ကျွန်တော်ကတော့ ဘေးကနေ လိုအပ်တာတွေကို ပံ့ပိုးပေးတယ်။

လင်းလင်းကတော့ ဖောင်ဒေးရှင်းကိစ္စတွေမှာရော၊ မိသားစု ကိစ္စတွေမှာပါ အလုပ်တွေ အရမ်းကြိုးစားတတ်တဲ့ ဇနီးချောကို ချီးကျူးစကားဆိုလိုက်ပါတယ်။ 

အဆိုတော်လင်းလင်းကတော့ ဇနီးချောလေး ချစ်သုဝေရဲ့ အလုပ်ကြိုးစားမှုတွေအပေါ် ချီးကျူးတင်စကား ပြောလာပါတယ်။ ဖောင်ဒေးရှင်း ကိစ္စတွေမှာရော၊ မိသားစုကိစ္စတွေမှာပါ ဇနီးဖြစ်သူက ပိုပြီးတော့ အလုပ်လုပ်နိုင်တယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။ 



“သူကတော့ တော်တော်ဒုက္ခခံတယ်။ တော်တော်လည်း အလုပ်လုပ်နိုင်တယ်။ ကလေးတွေနဲ့ဆိုရင်လည်း အမြဲတမ်း Active ဖြစ်နေတာ။ ကျွန်တော်ကကျတော့ တစ်ခုခုဆိုရင် နေပါ... ထားလိုက် ဆိုတာမျိုး။ သူက ဖောင်ဒေးရှင်းကိစ္စတွေမှာရော၊ မိသားစု ကိစ္စတွေမှာရော အဓိက လိုအပ်ချက်တွေ၊ လုပ်သင့်လုပ်ထိုက်တာထက် ပိုတဲ့အရာတွေကိုလည်း သူကပဲဦးဆောင်တာပါ။ ကျွန်တော်ကတော့ နောက်က နှမ်းဖြူးလောက်ပါပဲ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

ခင်ပွန်းတစ်ယောက်အနေနဲ့ ဇနီးဖြစ်သူရဲ့ အလုပ်တွေမှာ ဘေးကနေ တတ်နိုင်သလောက် ပံ့ပိုးပေးတယ်လို့ လင်းလင်းက ဆိုပါတယ်။ လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း အကောင်းဆုံး စဉ်းစားပေးတယ်လို့ သူက ဆိုပါတယ်။ 

“ အစ်ကိုကတော့ သူလုပ်နေတဲ့ အလုပ်တွေပေါ်မှာ ယောကျ်ားလေးအမြင်ကနေ ကူရမယ့် အပိုင်းတွေဆိုရင် ကူညီပေးတယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး တွေးစရာရှုထောင့်၊ သမီးလေးတွေနဲ့ ပတ်သက်ပြီဆိုရင်လည်း ဆိုဆုံးမစရာ ရှုထောင့်လေးတွေမှာ ကျွန်တော့်အမြင်၊ ကျွန်တော့် အတွေးလေးတွေနဲ့ သူ့ကို ပြောပြတယ်။ ဘယ်အရာလေးကတော့ အဆင်ပြေတယ်၊ ဘယ်လိုမျိုးလုပ်ရင် ကောင်းတယ်ဆိုတာလေးတွေပေါ့” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ခေတ်သစ်ဖောင်ဒေးရှင်း ၁ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

အဆိုတော်လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေတို့ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ ပထမဦးဆုံးရင်သွေးလေးတွေဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် ဆိုတဲ့ ချစ်စရာကောင်းတဲ့အမြွှာ သမီးလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။သူတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က