• Cele Yatkwat
    ဇနီးနဲ့သမီးလေးတွေ ပြန်လာဖို့ ဘုရား၊တရား လုပ်နေတဲ့ ကျော်ဇင်ထွဋ်
Sabal Thwin
[Unicode Version]

30124353_1887557647930121_506136390474200874_n.jpg 

သရုပ်ဆောင်ကျော်ဇင်ထွဋ်တစ်ယောက် သမီးလေး နှစ်ယောက်နဲ့ ဇနီးဖြစ်သူ ပြန်လာမယ့်ရက် ကို စောင့်မျှော်နေတာဖြစ်ပါတယ်။ အခုချိန် ထိလည်း သူတို့တွေက စိတ်ဆိုးမပြေကြသေးဘူးလို့ ဆိုပါတယ်။ တစ်ချိန်က အပြစ်ပြောခဲ့မိတဲ့ စကားတွေအပေါ် မကျေနပ်တာ တွေရှိသေး လို့များလား ဆိုပြီးတော့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော့် အမျိုးသမီးအသိုင်းအဝိုင်းနဲ့ ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်လို့ ကျွန်တော်မီဒီယာမှာ ပြောလေ့ပြောထရှိတာသိတယ်။ အရင်တစ်ခါပြောတုန်းက ကျွန်တော် မကျေနပ်ချက်တွေများလွန်းတော့ ယောက္ခမကိုလည်း မိဘနေရာမထားမိပဲနဲ့ အပြစ်ပြောသလိုတွေ ကျွန်တော်ပြောခဲ့ဖူးတယ်ပေါ့။ ဒီတစ်ခေါက် သူ့အမေအိမ်ပြန်ရောက်သွားတယ်ဆိုတော့လည်း အဲ့ဒီ စိတ် ကလေးတွေ သူတို့မှာ မကြည်တာ ကျန်လားမသိပါဘူး။ လောလောဆယ်တော့ ကျွန်တော့် မိန်းမက စိတ်ဆိုးမပြေသေးဘူး ဆိုပြီးတော့ ဖုန်းလေးတောင် အဆက်အသွယ် မရပါဘူး။ စကားလည်း ပေးမပြောပါဘူး လူချင်းတွေ့ဖို့ဆိုတာ ဝေးသာဝေးပေါ့'' ဆိုပြီးတော့ ကျော်ဇင်ထွဋ်က ဇွန်လ ၂၉ ရက်နေ့ မနက်က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ငဒူရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်ခဲ့တဲ့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆို ခဲ့တာဖြစ်ပါတယ်။

28951171-1857575870928299-221331280780651587-n.jpg

 

မပြေလည်ကြသေးတဲ့ အခြေအနေမှာရှိတဲ့ ကျော်ဇင်ထွဋ်တို့ မိသားစုလေးဟာ ရပ်ကွက်ရုံးကနေတဆင့် ခေါ်တာတောင် ပြန်မလာကြဘူးလို့ ဆိုပါတယ်။ သူတို့မိသားစုအခြေအနေကတော့  တရားရုံးကနေ ပြောမယ်ဆိုတဲ့ အဆင့်မျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

''အဲ့ဒီလိုလုပ်လို့ ကျွန်တော် မကြိုးစားဘူးလို့တော့ မထင်ပါနဲ့ ရပ်ကွက်ရုံးကနေတဆင့်ခေါ်တာတွေလည်း  ကျွန်တော် လုပ်ပြီးပါပြီ မလာကြ ပါဘူး။ နောက် ဆုံးရှင်းရှင်းပြောရရင် တရားရုံးမှာ ပြောမယ်ဆိုတဲ့ အဆင့်မျိုးဖြစ်နေပါတယ်။ ကျွန်တေ်ာ အဖေတစ်ယောက် အနေနဲ့ မလုပ်လည်း မလုပ်ချင်ဘူး၊ မလုပ်လည်းမလုပ်ရက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်သမီးလေး ၂ ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရုံးရောက် ဂတ်ရောက်နဲ့ တရားခံ တစ်ယောက်လိုမျိုး အဖေကိုချစ်လားဆိုတော့ ချစ်တယ်၊ အဖေက ရိုက်လားဆိုတော့ မရိုက်ဘူး။ အခု ပြန်ပေါင်း ဖို့ ကျတော့ရော ဆိုတော့ သမီးတို့ကြောက်နေသေးတယ်ဆိုပြီး တရားခံလိုမျိုးကြီးဖြေရမှာကို မျက်လုံးထဲမှာ ပြန်မြင်ပြီးတော့ ကျွန်တော် မလုပ်ရက်ပါဘူး။ အခုတော့ ကျွန်တော် ဘုရားရှိခိုးတယ်၊ စိတ်ပုတီးတွေ စိတ်တယ်။ အဓိဋ္ဌာန်တွေဝင်တယ်။ တရားတွေထိုင်တယ်။ ကျွန်တော့် မိန်းမနဲ့ ကျွန်တော့် သမီးလေးတွေ စိတ်ဆိုးပြေပြီးတော့ ကျွန်တော့်ဆီ ပြန်လာပါစေလို့ပဲ ဆုတောင်းနေပါတယ်'' လို့ သူကဆိုပါတယ်။

