၂၀၁၇ ခုနှစ်ကတည်းက အိမ်ထောင်ပြုခဲ့ကြတာပါတဲ့။

အဖြူရောင် သတို့သမီး သီချင်းနဲ့ အောင်မြင်ခဲ့တဲ့ အဆိုတော် Roll-1 ကတော့ သူပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးကို အခုလို ပြောပြလာပါတယ်။ 

Photo: Roll-1



အဆိုတော် Roll-1 ကတော့ ၂၀၁၇ ခုနှစ်မှာ အိမ်ထောင်ပြုခဲ့တယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးဟာ သူငယ်ချင်းတွေရဲ့ မိတ်ဆက်ပေးမှုကြောင့် စတွေ့ခဲ့ကြတာလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ တကယ်တော့ ကျွန်တော်နဲ့ ကျွန်တော့် ဇနီးက သူငယ်ချင်းတွေကနေ မိတ်ဆက်ပေးရင်း တွေ့ခဲ့ကြတာပါ။ သူ့ကိုတော့ ကျွန်တော်က သူ့ကိုသိတာ လွန်ခဲ့တဲ့ (၁၃) နှစ်လောက် ကတည်းက သိတာ။ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံတွေ အတူတူတွဲတင်ကြတော့ သတိထားမိတာပေါ့နော်။ ကျွန်တော်တို့ အပြင်မှာ စတွေ့တာက အသက်(၂၇) လောက်ရှိပြီ။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း စိတ်ဝင်စားကြတယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် လေ့လာကြတယ်။ ချစ်သူသက်တမ်း(၁) နှစ်ကျော်လောက်မှာ လက်ထပ်လိုက်ကြတာပါ”လို့ သူက ဆိုပါတယ်။ 

Photo: Forever

လက်ရှိမှာတော့ Roll-1 တို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၃ နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံမှာလည်း အသက်(၂) နှစ်ခွဲအရွယ် သားလေးတစ်ယောက် ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ 

“ အခု ကျွန်တော့်ရဲ့ သား နာမည်က မွေးမွေးချင်းမှာ ကျွန်တော်တို့ ပေးလိုက်တဲ့ နာမည်က ဘုန်းသစ်လူပေါ့နော်။ အခုကျတော့ ဗေဒင် လက္ခဏာတွေ အယူအဆအရ ကျန်းမာရေး အညံ့ရှိတယ် ဆိုလို့ အခု နာမည်ပြောင်းလိုက်တယ် မြတ်မှူးခန့် လို့ ခေါ်တယ်ပေါ့။ အခုဆိုရင် ကျွန်တော့် သားလေးက (၂) နှစ်ခွဲအရွယ်ကို ရောက်နေပါပြီ" လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Roll-1

Roll-1 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ "အဖြူရောင် သတို့သမီး" ဆိုတဲ့ သီချင်းကနေတဆင့် ပရိသတ်အားပေးမှု အများကြီးရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် " ကျောင်းသားဘဝ" သီချင်းနဲ့လည်း ပရိသတ်အခိုင်အမာ ရရှိလာခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အတွဲအခွေ ထွက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပထမဆုံး Single Album ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဂီတအလုပ်တွေကို နောြက်တစ်ကျော့ ပြန်လည် လုပ်ကိုင်လာချိန် ၂၀၂၀ ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့တုန်းက "ချစ်တယ်" ဆိုတဲ့ သီချင်း အသစ်တစ်ပုဒ် ထွက်ရှိထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က