• Cele Yatkwat

    အကယ်ဒမီကို စိတ်မကူးတော့ဘူးဆိုတဲ့ ဟိန်းမင်း

Sabal Thwin
[Unicode Version]

26906977_328330717680776_6927946747863433753_n.jpg

Photo: Hein Min Fb

 

ဇာတ်ပို့သရုပ်ဆောင်ဟိန်းမင်းတစ်ယောက် အကယ်ဒမီနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ သိပ်မရှိတော့ဘူးလို့ ပြောလာပါတယ်။ မျှမျှတတ မရှိတဲ့ အကယ်ဒမီကိုလည်း မမှန်းတော့ဘူးလို့ ဆိုပါတယ်။ ဇာတ်ပို့ဇာတ်ရံတွေ ဘယ်လောက်ကြိုးစားပါစေ ညီညီမျှမျှ မရှိတဲ့ အကယ်ဒမီကိုတော့ စိတ်ကူးထဲမထားတော့ဘူးဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အကယ်ဒမီကတော့ ကျွန်တော့်စိတ်ထဲမှာ သိပ်မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ မမျှမှ မမျှတတာ။ အကယ်ဒမီကို မမှန်းတော့ဘူး။ မှန်းစရာအကြောင်းလဲမရှိတော့ဘူး။ ကျွန်တော်တို့ ဇာတ်ပို့ဇာတ်ရံတွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဒီအကယ်ဒမီဆိုတာ မျှမှ မမျှတ တာ ညီမှမညီမျှတာ အဲ့ဒီတော့ ပရိသတ် အားပေးတဲ့ ဆုကိုပဲယူမယ်။ အကယ်ဒမီကိုတော့ စိတ်ထဲမှာ စိတ်မကူးတော့ဘူး'' လို့ ဆိုပါတယ်။

16265450_109470312900152_2824207800475216974_n.jpg

Photo: Hein Min Fb

ဇာတ်ရံဆု တက်လာမှသာ မျှော်မှန်းလို့ရမယ်ဆိုတဲ့ ဟိန်းမင်းရဲ့ ခံစားချက်  

ဇာတ်ပို့၊ ဇာတ်ဆောင် ခွဲခြားထားပေမယ့် အကယ်ဒမီဆုကိုလည်း ခွဲခြားထားရမယ်လေလို့ ဦးဟိန်းမင်းက ရင်ဖွင့်ပြောပြလာပါတယ်။

'' သူတို့ကိုယ်တိုင်က ဇာတ်ပို့နဲ့ ဇာတ်ဆောင်ဆိုပြီးတော့ ခွဲခြားထားတာလေ။ ခွဲခြားထားပြီး ပေးတဲ့အခါမှာ ဆုဆိုတာကတော့ ဇာတ်ပို့က ဇာတ်ပို့၊ ဇာတ်ဆောင်က ဇာတ်ဆောင် ခွဲခြားထားရမယ်လေ။ ဇာတ်ဆောင်ကတော့ ဘာပဲဖြစ်ဖြစ် သူတို့ပေးရင်တော့ ယူကြမှာပဲ။ ဒါပေမယ့် သူတို့ သိထားဖို့က ဇာတ်ပို့နဲ့ ဇာတ်ဆောင်နဲ့ကို တစ်သီးတခြား သိဖို့တော့လိုတာပေါ့'' လို့ သူကဆိုပါတယ်။

27545197-350508182091865-4129033459997678232-n.jpg

Photo: Hein Min Fb

 

ဇာတ်ပို့ ဇာတ်ရံတွေအနေနဲ့ ဇာတ်ကားကောင်းကောင်း၊ ကာရိုက်တာကောင်းကောင်းရိုက်ရဖို့ဆိုတာ ဆယ်နှစ်နေလို့မှ တစ်ကားရိုက်ချင်မှ ရိုက်ရတာ လို့ ဆိုပါတယ်။

