• Cele Yatkwat
    နာမည်ကြီးသရုပ်ဆောင် ၄ ဦးအားပြိုင်ကြမယ့် ဒဏ္ဍာရီမိုးရုပ်ရှင်ကား
Sabal Thwin
[Unicode Version]

35647279_1825360784218527_886202433502445568_n.jpg 

နာမည်ကျော်အနုပညာရှင်တွေပါဝင်ထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၂၂ ရက်နေ့မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

7 Sense  Film Production နဲ့အတူ ပထမဆုံးအကြိမ်လက်တွဲအလုပ်လုပ်လာတဲ့ သရုပ်ဆောင်ရဲတိုက်ကတော့ ဇာတ်ကားကောင်းကောင်း လေးရိုက်ခွင့်ရပြီဆိုတဲ့ သူ့ရင်ထဲက ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

'' ထောင်က စလွတ်ကတည်းက ဇာတ်လမ်းကောင်းကောင်းလေး ရိုက်ချင်တယ်၊ အခုတော့ ရိုက်ခွင့်ရပြီပေါ့။ ဒါပေမယ့်လည်း သူတို့လောက် မနုပျိုတော့တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပေါ့'' လို့ ဆိုပါတယ်။

35629075_1825360877551851_8400745221096210432_n.jpg

နာမည်ကျော်မင်းသား ၃ ယောက်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်မယ်ဆိုတဲ့ ကိုဝေမင်းမောင် 

ဝါရင့်အနုပညာရှင်တွေနဲ့အတူ တွဲပြီး ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရသွားမယ့် ရွှေထူးကတော့ ခံစားချက်တွေ စုံနေတာပဲ လို့ ပြောပါတယ်။

'' သူတို့နဲ့ တွဲပြီး သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ရင်ခုန်တယ်။ နည်းနည်းလေးတော့ ရှိန်တာပေါ့။ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကတော့ စုံနေတာပဲ။ ရှိန်တာကတော့ အကုန်လုံးကို ရှိန်တာပါ သူတို့က ကျွန်တော့်ထက် အများကြီး စီနီယာလည်းကျတယ်၊ ကျွန်တော့်ကြောင့် သူတို့ စိတ်အနှောင့်အယှက်ဖြစ်မှာကိုပဲ စိုးရိမ်တယ်'' လို့ သူကဆိုပါတယ်။

35842400_1825360764218529_1288970258769510400_n.jpg 

ဇာတ်လမ်းလေးကောင်းလို့ ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တယ် ဆိုတဲ့ ဝတ်မှုံရွှေရည်ကလည်း ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားဟာ သူ့ရဲ့ ပရိသတ်တွေအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါတဲ့။

'' လက်ခံဖြစ်လိုက်တာကလည်း ဇာတ်လမ်းကြောင့်ပေါ့နော်။ ဒီဇာတ်ကားလေးက ပရိသတ်အတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မယ် ထင်လို့ လက်ခံဖြစ်လိုက်တာပါ'' လို့ဆိုပါတယ်။

35799258_1825360824218523_4828339742389043200_n.jpg 

ဒါရိုက်တာရဲ့ အလိုကျ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်သွားမယ် ဆိုတဲ့ သရုပ်ဆောင် ဒေါင်းရဲ့ စကားသံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားကို ကိုဝင်းလွင်ထက် စပြောကတည်းက ကာရိုက်တာနဲ့ ပတ်သက်ပြီး ကိုယ်ဘယ်လို ရပ်တည်ရမလဲ။ ဒါရိုက်တာ လိုချင်တဲ့ အရောင်က ဘယ်လိုပုံစံမျိုးလဲ ကိုယ်က ဘယ်လို ခြယ်သရမလဲဆိုတာကို ကြိုးစားသရုပ်ဆောင်သွားမှာပါ'' လို့ သူကဆိုပါတယ်။

35786358_1825360677551871_5889269133484228608_n.jpg 

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကတော့ မင်းသားချော ၃ ယောက်နဲ့ မင်းသမီးချောလေး တစ်ယောက် ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးပါ။ ၄ပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဖြစ်လာမယ့် ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ဝင်းလွင်ထက်က အကောင်းဆုံးပုံဖော်ရိုက်ကူးသွား မှာ ဖြစ်ပါတယ်။

 

[Zawgyi Version]

 

နာမည္ေက်ာ္အႏုပညာရွင္ေတြပါဝင္ထားတဲ့ ဒ႑ာရီမုိး ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဇြန္လ ၂၂ ရက္ေန႔မွာ ရိုက္ကူးသြားမယ္လုိ႔ သိရပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးကုိ ဒါရုိက္တာ ဝင္းလြင္ထက္က ပုံေဖာ္ရုိက္ကူးသြားမွာျဖစ္ျပီး သရုပ္ေဆာင္ ရဲတုိက္၊ ေဒါင္း၊ ေရႊထူးနဲ႔ ဝတ္မႈံေရႊရည္ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

