• Cele Yatkwat
    ခရီးတွေသွားရင်း တစ်ယောက်တည်းဘဝကိုဖြတ်သန်းနေတဲ့ မေဘရဏီသော်
Sabal Thwin
[Unicode Version]

May 3.jpg 

သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေတဲ့ မေဘရဏီသော်ကတော့ သူ့ရဲ့ အချစ်ရေးက အခုလက်ရှိမှာ အေးအေးဆေးဆေးပါပဲတဲ့။ ခရီးတွေသွားမယ်၊ ပျော်ပျော်နေတယ် ဆိုတဲ့ Single is the best အဖြစ်ကို ခံယူထားတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

'' မေသော့်ကို ပရိသတ်တွေက အချစ်ရေးနဲ့မေးလာခဲ့ရင်လည်း အေးအေးဆေးဆေးပါလို့။ တကယ်လို့ မေသော့်အတွက် ရေရှည် လက်တွဲရ မယ့်လူတစ်ယောက် တွေ့ပြီဆိုရင်တော့ ပရိသတ်တွေကို အသိပေးမှာပါ။ အခုလောလောဆယ်ကတော့ ခရီးတွေသွား Single is the best ဖြစ်နေတုန်းပေါ့''လို့ သူကပြောပါတယ်။

May 2.jpg 

 

သရုပ်ဆောင်ဘက်ကိုဆွဲခေါ်ပေးခဲ့တဲ့ Fanတွေကို ကျေးဇူးတင်တယ်ဆိုတဲ့ မေဘရဏီသော်

ကံတရားက ဆုံခွင့်ပေးလာခဲ့ရင်တော့ ဖူးစာဆုံဖြစ်ကြမှာပါတဲ့။ ကံဆုံရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အတူတူ လက်တွဲရမယ်လို့ ယုံကြည်ချက်ထားတယ် ဆိုပြီးတော့လည်း မေဘရဏီသော်က ပြောပြခဲ့ပါသေးတယ်။

'' အဲ့ဒါကတော့ ကံပေါ့လေ။ ကံက တစ်နေ့ဆုံခွင့်ပေးတယ်ဆိုရင်တော့ တွေ့ကြရမှာပဲပေါ့နော်။ ကိုယ့်အနေနဲ့ လွတ်လွတ်လပ်လပ်ပဲ ခရီးလေးသွားလိုက်၊ ပျော်လိုက်ပဲ ပေါ့နော်။ ကိုယ်နဲ့ဖူးစာကံဆုံရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတွေ့မယ်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အတူတူလက်တွဲရမယ်လို့ တော့ ယုံကြည်ပါတယ်'' လို့ ဆိုပါတယ်။

May 1.jpg 

မေဘရဏီသော်ကတော့ ၂၀၁၅ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာ စင်မြင့့်ထက်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားပါသေးတယ်။

အခုလက်ရှိမှာ ဇနီးချောများကွန်ယက်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုလို သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာတာကလည်း ပရိသတ်တွေရဲ့ တွန်းအားကြောင့် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။

 

[Zawgyi Version]

 

သရုပ္ေဆာင္တစ္ဦးအျဖစ္ အႏုပညာေလာကထဲမွာ ရပ္တည္ေနတဲ့ ေမဘရဏီေသာ္ကေတာ့ သူ႔ရဲ႕ အခ်စ္ေရးက အခုလက္ရွိမွာ ေအးေအးေဆးေဆးပါပဲတဲ့။ ခရီးေတြသြားမယ္၊ ေပ်ာ္ေပ်ာ္ေနတယ္ ဆုိတဲ့ Single is the best အျဖစ္ကုိ ခံယူထားတယ္ဆုိၿပီးေတာ့ Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိထားပါတယ္။

'' ေမေသာ့္ကုိ ပရိသတ္ေတြက အခ်စ္ေရးနဲ႔ေမးလာခဲ့ရင္လည္း ေအးေအးေဆးေဆးပါလုိ႔။ တကယ္လုိ႔ ေမေသာ့္အတြက္ ေရရွည္ လက္တြဲရ မယ့္လူတစ္ေယာက္ ေတြ႔ၿပီဆုိရင္ေတာ့ ပရိသတ္ေတြကုိ အသိေပးမွာပါ။ အခုေလာေလာဆယ္ကေတာ့ ခရီးေတြသြား Single is the best ျဖစ္ေနတုန္းေပါ့''လုိ႔ သူကေျပာပါတယ္။

 

 

သရုပ္ေဆာင္ဘက္ကိုဆြဲေခၚေပးခဲ့တဲ့ Fanေတြကုိ ေက်းဇူးတင္တယ္ဆုိတဲ့ ေမဘရဏီေသာ္

ကံတရားက ဆုံခြင့္ေပးလာခဲ့ရင္ေတာ့ ဖူးစာဆုံျဖစ္ၾကမွာပါတဲ့။ ကံဆုံရင္ေတာ့ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ အတူတူ လက္တြဲရမယ္လုိ႔ ယုံၾကည္ခ်က္ထားတယ္ ဆုိၿပီးေတာ့လည္း ေမဘရဏီေသာ္က ေျပာျပခဲ့ပါေသးတယ္။

'' အဲ့ဒါကေတာ့ ကံေပါ့ေလ။ ကံက တစ္ေန႔ဆုံခြင့္ေပးတယ္ဆုိရင္ေတာ့ ေတြ႔ၾကရမွာပဲေပါ့ေနာ္။ ကုိယ့္အေနနဲ႔ လြတ္လြတ္လပ္လပ္ပဲ ခရီးေလးသြားလုိက္၊ ေပ်ာ္လုိက္ပဲ ေပါ့ေနာ္။ ကုိယ္နဲ႔ဖူးစာကံဆုံရင္ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာေတြ႕မယ္၊ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာေတာ့ အတူတူလက္တြဲရမယ္လုိ႔ ေတာ့ ယုံၾကည္ပါတယ္'' လုိ႔ ဆုိပါတယ္။

 

ေမဘရဏီေသာ္ကေတာ့ ၂၀၁၅ခုႏွစ္က Miss Universe Myanmar 2015 ရဲ႕ အလွတစ္ေယာက္ျဖစ္ခဲ့ၿပီး ႏိုင္ငံတကာ စင္ျမင့့္ထက္တြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူမဟာ သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ဇာတ္လမ္းတြဲေတြ ရုိက္ကူးထားပါေသးတယ္။

အခုလက္ရွိမွာ ဇနီးေခ်ာမ်ားကြန္ယက္ဆုိတဲ့ ရုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။ အခုလို သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ရပ္္တည္လာတာကလည္း ပရိသတ္ေတြရဲ႕ တြန္းအားေၾကာင့္ ဆုိၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာေျဖဆုိခဲ့ဖူးပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs