• Cele Yatkwat
    ဝိညာဉ်တို့၊ ပရလောကတို့ ရှိတာကို ယုံကြည်တယ်ဆိုတဲ့ မင်းမော်ကွန်း
Sabal Thwin
[Unicode Version]

သရုပ်ဆောင်မင်းမော်ကွန်းဟာ ဝိညာဉ်စိမ်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဦးဘသိန်းမောင်ရဲ့ သား ၄ ယောက်ထဲက တစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကား ရိုကကူးရင်းက ပရလောကနဲ့ဆိုင်တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' ကျွန်တော့် ကာရိုက်တာကတာ့ လောင်းကစားဝါသနာပါတဲ့ သားတစ်ယောက်ပါ။ ဒီဇာတ်ကားထဲက ကာရိုက်တာ အပေါ်မှာလည်း စိတ်ကျေနပ်မှု ရှိပါတယ်။ အားလုံးကလည်း တက်ညီလက်ညီ ကြိုးစားထားတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာတော့ ကျွန်တော်က ထူးထူးဆန်းဆန်းတွေ မကြုံလိုက်ဘူး သူများတွေ ကြုံခဲ့ရတယ်လု့ိတော့ ကျွန်တော်ကြားပါတယ်'' ဆိုပြီးတော့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို တက်ရောက်လာတဲ့ မင်းမော်ကွန်းက မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

Min 1.jpg

ပေပေတေတေ အရက်သမားအဖြစ် မြင်ရမယ့် ကျော်ကျော်ဗို  

ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားဟာ ဝိညာဉ်ဘဝကို ရောက်နေတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်ပါတယ်။ ဝိညာဉ်တို့၊ ပရလောကတို့ ရှိတယ်ဆိုတာကိုလည်း မင်းမော်ကွန်းအနေနဲ့ အယုံအကြည်ရှိတယ်လို့ ဆိုပါတယ်။

''ဝိညာဉ်တို့၊  ပရလောက ဆိုတာကလည်း ကျွန်တော်တို့ ဘုရားဟောထားပါတယ်။ ၃၁ ဘုံဆိုတာရှိပါတယ်။ အဲ့ဒီတော့ ကျွန်တော့် အနေနဲ့တော့ အယုံအကြည်ရှိတယ်။ ဒီဇာတ်ကားလေးကလည်း မိဘမေတ္တာကိုဖော်ကျူးတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားလေး ရိုက်တုန်းကလည်း ကျွန်တော်တို့ အားလုံး တက်ညီလက်ညီကြိုးစားထားကြလို့ အကောင်းဆုံးဖြစ်မှာပါ'' လို့ သူကဆိုပါတယ်။

33385737_2041555112729075_1978021826390917120_n.jpg 

ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sence Flim Production က ထုတ်လုပ်ပြီး ဒါရိုက်တာဝင်းထွန်းထွန်းက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးဟာ ချမ်းသာ(ရွှေမန်းသဘင်)ရဲ့ လိပ်ပြာမှာဆိုတဲ့ ဇာတ်လမ်းကို အကယ်ဒမီ ငြိမ်းမင်းက ဇာတ်ညွှန်းပြန်လည်ရေးဖွဲ့ ထားတာပဲဖြစ်ပါတယ်။ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေယံ နဲ့ အကယ်ဒမီစိုးမြတ်သူဇာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္မင္းေမာ္ကြန္းဟာ ဝိညာဥ္စိမ္း ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ဦးဘသိန္းေမာင္ရဲ႕ သား ၄ ေယာက္ထဲက တစ္ေယာက္ အျဖစ္ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကား ႐ို္ကကူးရင္းက ပရေလာကနဲ႔ဆုိင္တဲ့ ထူးထူးဆန္းဆန္းျဖစ္ရပ္ေတြ ျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕အျမင္ကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