'' ရုပ်ရှင်အစည်းအရုံးမှာကအစ အလွှာတွေ အသီးသီးခွဲထားကြတာလေ။ ဇာတ်ပို့ရယ်၊ ဇာတ်ရံရယ်၊ ဇာတ်ဆောင်ရယ်၊ စက်မှုအပိုင်းရယ် အကုန်ခွဲခြားထားတာလေ။ အခု အဲ့ဒီခွဲခြားမှုတွေက အရာမထင်ဘူးဖြစ်တာပေါ့။ အစ်ကိုတို့ ဇာတ်ပို့ ဇာတ်ရံတွေက အမြဲတမ်းနစ်နာတယ်။ ဇာတ်ပို့ ဇာတ်ရံတွေဆိုတာက ဒီလိုနေရာမျိုးကို တစ်နှစ်နေလို့မှ တစ်ကားရိုက်ချင်မှ ရိုက်ရမှာ။ ၁၀နှစ်နေမှ တစ်ကား ရချင်မှ ရမှာ။ အဲ့ဒီတော့ ဦးဟိန်းမင်းတို့ ဇာတ်ပို့ ဇာတ်ရံတွေအတွက်ကတော့ အကယ်ဒမီနဲ့ ပတ်သက်လို့ မျှော်လင့်ချက်ကတော့ မထားတော့ဘူး။အဲ့ဒါကြောင့် ပရိသတ်ပေးတဲ့ ဆုရယ်၊ ပရိသတ်အားပေးမှုရယ်ကို ရလည်း ရပြီးပြီ ယူလည်း ယူပြီးပြီ။ အဲ့ဒါကိုပဲ သဘောကျတယ်'' ဆိုပြီးတော့ Duwun  Media ကိုပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ဟိန်းမင်းကိုတော့ ပရိသတ်တွေက ကျွန်ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာနဲ့ အကောင်းဆုံးဇာတ်ပို့ ဆုရှင်တစ်ယောက် အဖြစ်မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ ထပ်တူမကျခဲ့တာကြောင့် စိတ်မကောင်းဖြစ်ကြရပါတယ်။ ဟိန်းမင်း အနေနဲ့ စိတ်ဓာတ်လျှော့ကျသွားမှာမဟုတ်ပဲ အနုပညာအလုပ်ကို ထပ်မံကြိုးစားသွားမယ်လို့ ဆိုပါတယ်။

 

[Zawgyi Version]

Photo: Hein Min Fb

 

ဇာတ္ပုိ႔သရုပ္ေဆာင္ဟိန္းမင္းတစ္ေယာက္ အကယ္ဒမီနဲ႔ ပတ္သက္ၿပီး စိတ္ထဲမွာ သိပ္မရွိေတာ့ဘူးလုိ႔ ေျပာလာပါတယ္။ မွ်မွ်တတ မရွိတဲ့ အကယ္ဒမီကုိလည္း မမွန္းေတာ့ဘူးလုိ႔ ဆုိပါတယ္။ ဇာတ္ပုိ႔ဇာတ္ရံေတြ ဘယ္ေလာက္ႀကိဳးစားပါေစ ညီညီမွ်မွ် မရွိတဲ့ အကယ္ဒမီကုိေတာ့ စိတ္ကူးထဲမထားေတာ့ဘူးဆုိၿပီးေတာ့ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' အကယ္ဒမီကေတာ့ ကၽြန္ေတာ့္စိတ္ထဲမွာ သိပ္မရွိေတာ့ဘူး။ ဘာေၾကာင့္လဲဆုိေတာ့ မမွ်မွ မမွ်တတာ။ အကယ္ဒမီကုိ မမွန္းေတာ့ဘူး။ မွန္းစရာအေၾကာင္းလဲမရွိေတာ့ဘူး။ ကၽြန္ေတာ္တုိ႔ ဇာတ္ပုိ႔ဇာတ္ရံေတြ ဘယ္ေလာက္ပဲ ႀကိဳးစား ႀကိဳးစား ဒီအကယ္ဒမီဆုိတာ မွ်မွ မမွ်တ တာ ညီမွမညီမွ်တာ အဲ့ဒီေတာ့ ပရိသတ္ အားေပးတဲ့ ဆုကုိပဲယူမယ္။ အကယ္ဒမီကိုေတာ့ စိတ္ထဲမွာ စိတ္မကူးေတာ့ဘူး'' လုိ႔ ဆုိပါတယ္။

Photo: Hein Min Fb

ဇာတ္ရံဆု တက္လာမွသာ ေမွ်ာ္မွန္းလုိ႔ရမယ္ဆုိတဲ့ ဟိန္းမင္းရဲ႔ ခံစားခ်က္  

ဇာတ္ပုိ႔၊ ဇာတ္ေဆာင္ ခြဲျခားထားေပမယ့္ အကယ္ဒမီဆုကုိလည္း ခြဲျခားထားရမယ္ေလလုိ႔ ဦးဟိန္းမင္းက ရင္ဖြင့္ေျပာျပလာပါတယ္။