7 Sense  Film Production နဲ႔အတူ ပထမဆုံးအႀကိမ္လက္တြဲအလုပ္လုပ္လာတဲ့ သရုပ္ေဆာင္ရဲတုိက္ကေတာ့ ဇာတ္ကားေကာင္းေကာင္း ေလးရုိက္ခြင့္ရၿပီဆုိတဲ့ သူ႔ရင္ထဲက ခံစားခ်က္ေတြကုိ ေျပာျပခဲ့ပါတယ္။

'' ေထာင္က စလြတ္ကတည္းက ဇာတ္လမ္းေကာင္းေကာင္းေလး ရုိက္ခ်င္တယ္၊ အခုေတာ့ ရိုက္ခြင့္ရၿပီေပါ့။ ဒါေပမယ့္လည္း သူတုိ႔ေလာက္ မႏုပ်ဳိေတာ့တဲ့ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ေပါ့'' လုိ႔ ဆုိပါတယ္။

နာမည္ေက်ာ္မင္းသား ၃ ေယာက္နဲ႔ ရုပ္ရွင္ဇာတ္ကားႀကီး ရုိက္မယ္ဆုိတဲ့ ကုိေဝမင္းေမာင္ 

ဝါရင့္အႏုပညာရွင္ေတြနဲ႔အတူ တြဲၿပီး ဒ႑ာရီမုိး ရုပ္ရွင္ဇာတ္ကားထဲမွာ ပါဝင္သရုပ္ေဆာင္ရသြားမယ့္ ေရႊထူးကေတာ့ ခံစားခ်က္ေတြ စုံေနတာပဲ လုိ႔ ေျပာပါတယ္။

'' သူတုိ႔နဲ႔ တြဲၿပီး သရုပ္ေဆာင္ရမွာျဖစ္တဲ့အတြက္ ရင္ခုန္တယ္။ နည္းနည္းေလးေတာ့ ရွိန္တာေပါ့။ ရင္ထဲမွာ ျဖစ္ေပၚေနတဲ့ ခံစားခ်က္ေတြကေတာ့ စုံေနတာပဲ။ ရွိန္တာကေတာ့ အကုန္လုံးကုိ ရွိန္တာပါ သူတုိ႔က ကၽြန္ေတာ့္ထက္ အမ်ားႀကီး စီနီယာလည္းက်တယ္၊ ကၽြန္ေတာ့္ေၾကာင့္ သူတုိ႔ စိတ္အေႏွာင့္အယွက္ျဖစ္မွာကုိပဲ စုိးရိမ္တယ္'' လုိ႔ သူကဆိုပါတယ္။

 

ဇာတ္လမ္းေလးေကာင္းလုိ႔ ရုိက္ကူးဖုိ႔ လက္ခံျဖစ္ခဲ့တယ္ ဆုိတဲ့ ဝတ္မႈံေရႊရည္ကလည္း ဒ႑ာရီမုိး ရုပ္ရွင္ဇာတ္ကားဟာ သူ႔ရဲ႕ ပရိသတ္ေတြအတြက္ တကယ္ေကာင္းတဲ့ ဇာတ္ကားတစ္ကားျဖစ္မွာပါတဲ့။

'' လက္ခံျဖစ္လုိက္တာကလည္း ဇာတ္လမ္းေၾကာင့္ေပါ့ေနာ္။ ဒီဇာတ္ကားေလးက ပရိသတ္အတြက္ ဇာတ္ကားေကာင္းေလးတစ္ကားျဖစ္မယ္ ထင္လုိ႔ လက္ခံျဖစ္လုိက္တာပါ'' လုိ႔ဆုိပါတယ္။

 

ဒါရုိက္တာရဲ႕ အလုိက် ကာရုိက္တာကုိ ပီျပင္ေအာင္ သရုပ္ေဆာင္သြားမယ္ ဆုိတဲ့ သရုပ္ေဆာင္ ေဒါင္းရဲ႕ စကားသံကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

'' ဒီဇာတ္ကားကုိ ကုိဝင္းလြင္ထက္ စေျပာကတည္းက ကာရုိက္တာနဲ႔ ပတ္သက္ၿပီး ကုိယ္ဘယ္လုိ ရပ္တည္ရမလဲ။ ဒါရုိက္တာ လုိခ်င္တဲ့ အေရာင္က ဘယ္လိုပုံစံမ်ဳိးလဲ ကုိယ္က ဘယ္လုိ ျခယ္သရမလဲဆုိတာကုိ ႀကိဳးစားသရုပ္ေဆာင္သြားမွာပါ'' လုိ႔ သူကဆုိပါတယ္။

 

ဒ႑ာရီမုိး ရုပ္ရွင္ဇာတ္ကားကေတာ့ မင္းသားေခ်ာ ၃ ေယာက္နဲ႔ မင္းသမီးေခ်ာေလး တစ္ေယာက္ ပါဝင္မယ့္ ရုပ္ရွင္ဇာတ္ကားႀကီးပါ။ ၄ပြင့္ဆုိင္အခ်စ္ဇာတ္လမ္းေလး ျဖစ္လာမယ့္ ဒီရုပ္ရွင္ဇာတ္ကားႀကီးကုိေတာ့ ဒါရုိက္တာ ဝင္းလြင္ထက္က အေကာင္းဆုံးပုံေဖာ္ရုိက္ကူးသြား မွာ ျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs