I Phone 11 နဲ့ ကန်တော့ခဲ့ကြတာပါ။

ခင်လှိုင်ကတော့ သူ အရမ်းလိုချင်တဲ့ I Phone 11 လေးကို မိသားစုတွေက Surprise လုပ်ပြီး လက်ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ သူဟာ ဖုန်းအသစ်ထွက်တိုင်း သားသမီးတွေကို အမြဲဦးစားပေးလေ့ရှိတယ်လို့ သိရပါတယ်။

Photo: Khin Hlaing



ခင်လှိုင်ကိုတော့ သူချစ်ရတဲ့ ဇနီးနဲ့ သားသမီးတွေက စုပေါင်းပြီး I Phone အသစ်ထွက်လာတဲ့ I Phone 11 နဲ့ ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကတော့ ခင်လှိုင်အတွက် ပျော်စရာကောင်းတဲ့ Surprise ဖြစ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော် အနားယူနေတဲ့ အချိန်မှာ သားတွေ သမီးတွေက အခန်းထဲဝင်လာပြီးတော့ ဘားအံသွားတုန်းက ကျွန်တော်ဝယ်လာတဲ့ Leo ဘီယာတွေထည့်တဲ့ စက္ကူပုံးကြီးကိုင်ပြီးဝင်လာကြရော။ ဘီယာဆိုလည်း ဒီ့ထက် လေးတယ်ပေါ့နော်။ ဖွင့်ကြည့်လိုက်တဲ့အခါမှာ ညီနန္ဒကန်တော့ထားတဲ့ ပိုးဝမ်းဆက်တစ်စုံ၊ ကားရိုက်ဖို့ဝယ်ထားတဲ့ ရှပ်အကျႌအသစ်တွေရော၊ ဆက်ဖွင့်ကြည့်ပါဦးဆိုတော့မှ ဒီဖုန်းဖြစ်နေတော့ အရမ်းပျော်သွားတာပေါ့။ ဒါပေမယ့် မကိုင်ရက်ပါဘူး။ သားသမီးတွေ ဘယ်သူယူမလဲ အရင်ယူကြ။ ပြီးမှ ဖေဖေ ထပ်ဝယ်ပေးမယ်ပေါ့။ သဲလေးကတော့ သရုပ်ဆောင်ကြေးရတဲ့ အထဲက ၁၀သိန်း၊ သားငယ်က သုံးသိန်း၊ သားကြီးတို့ မိသားစုက သုံးသိန်း။ ကျန်တာကတော့ ဒေါ်ငယ်လေးက စိုက်ပေါ့။ အဲဒီလိုကန်တော့ခဲ့ကြတာပေါ့ အရမ်းကြည်နူးရပါတယ်’’ လို့သူကဆိုပါတယ်။

Photo: Khin Hlaing

ခင်လှိုင်ရဲ့ ဇနီးဖြစ်သူ မငယ်လေးကလည်း ခင်လှိုင်ကို Surprise လုပ်ဖြစ်ခဲ့တဲ့ အကြောင်းလေး ပြောပြခဲ့ပြန်ပါသေးတယ်။ ဖုန်းအသစ်ပေါ်တိုင်းလည်း ကလေးတွေကို အမြဲဦးစားပေးတတ်တယ်လို့ ဆိုပါတယ်။

‘’ သူက ဖုန်းတွေဘာတွေ အသစ်ပေါ်ပြီဆို ကလေးတွေကို ဦးစားပေးတာ။ ဖြစ်ချင်တော့လည်း သူ့ဖုန်းက ဟမ်းသွားတော့ ကလေးတွေက မေကြီးရယ်တဲ့ ဖေဖေ့ ဖုန်းကိုလဲပေးလိုက်ပါဦးဆိုတော့ လဲပေးဖို့ စဉ်းစားလိုက်တဲ့ အခါမှာ သားက မေမေတဲ့ ဒီလိုလေး စီစဉ်ကြမယ်ဆိုပြီးလုပ်လိုက်တာ။ မဂွမ်းတို့လည်း သိတယ် အကုန်သိတယ်။ သူ ဝမ်းသာသွားအောင်ဆိုပြီးတော့ တိတ်တိတ်ကလေး စီစဉ်ခဲ့ကြတာ’’ဆိုပြီးတော့ အောက်တိုဘာလ ၂၂ ရက်နေ့က ‘’သုံးယောက်ပေါင်း လောင်းကျော်’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khin Hlaing

ခင်လှိုင်ကလည်း I Phone 11 ကို လိုချင်နေခဲ့တာ ကြာပြီလို့ဆိုပါတယ်။ ဒါပေမယ့်လည်း သားသမီးတွေကို အရင်ဝယ်ပေးချင်ခဲ့တာလို့လည်း ပြောပါတယ်။

‘’ဒီဖုန်းလေးကို ကျွန်တော် လိုချင်တယ် ခင်ဗျ။ ဒါပေမယ့် ဈေးကြီးတော့ ဝယ်မသုံးရက်ဘူး။ ကျွန်တော် ဝယ်သုံးလိုက်လို့ရှိရင် သားနှစ်ယောက်နဲ့ သမီးကိုလည်း ဝယ်ပေးရမှာလေ။ အဲဒီတော့ သူတို့တွေတောင် မကိုင်သေးပဲနဲ့ ကျွန်တော် မကိုင်ချင်ဘူး။ သူတို့အတွက် ဝယ်ပေးမယ်လို့လည်း စိတ်ကူးရှိပါတယ်။ ဒီရက်ထဲမှာလည်း ငွေသုံးရတာတွေ များတော့ ကိုယ့်ဘာသာကိုယ် နည်းနည်း ဖြစ်ညှစ်ပြီး နေနေတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Khin Hlaing

ခင်လှိုင်ဟာ သရုပ်ဆောင်နေရဲ၊ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ အနုပညာသက်တမ်းလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က