲ့ ရှေ့ဆက်ရမှာပါပဲ” လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Min Oo

မင်းဦးဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ တုန်းက ဇနီးချောလေး ခိုင်ဝေသူနဲ့ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိတော့ ရင်သွေးလေး မရှိသေးပါဘူး။ ဇနီးမောင်နှံ နှစ်ယောက်တည်း ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားတာပါ။ လက်ရှိမှာလည်း မင်းဦးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီးရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က