'' ကၽြန္ေတာ့္ ကာရုိက္တာကတာ့ ေလာင္းကစားဝါသနာပါတဲ့ သားတစ္ေယာက္ပါ။ ဒီဇာတ္ကားထဲက ကာရုိက္တာ အေပၚမွာလည္း စိတ္ေက်နပ္မႈ ရွိပါတယ္။ အားလုံးကလည္း တက္ညီလက္ညီ ႀကိဳးစားထားတဲ့ ဇာတ္ကားေလးပါ။ ဒီဇာတ္ကားမွာေတာ့ ကၽြန္ေတာ္က ထူးထူးဆန္းဆန္းေတြ မႀကဳံလုိက္ဘူး သူမ်ားေတြ ႀကဳံခဲ့ရတယ္လု႔ိေတာ့ ကၽြန္ေတာ္ၾကားပါတယ္'' ဆုိၿပီးေတာ့ ဝိညာဥ္စိ္မ္း ရုပ္ရွင္ဇာတ္ကား အထူးျပသပြဲကုိ တက္ေရာက္လာတဲ့ မင္းေမာ္ကြန္းက မီဒီယာေတြကုိ ေျပာျပခဲ့တာျဖစ္ပါတယ္။

ေပေပေတေတ အရက္သမားအျဖစ္ ျမင္ရမယ့္ ေက်ာ္ေက်ာ္ဗုိ  

ဝိညာဥ္စိမ္း ရုပ္ရွင္ဇာတ္ကားဟာ ဝိညာဥ္ဘဝကုိ ေရာက္ေနတဲ့ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာကုိ ေဖာ္က်ဴးထားတဲ့ ရုပ္ရွင္ဇာတ္ကား ႀကီးျဖစ္ပါတယ္။ ဝိညာဥ္တုိ႔၊ ပရေလာကတုိ႔ ရွိတယ္ဆုိတာကုိလည္း မင္းေမာ္ကြန္းအေနနဲ႔ အယုံအၾကည္ရွိတယ္လုိ႔ ဆုိပါတယ္။

''ဝိညာဥ္တုိ႔၊  ပရေလာက ဆုိတာကလည္း ကၽြန္ေတာ္တုိ႔ ဘုရားေဟာထားပါတယ္။ ၃၁ ဘုံဆုိတာရွိပါတယ္။ အဲ့ဒီေတာ့ ကၽြန္ေတာ့္ အေနနဲ႔ေတာ့ အယုံအၾကည္ရွိတယ္။ ဒီဇာတ္ကားေလးကလည္း မိဘေမတၱာကုိေဖာ္က်ဴးတဲ့ ဇာတ္ကားပါ။ ဒီဇာတ္ကားေလး ရုိက္တုန္းကလည္း ကၽြန္ေတာ္တုိ႔ အားလုံး တက္ညီလက္ညီႀကိဳးစားထားၾကလုိ႔ အေကာင္းဆုံးျဖစ္မွာပါ'' လို႔ သူကဆုိပါတယ္။

ဝိညာဥ္စိမ္း ရုပ္ရွင္ဇာတ္ကားႀကီးကုိ 7 Sence Flim Production က ထုတ္လုပ္ၿပီး ဒါရိုက္တာဝင္းထြန္းထြန္းက ပုံေဖာ္ရုိက္ကူးထားတာ ျဖစ္ပါ တယ္။ ဒီဇာတ္ကားႀကီးဟာ ခ်မ္းသာ(ေရႊမန္းသဘင္)ရဲ႕ လိပ္ျပာမွာဆုိတဲ့ ဇာတ္လမ္းကုိ အကယ္ဒမီ ျငိမ္းမင္းက ဇာတ္ညႊန္းျပန္လည္ေရးဖြဲ႕ ထားတာပဲျဖစ္ပါတယ္။ ဝိညာဥ္စိမ္း ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ေက်ာ္သူ၊ ရန္ေအာင္၊ မင္းေမာ္ကြန္း၊ ေနမ်ဳိးေအာင္၊ ေက်ာ္ေက်ာ္ဗို၊ ျမင့္ျမတ္၊ ဟိန္းေဝယံ နဲ႔ အကယ္ဒမီစုိးျမတ္သူဇာ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs