ပိုင်ဆိုင်ထားတဲ့ မိသားစုလေးအကြောင်းပြောပြလာပါတယ်။

လွင်မိုးဟာ သူ့ရဲ့ မိသားစုလေးကို အခုလို ပျော်ရွှင်အောင်ထားနိုင်တဲ့ အရာတွေကို Duwun Media ကနေ ပြောပြလာပါတယ်။ 

Photo: May Thu



သရုပ်ဆောင် လွင်မိုးကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးက အရမ်းရိုးရှင်းတယ်လို့ဆိုပါတယ်။ မိသားစုအပေါ် ထားတဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ 

“ အရေးကြီးတာကတော့ စိတ်ကို ကြည်ကြည်လင်လင်၊ သန့်သန့်ရှင်းရှင်းနဲ့ ဘဝကို ရိုးရိုးသားသားဖြတ်သန်း ကြတဲ့အတွက် ပရိသတ်တွေက ကျွန်တော်တို့ မိသားစုကို ချစ်ပေးကြတယ်လို့ထင်ပါတယ်။ မိသားစုထဲမှာက ထွေထွေထူးထူး သိပ်မရှိပါဘူး။” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Wunna Khawr Nee

လွင်မိုးကတော့ ဇနီးဖြစ်သူ မေသူ နဲ့အတူ ယွန်းဝတီလွင်မိုး၊ ယွန်းနဒီ လွင်မိုး တို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သမီးကြီး ယွန်းဝတီလွင်မိုးကတော့ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့ သြစတေးလျနိုင်ငံမှာရှိတဲ့ မဲဘုန်းမြို့မှာ ကျောင်းတက်ရင်း အလုပ်လုပ်နေတာဖြစ်ပါတယ်။ လွင်မိုးဟာ သမီးကြီး ယွန်းဝတီလွင်မိုးက မွေးဖွားလိုက်တဲ့ Laim ဆိုတဲ့ မြေးလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ သမီးငယ် ယွန်းနဒီလွင်မိုးကတော့ ပညာရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေတာ တွေ့ရပါတယ်။ 

Photo: Lwin Moe

လွင်မိုးတို့ မိသားစုကိုတော့ ပရိသတ်တွေ တော်တော်များများက ချစ်ခင်အားပေးလျှက်ရှိပါတယ်။ လွင်မိုးနဲ့ ဇနီးဖြစ်သူတို့ရဲ့ကြည်ကြည်နူးနူး ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေက အားကျနေကြတာပါ။ ပျော်စရာကောင်းတဲ့ မိသားစု ဘဝဖြစ်ဖို့ လိုအပ်တာတွေကိုလည်း လွင်မိုးက ဆိုပါတယ်။ 

“ အိမ်ထောင်ရေးမှာလည်း သူမကြိုက်တာ ကိုယ်မလုပ်နဲ့၊ ကိုယ်မကြိုက်တာ သူမလုပ်နဲ့ပေါ့။ ရယူခြင်းတွေချည်းပဲလည်း မကောင်းဘူး ပေးဆပ်ရဖို့လည်း လိုတယ် ။ ကျွန်တော်က မ Ro တတ်ပါဘူး။ ကြုံရင် ကြုံသလို သူလိုအပ်တာလေးတွေ ကိုယ်ဖြည့်ဆည်းပေးတာလောက်ပါပဲ။ ရည်ရွယ်ချက်လည်း သိပ်မရှိပါဘူး။ တချို့အရာလေးတွေမှာ ကျွန်တော်တို့ မိသားစုက ပျော်ဖို့လည်းကောင်းသလို ရယ်လည်း ရယ်နေရတော့ ဒါတွေကို ပရိသတ်က သဘောကျတာ ဖြစ်ပါလိမ့်မယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Lwin Moe

လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က