ဇာတ်လမ်းတွဲမှာလည်း အတူတွဲပြီး သရုပ်ဆောင်ကြဦးမှာပါ။

ထွန်းဝီရ ကတော့ အနုပညာအလုပ်တွေနဲ့ ပတ်သက်လာရင် သဇင်ထူးမြင့်ဆီက လေ့လာဖြစ်တာတွေရှိတယ်လို့ ဆိုပါတယ်။ 

Photo: Htun Wira



ထွန်းဝီရ ကတော့ သရုပ်ဆောင် သဇင်ထူးမြင့်နဲ့ ရင်းနှီးမှုလေးကို ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း “ရည်းစားလိုချင်တယ်” ဆိုတဲ့ Offical Cover Song Music Video လေးမှာ ပါဝင်သရုပ်ဆောင်ရင်း ရင်းနှီးခဲ့ကြတဲ့ အမှတ်တရလေးတွေကို မီဒီယာအင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ်။ 

“ မသဇင်ထူးမြင့် နဲ့က သီချင်းရိုက်တော့မှ စပြီးခင်ကြတာ၊ နှစ်ယောက်စလုံးက အနေအေးတော့ စကား သိပ်မပြောဖြစ်ကြဘူး။ ရိုက်ကူးရေးတွေလုပ်ပြီးတော့ မုန့်တွေဘာတွေ စားရင်း စကားပြောမိတော့မှ သူက တကယ်ကို သဘောကောင်းတဲ့ သူတစ်ယောက်ပါ။ လိုအပ်တာတွေရှိရင် ကျွန်တော့်ကို ပြောပြပေးတယ်။ သူကိုယ်တိုင် ရွှေကြိုတစ်ယောက်ဖြစ်ခဲ့တုန်းက အမှတ်တရတွေကိုလည်း ပြောပြတယ်။ တကယ်ကို အစ်မတစ်ယောက်လို ကူညီပေးတဲ့သူပါ” ဆိုပြီးတော့ သြဂုတ်လ(၈) ရက်နေ့က “ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ပြောပြခဲ့ပါတယ်။ 

Photo: Htun Wira

ထွန်းဝီရကိုတော့ အခုဆိုရင် လူမှုကွန်ယက်စာမျက်နှာပေါ်က ပရိသတ်တွေလည်း သတိထားမိလာကြပါပြီ။ သူ့အနေနဲ့ Social Media ကို ဘယ်လို အသုံးပြုရမယ် ဆိုတာတွေကို သဇင်ထူးမြင့် ဆီကနေ သင်ယူတယ်လို့ ဆိုလာပါတယ်။ 

“ သူကကျတော့ Social influencer တစ်ယောက်ဖြစ်တယ်၊ ကျွန်တော်က ဘာမှ သေချာ သိသေးတာ မဟုတ်သလို အတွေ့အကြုံ နုသေးတော့ Social Media ပေါ်မှာ ကျွန်တော် ဘယ်လိုမျိုးနေထိုင်ရမယ်၊ ပရိသတ်နဲ့ အဆက်မပြတ်သွားအောင် ဘယ်လိုနေရမလဲ ဆိုတာတွေကို ကျွန်တော်ကလည်း အများဆုံး မေးဖြစ်သလို သူကလည်း ပြောပြပေးပါတယ်" လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: Thazin Htoo Myint

"ဆိုးပေ" ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ထွန်းဝီရနဲ့ သဇင်ထူးမြင့်တို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူဟာ သရုပ်ဆောင်အလုပ်သာမက ဇာတ်သဘင် အလုပ်တွေမှာပါ မြန်မာအဆို၊ အက တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကပြဖျော်ဖြေတတ်သူ တစ်ယောက်ပါ။ ပညာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာ ဖြစ်ပြီး ရွှေကြိုပြိုင်ပွဲ ပထမအကြိမ်လူတွေ့ စစ်ဆေးတဲ့နေ့မှာပဲ သူ့ရဲ့ ဓာတ်ပုံတွေကနေတဆင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က