26165600_1782917138394173_6654658145780835274_n.jpg 

ကျော်ဇင်ထွဋ်ရဲ့ မိသားစုအခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော၊  အနုပညာညီအစ်ကိုမောင်နှမတွေကပါ စိတ်မကောင်းဖြစ်နေကြတာ ကိုတွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း သူအရမ်းချစ်ရတဲ့ မိသားစုလေးနဲ့ ဝေးကွာခဲ့ရလို့ အရမ်းကို ပူဆွေးသောက ရောက်နေတာ ကိုလည်း တွေ့ရမှာပါ။ကျော်ဇင်ထွဋ်ဟာ ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်း၊ဗီလိန် တစ်ယောက်လို သရုပ်ဆောင်ရပြီး ပရိသတ်တွေရဲ့ ချစ်တာတစ်မျိုး၊ မုန်းတာ တစ်လှည့် အကြိုက်မျိုးစုံ ဝေဖန်ခံရတဲ့ ကျော်ဇင်ထွဋ်ဟာ သမီး ၂ ယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။

 

[Zawgyi Version]

 

သရုပ္ေဆာင္ေက်ာ္ဇင္ထြဋ္တစ္ေယာက္ သမီးေလး ႏွစ္ေယာက္နဲ႔ ဇနီးျဖစ္သူ ျပန္လာမယ့္ရက္ ကုိ ေစာင့္ေမွ်ာ္ေနတာျဖစ္ပါတယ္။ အခုခ်ိန္ ထိလည္း သူတုိ႔ေတြက စိတ္ဆုိးမေျပၾကေသးဘူးလုိ႔ ဆုိပါတယ္။ တစ္ခ်ိန္က အျပစ္ေျပာခဲ့မိတဲ့ စကားေတြအေပၚ မေက်နပ္တာ ေတြရွိေသး လုိ႔မ်ားလား ဆုိၿပီးေတာ့ Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' ကၽြန္ေတာ့္ အမ်ဳိးသမီးအသုိင္းအဝုိင္းနဲ႔ ကၽြန္ေတာ့္အမ်ဳိးသမီးနဲ႔ ပတ္သက္လုိ႔ ကၽြန္ေတာ္မီဒီယာမွာ ေျပာေလ့ေျပာထရွိတာသိတယ္။ အရင္တစ္ခါေျပာတုန္းက ကၽြန္ေတာ္ မေက်နပ္ခ်က္ေတြမ်ားလြန္းေတာ့ ေယာကၡမကုိလည္း မိဘေနရာမထားမိပဲနဲ႔ အျပစ္ေျပာသလုိေတြ ကၽြန္ေတာ္ေျပာခဲ့ဖူးတယ္ေပါ့။ ဒီတစ္ေခါက္ သူ႔အေမအိမ္ျပန္ေရာက္သြားတယ္ဆုိေတာ့လည္း အဲ့ဒီ စိတ္ ကေလးေတြ သူတုိ႔မွာ မၾကည္တာ က်န္လားမသိပါဘူး။ ေလာေလာဆယ္ေတာ့ ကၽြန္ေတာ့္ မိန္းမက စိတ္ဆုိးမေျပေသးဘူး ဆုိၿပီးေတာ့ ဖုန္းေလးေတာင္ အဆက္အသြယ္ မရပါဘူး။ စကားလည္း ေပးမေျပာပါဘူး လူခ်င္းေတြ႔ဖုိ႔ဆုိတာ ေဝးသာေဝးေပါ့'' ဆုိၿပီးေတာ့ ေက်ာ္ဇင္ထြဋ္က ဇြန္လ ၂၉ ရက္ေန႔ မနက္က သမၼတရုပ္ရွင္ရုံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ငဒူရုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကုိ တက္ေရာက္ခဲ့တဲ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိ ခဲ့တာျဖစ္ပါတယ္။

 