'' သူတုိ႔ကုိယ္တုိင္က ဇာတ္ပုိ႔နဲ႔ ဇာတ္ေဆာင္ဆုိၿပီးေတာ့ ခြဲျခားထားတာေလ။ ခြဲျခားထားၿပီး ေပးတ့ဲအခါမွာ ဆုဆုိတာကေတာ့ ဇာတ္ပို႔က ဇာတ္ပုိ႔၊ ဇာတ္ေဆာင္က ဇာတ္ေဆာင္ ခြဲျခားထားရမယ္ေလ။ ဇာတ္ေဆာင္ကေတာ့ ဘာပဲျဖစ္ျဖစ္ သူတုိ႔ေပးရင္ေတာ့ ယူၾကမွာပဲ။ ဒါေပမယ့္ သူတုိ႔ သိထားဖုိ႔က ဇာတ္ပုိ႔နဲ႔ ဇာတ္ေဆာင္နဲ႔ကုိ တစ္သီးတျခား သိဖုိ႔ေတာ့လုိတာေပါ့'' လုိ႔ သူကဆုိပါတယ္။

Photo: Hein Min Fb

 

ဇာတ္ပုိ႔ ဇာတ္ရံေတြအေနနဲ႔ ဇာတ္ကားေကာင္းေကာင္း၊ ကာရုိက္တာေကာင္းေကာင္းရုိက္ရဖုိ႔ဆုိတာ ဆယ္ႏွစ္ေနလုိ႔မွ တစ္ကားရုိက္ခ်င္မွ ရုိက္ရတာ လုိ႔ ဆုိပါတယ္။

'' ရုပ္ရွင္အစည္းအရုံးမွာကအစ အလႊာေတြ အသီးသီးခြဲထားၾကတာေလ။ ဇာတ္ပုိ႔ရယ္၊ ဇာတ္ရံရယ္၊ ဇာတ္ေဆာင္ရယ္၊ စက္မႈအပုိင္းရယ္ အကုန္ခြဲျခားထားတာေလ။ အခု အဲ့ဒီခြဲျခားမႈေတြက အရာမထင္ဘူးျဖစ္တာေပါ့။ အစ္ကုိတုိ႔ ဇာတ္ပုိ႔ ဇာတ္ရံေတြက အျမဲတမ္းနစ္နာတယ္။ ဇာတ္ပုိ႔ ဇာတ္ရံေတြဆုိတာက ဒီလုိေနရာမ်ဳိးကုိ တစ္ႏွစ္ေနလုိ႔မွ တစ္ကားရုိက္ခ်င္မွ ရုိက္ရမွာ။ ၁၀ႏွစ္ေနမွ တစ္ကား ရခ်င္မွ ရမွာ။ အဲ့ဒီေတာ့ ဦးဟိန္းမင္းတုိ႔ ဇာတ္ပုိ႔ ဇာတ္ရံေတြအတြက္ကေတာ့ အကယ္ဒမီနဲ႔ ပတ္သက္လို႔ ေမွ်ာ္လင့္ခ်က္ကေတာ့ မထားေတာ့ဘူး။အဲ့ဒါေၾကာင့္ ပရိသတ္ေပးတ့ဲ ဆုရယ္၊ ပရိသတ္အားေပးမႈရယ္ကုိ ရလည္း ရၿပီးၿပီ ယူလည္း ယူၿပီးၿပီ။ အဲ့ဒါကုိပဲ သေဘာက်တယ္'' ဆုိၿပီးေတာ့ Duwun  Media ကုိေျပာျပခဲ့ပါတယ္။

သရုပ္ေဆာင္ဟိန္းမင္းကုိေတာ့ ပရိသတ္ေတြက ကၽြန္ရုပ္ရွင္ဇာတ္ကားထဲက ကာရုိက္တာနဲ႔ အေကာင္းဆုံးဇာတ္ပုိ႔ ဆုရွင္တစ္ေယာက္ အျဖစ္ေမွ်ာ္လင့္ထားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႔ ထပ္တူမက်ခဲ့တာေၾကာင့္ စိတ္မေကာင္းျဖစ္ၾကရပါတယ္။ ဟိန္းမင္း အေနနဲ႔ စိတ္ဓာတ္ေလ်ွာ့က်သြားမွာမဟုတ္ပဲ အႏုပညာအလုပ္ကုိ ထပ္မံႀကိဳးစားသြားမယ္လုိ႔ ဆုိပါတယ္။

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs