လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။
Sabal Thwin

မကြာခင်မှာ ရုပ်သံဇာတ်လမ်းတွဲ ရိုက်မယ့် သဇင်ထူးမြင့်ရဲ့ အနုပညာအရည်အချင်းတွေ အပေါ် ခင်လှိုင်က သုံးသပ်ပြောပြလာပါတယ်။ သဇင်ထူးမြင့်ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေနဲ့ အတူတူ ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးထားပါသေးတယ်တဲ့။

ခင်လှိုင်ကတော့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးတော့မယ့် သမီးငယ် သဇင်ထူးမြင့်အကြောင်းကို ပြောပြလာပါတယ်။ စိတ်ပူတာတွေကတော့ အများကြီးရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’သမီးကို အစတုန်းကတော့ စိတ်ပူတာပေါ့နော်။ သူ့ဘာသာသူ Photo Model လေးလုပ်နေတာကတော့ နည်းနည်း အဆင်ပြေသေးတယ်။ ဇာတ်လမ်းကိစ္စကတော့ ရိုက်ဖို့အတွက် လာကမ်းလှမ်းနေကြတာ ၃ ခုလောက်ရှိတယ်။ ရုပ်ရှင်ကားကြီးကျတော့လည်း မလွှတ်ရဲသေးဘူးလေ။ သူ့အိုက်တင်ကလည်း ဘယ်လိုအခြေအနေမှန်းလဲ မသိသေးဘူး’’လို့ သူကဆိုပါတယ်။

သဇင်ထူးမြင့်က သူ့ရဲ့ အနုပညာဝါသနာအရ သူငယ်ချင်းတွေနဲ့ အတူရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုလေးတွေကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်။ ဒီဇာတ်လမ်းတိုလေးတွေကနေတဆင့် အကဲဖြတ်မိတာလေးတွေရှိတယ်လို့လည်း ခင်လှိုင်က ဆိုပါတယ်။

‘’ ဟိုတလောတုန်းကတော့ သူ့သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ Short Story လေးကို တင်ထားတာတွေ့လို့ ကြည့်လိုက်မိတယ်။ သူလုပ်ထားတာမဆိုးပါဘူး။ MTV လေးတွေလည်း မဆိုးဘူး။ ကိုဘိုစန်းကလည်း ဒီဖိုင်လေးတွေကြည့်ပြီးတော့ ဦးခင်လှိုင်ကို လာပြောတယ်။ သမီးလေးနဲ့ ဇာတ်လမ်းတွဲရိုက်ချင်တ ယ်ပေါ့။ကာရိုက်တာကလည်း အရမ်းအကြီးကြီး မဟုတ်ဘူး သူလုပ်နိုင်လောက်တဲ့ ကာရိုက်တာဆိုတော့ ရိုက်ခွင့်ပေးလိုက်တာပါ’’ဆိုပြီးတော့ ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ခင်လှိုင်ဟာ ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်မယ့် သဇင်ထူးမြင့်ရဲ့ ကာရိုက်တာကို ကြည့်ပြီး ရိုက်ကူးဖို့ ခွင့်ပြုခဲ့တာပါတဲ့။ ဒါပေမယ့် သရုပ်ဆောင်နဲ့ပတ်သက်ပြီး လိုအပ်တာတွေ များနေသေးတယ်လို့ ဆိုပါတယ်။

‘’ အခုချိန်ထိကတော့ အဆင်ပြေသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူလုပ်နိုင်သလောက်လေးတွေ လုပ်ရတာ။ သရုပ်ဆောင် တကယ်လုပ်တော့မယ်ဆိုရင် ကာရိုက်တာအစုံလုပ်ရတော့မှာ။ အဲဒီအခါကျလို့ရှိရင် သူက နုနုရွရွလေးဖြစ်နေလို့ အဆင်မပြေဘူးလေ။ သူ ကာရိုက်တာအစုံလုပ်နိုင်ဖို့ အတွက်ကတော့ သင်ပေးရဦးမှာပေါ့။ ရဲရဲတင်းတင်းလေးဖြစ်လာဖို့ လိုတယ်ပေါ့နော်’’ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်တော့ သူမဟာ တီဗီကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။

သူမကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထား လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က