မေျပလည္ၾကေသးတဲ့ အေျခအေနမွာရွိတဲ့ ေက်ာ္ဇင္ထြဋ္တုိ႔ မိသားစုေလးဟာ ရပ္ကြက္ရုံးကေနတဆင့္ ေခၚတာေတာင္ ျပန္မလာၾကဘူးလုိ႔ ဆုိပါတယ္။ သူတုိ႔မိသားစုအေျခအေနကေတာ့  တရားရုံးကေန ေျပာမယ္ဆုိတဲ့ အဆင့္မ်ဳိးျဖစ္ေနတယ္လုိ႔ ဆုိပါတယ္။

''အဲ့ဒီလုိလုပ္လုိ႔ ကၽြန္ေတာ္ မႀကိဳးစားဘူးလုိ႔ေတာ့ မထင္ပါနဲ႔ ရပ္ကြက္ရုံးကေနတဆင့္ေခၚတာေတြလည္း  ကၽြန္ေတာ္ လုပ္ၿပီးပါၿပီ မလာၾက ပါဘူး။ ေနာက္ ဆုံးရွင္းရွင္းေျပာရရင္ တရားရုံးမွာ ေျပာမယ္ဆုိတဲ့ အဆင့္မ်ဳိးျဖစ္ေနပါတယ္။ ကၽြန္ေတ္ာ အေဖတစ္ေယာက္ အေနနဲ႔ မလုပ္လည္း မလုပ္ခ်င္ဘူး၊ မလုပ္လည္းမလုပ္ရက္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ကၽြန္ေတာ့္သမီးေလး ၂ ေယာက္က ငယ္ငယ္ရြယ္ရြယ္နဲ႔ ရုံးေရာက္ ဂတ္ေရာက္နဲ႔ တရားခံ တစ္ေယာက္လုိမ်ဳိး အေဖကုိခ်စ္လားဆုိေတာ့ ခ်စ္တယ္၊ အေဖက ရုိက္လားဆုိေတာ့ မရုိက္ဘူး။ အခု ျပန္ေပါင္း ဖုိ႔ က်ေတာ့ေရာ ဆုိေတာ့ သမီးတုိ႔ေၾကာက္ေနေသးတယ္ဆုိၿပီး တရားခံလုိမ်ဳိးႀကီးေျဖရမွာကုိ မ်က္လုံးထဲမွာ ျပန္ျမင္ၿပီးေတာ့ ကၽြန္ေတာ္ မလုပ္ရက္ပါဘူး။ အခုေတာ့ ကၽြန္ေတာ္ ဘုရားရွိခုိးတယ္၊ စိတ္ပုတီးေတြ စိတ္တယ္။ အဓိ႒ာန္ေတြဝင္တယ္။ တရားေတြထုိင္တယ္။ ကၽြန္ေတာ့္ မိန္းမနဲ႔ ကၽြန္ေတာ့္ သမီးေလးေတြ စိတ္ဆိုးေျပၿပီးေတာ့ ကၽြန္ေတာ့္ဆီ ျပန္လာပါေစလုိ႔ပဲ ဆုေတာင္းေနပါတယ္'' လုိ႔ သူကဆုိပါတယ္။

 

ေက်ာ္ဇင္ထြဋ္ရဲ႕ မိသားစုအေျခအေနနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြေရာ၊  အႏုပညာညီအစ္ကုိေမာင္နွမေတြကပါ စိတ္မေကာင္းျဖစ္ေနၾကတာ ကုိေတြ႔ရပါတယ္။ သူကုိယ္တုိင္ကလည္း သူအရမ္းခ်စ္ရတဲ့ မိသားစုေလးန႔ဲ ေဝးကြာခဲ့ရလုိ႔ အရမ္းကုိ ပူေဆြးေသာက ေရာက္ေနတာ ကုိလည္း ေတြ႔ရမွာပါ။ေက်ာ္ဇင္ထြဋ္ဟာ ရုပ္ရွင္ဇာတ္ကားနဲ႔ ဗီဒီယုိဇာတ္ကားေတြမွာ လူၾကမ္း၊ဗီလိန္ တစ္ေယာက္လို သရုပ္ေဆာင္ရၿပီး ပရိသတ္ေတြရဲ႕ ခ်စ္တာတစ္မ်ဳိး၊ မုန္းတာ တစ္လွည့္ အႀကိဳက္မ်ဳိးစုံ ေ၀ဖန္ခံရတဲ့ ေက်ာ္ဇင္ထြဋ္ဟာ သမီး ၂ ေယာက္ရဲ႕ ဖခင္လည္းျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs