• Cele Yatkwat
    အောင်ရဲလင်းနဲ့ ဆက်ဆံရေးအကြောင်းပြောလာတဲ့ မထက်
Sabal Thwin
[Unicode Version]

33038592_1704480676300467_5630955201708949504_n.jpg 

အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်(Pop Soul)တစ်ယောက် လတ်တလော သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သရုပ် ဆောင် အောင်ရဲလင်းရဲ့ ဓာတ်ပုံတွေကို အမြဲတင်လေ့ရှိပါတယ်။ အရင်တုန်းကလည်း အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလထွက်ခဲ့ ဖူးတဲ့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း Duwun  Media ရဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းဖြေဆိုခဲ့ပါတယ်။

'' ကိုအောင်ရဲလင်းပုံတွေ တင်ဖြစ်တာကလည်း အစ်ကိုက မတင်ဘူးလေ၊ တင်လည်း တစ်ပုံလေးတင်လိုက် ဆိုတော့ အစ်မက အသည်းယား တယ်၊ ပုံတွေကလည်း အစ်မမှာ ရှိနေတာ၊ ဒါတွေကလည်း အစ်မ စီစဉ်ပြီးရိုက်ထားတာဆိုတော့ အစ်မဘာသာ အစ်မ တင်နေရတာပါ။ အစ်မ တို့နှစ်ယောက်က ၄၊ ၅၊ ၆ နှစ်ပေါ့နော် ရေရှည် အမြဲတမ်း သူ့ရဲ့ ပင်တိုင် Make-up Arist တစ်ယောက်အနေနဲ့ လက်ခံထားပေးတဲ့ အတွက် ကိုလည်း အစ်မက အများကြီးကျေးဇူးတင်တယ်၊ ဆံပင်ကိုလည်း သူ့တစ်ယောက်တည်းကိုပဲ ညှပ်ပေးဖြစ်တယ်'' ဆိုပြီးတော့ ဇွန်လ ၂၄ ရက်နေ့က Blanco ရဲ့ ၈ နှစ်ပြည့် အမှတ်တရပွဲကို တက်ရောက်လာတဲ့ မထက်(Pop Soul) က Duwun Media ရဲ့ မေးခွန်းကို ဖြေဆိုခဲ့တာပါ။

Ma Htet 1.jpg

ချစ်သူဆီက မကြိုက်တဲ့အချက်တွေပြောလာတဲ့ မထက်

မထက်(Pop Soul) အနေနဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အလုပ်လုပ်ရတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက်  အပြန်အလှန် အကြံဉာဏ် တွေ ပေးဖြစ်ပါတယ်တဲ့။

'' အစ်မက အလုပ်နဲ့ ပတ်သက်လာရင် မင်းသားကို အကြံဉာဏ်လေးတွေ ပေးဖြစ်တယ်။ ဒါကိုမကြိုက်ဘူးဆို မကြိုက်ဘူးလို့ပဲ အစ်မက ပြောတယ်။ ကြိုက်တယ်ဆို ကြိုက်တယ်ပေါ့ ဥပမာ သူ့ရဲ့ သရုပ်ဆောင်မှုတွေမှာလည်း အစ်မက လက်ခံနိုင်တာလည်းရှိသလို လက်မခံနိုင်တာ တွေလည်းရှိပါတယ် အစ်မက ပွင့်လင်းစွာ ဝေဖန်အကြံပေးတယ်။ အဲ့ဒါကြောင့်မို့လို့လား မသိဘူး အစ်မနဲ့သူနဲ့ကတော့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ရှိတယ်။ သူကလည်း အစ်မကို ဘယ်လိုလေးတွေ လုပ်ကြည့်ပါလားဆိုတာမျိုးတွေ အကြံပေးလေ့ရှိပါတယ်။ အစ်မလေးစားရတဲ့ အရာတွေလည်း သူ့မှာ အများကြီးရှိပါတယ်''

32764295_1704480379633830_3033473368952143872_n.jpg 

မင်းသားအောင်ရဲလင်းနဲ့ မိတ်ကပ်မထက်(Pop Soul) တို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေထွက်ရှိခဲ့တုန်းကလည်း မင်းသား ဘက်က နားလည်မှုတွေ အများကြီးရှိခဲ့တဲ့အတွက် ဝမ်းလည်း ဝမ်းသာမိသလို ကျေနပ်မိတယ်လို့ သူကဆိုပါတယ်။

'' အစ်မအပေါ် အရမ်းကောင်းတဲ့ သူတစ်ယောက်ပါ။ အစ်မကလည်း သူ့အပေါ် အရမ်းကိုလေးစားပါတယ်။ အစ်မနဲ့ ကောလာဟလတွေ ထွက်လာတဲ့အချိန်မှာလည်း အစ်မကတော့ မင်းသားကိုအားနာတာပေါ့။ ကိုယ့်ကြောင့် မင်းသားထိခိုက်မှာကိုလည်း အရမ်းစိုးရိမ်တယ်။ ဒါပေမယ့် မင်းသားကို အစ်မ အရမ်းသဘောကျတာရှိတယ်။ ဒဲ့တိုက်ခိုက်တာတွေ ဒဲ့ပြောတာတွေရှိတယ်။ ဒါပေမယ့် မင်းသားကလေ အစ်မ အပေါ် စိတ်သဘောထားအရမ်းကောင်းတယ် ၊ အဲ့ဒီအတွက် အရမ်းလည်းဝမ်းသာတယ်၊ အရမ်းလည်းကျေနပ်မိတယ်'' လို့ မထက်(Pop Soul) ကပြောပါတယ်။

မထက်(Pop Soul) ဟာ လက်ရှိ မိတ်ကပ်လောကမှာ အောင်မြင်နေသူတစ်ယောက်ပါ။ သူ့အနေနဲ့ အခုဆိုရင် အလှဓာတ်ပုံတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဇာတ်ကားရိုက်တာမျိုးတွေတော့ မလုပ်ဘူးလို့ဆိုပါတယ်။ မထက်ဟာ အခုချိန်ထိ သရုပ်ဆောင် အောင်ရဲလင်းရဲ့ ပင်တိုင် Make up Arist တစ်ဦးအနေနဲ့ ဆောင်ရွက်နေရတာဖြစ်ပါတယ်။

 

[Zawgyi Version]

 

ေအာင္ျမင္တဲ့ မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္တဲ့ မထက္(Pop Soul)တစ္ေယာက္ လတ္တေလာ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ သရုပ္ ေဆာင္ ေအာင္ရဲလင္းရဲ႕ ဓာတ္ပုံေတြကုိ အျမဲတင္ေလ့ရွိပါတယ္။ အရင္တုန္းကလည္း အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ေကာလာဟလထြက္ခဲ့ ဖူးတဲ့ သူတုိ႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကုိလည္း Duwun  Media ရဲ႕ အင္တာဗ်ဴးမွာ ပြင့္ပြင့္လင္းလင္းေျဖဆုိခဲ့ပါတယ္။

'' ကုိေအာင္ရဲလင္းပုံေတြ တင္ျဖစ္တာကလည္း အစ္ကုိက မတင္ဘူးေလ၊ တင္လည္း တစ္ပုံေလးတင္လုိက္ ဆုိေတာ့ အစ္မက အသည္းယား တယ္၊ ပုံေတြကလည္း အစ္မမွာ ရွိေနတာ၊ ဒါေတြကလည္း အစ္မ စီစဥ္ၿပီးရုိက္ထားတာဆုိေတာ့ အစ္မဘာသာ အစ္မ တင္ေနရတာပါ။ အစ္မ တုိ႔ႏွစ္ေယာက္က ၄၊ ၅၊ ၆ ႏွစ္ေပါ့ေနာ္ ေရရွည္ အၿမဲတမ္္း သူ႔ရဲ႕ ပင္တုိင္ Make-up Arist တစ္ေယာက္အေနနဲ႔ လက္ခံထားေပးတဲ့ အတြက္ ကုိလည္း အစ္မက အမ်ားႀကီးေက်းဇူးတင္တယ္၊ ဆံပင္ကုိလည္း သူ႔တစ္ေယာက္တည္းကုိပဲ ညွပ္ေပးျဖစ္တယ္'' ဆုိၿပီးေတာ့ ဇြန္လ ၂၄ ရက္ေန႔က Blanco ရဲ႕ ၈ ႏွစ္ျပည့္ အမွတ္တရပြဲကုိ တက္ေရာက္လာတဲ့ မထက္(Pop Soul) က Duwun Media ရဲ႕ ေမးခြန္းကုိ ေျဖဆုိခဲ့တာပါ။

ခ်စ္သူဆီက မႀကိဳက္တဲ့အခ်က္ေတြေျပာလာတဲ့ မထက္

မထက္(Pop Soul) အေနနဲ႔ သရုပ္ေဆာင္ ေအာင္ရဲလင္းနဲ႔ အလုပ္လုပ္ရတဲ့ အခါမွာ တစ္ေယာက္နဲ႔ တစ္ေယာက္  အျပန္အလွန္ အၾကံဥာဏ္ ေတြ ေပးျဖစ္ပါတယ္တဲ့။

'' အစ္မက အလုပ္နဲ႔ ပတ္သက္လာရင္ မင္းသားကုိ အၾကံဥာဏ္ေလးေတြ ေပးျဖစ္တယ္။ ဒါကုိမႀကိဳက္ဘူးဆုိ မႀကိဳက္ဘူးလုိ႔ပဲ အစ္မက ေျပာတယ္။ ႀကိဳက္တယ္ဆုိ ႀကိဳက္တယ္ေပါ့ ဥပမာ သူ႔ရဲ႕ သရုပ္ေဆာင္မႈေတြမွာလည္း အစ္မက လက္ခံႏုိင္တာလည္းရွိသလုိ လက္မခံႏိုင္တာ ေတြလည္းရွိပါတယ္ အစ္မက ပြင့္လင္းစြာ ေဝဖန္အၾကံေပးတယ္။ အဲ့ဒါေၾကာင့္မုိ႔လုိ႔လား မသိဘူး အစ္မနဲ႔သူနဲ႔ကေတာ့ ပုိၿပီးေတာ့ ရင္းရင္းႏွီးႏွီး ရွိတယ္။ သူကလည္း အစ္မကုိ ဘယ္လုိေလးေတြ လုပ္ၾကည့္ပါလားဆုိတာမ်ဳိးေတြ အၾကံေပးေလ့ရွိပါတယ္။ အစ္မေလးစားရတဲ့ အရာေတြလည္း သူ႔မွာ အမ်ားႀကီးရွိပါတယ္''

 

မင္းသားေအာင္ရဲလင္းနဲ႔ မိတ္ကပ္မထက္(Pop Soul) တုိ႔ရဲ႔ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ေကာလာဟလေတြထြက္ရွိခဲ့တုန္းကလည္း မင္းသား ဘက္က နားလည္မႈေတြ အမ်ားႀကီးရွိခဲ့တဲ့အတြက္ ဝမ္းလည္း ဝမ္းသာမိသလုိ ေက်နပ္မိတယ္လုိ႔ သူကဆုိပါတယ္။

'' အစ္မအေပၚ အရမ္းေကာင္းတဲ့ သူတစ္ေယာက္ပါ။ အစ္မကလည္း သူ႔အေပၚ အရမ္းကုိေလးစားပါတယ္။ အစ္မနဲ႔ ေကာလာဟလေတြ ထြက္လာတဲ့အခ်ိန္မွာလည္း အစ္မကေတာ့ မင္းသားကုိအားနာတာေပါ့။ ကုိယ့္ေၾကာင့္ မင္းသားထိခုိက္မွာကုိလည္း အရမ္းစုိးရိမ္တယ္။ ဒါေပမယ့္ မင္းသားကုိ အစ္မ အရမ္းသေဘာက်တာရွိတယ္။ ဒဲ့တုိက္ခုိက္တာေတြ ဒဲ့ေျပာတာေတြရွိတယ္။ ဒါေပမယ့္ မင္းသားကေလ အစ္မ အေပၚ စိတ္သေဘာထားအရမ္းေကာင္းတယ္ ၊ အဲ့ဒီအတြက္ အရမ္းလည္းဝမ္းသာတယ္၊ အရမ္းလည္းေက်နပ္မိတယ္'' လုိ႔ မထက္(Pop Soul) ကေျပာပါတယ္။

မထက္(Pop Soul) ဟာ လက္ရွိ မိတ္ကပ္ေလာကမွာ ေအာင္ျမင္ေနသူတစ္ေယာက္ပါ။ သူ႔အေနနဲ႔ အခုဆုိရင္ အလွဓာတ္ပုံေတြလည္း ရုိက္ကူးေနရတာကုိေတြ႔ရပါတယ္။ ဒါေပမယ့္ ဇာတ္ကားရုိက္တာမ်ဳိးေတြေတာ့ မလုပ္ဘူးလုိ႔ဆုိပါတယ္။ မထက္ဟာ အခုခ်ိန္ထိ သရုပ္ေဆာင္ ေအာင္ရဲလင္းရဲ႕ ပင္တုိင္ Make up Arist တစ္ဦးအေနနဲ႔ ေဆာင္ရြက္ေနရတာျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs