• Cele Yatkwat
    အောင်လပွဲမသွားခင် ခင်ပွန်းနဲ့ စကားများခဲ့တဲ့ စန္ဒီမြင့်လွင်
Ei Ei Myat
[Unicode Version]

36404736_2097190643827646_3018838469754486784_n.jpg

Photo : စန္ဒီမြင့်လွင် FB

 

အဆိုတော် စန္ဒီမြင့်လွင်က ဇွန်လ(၂၉)ရက်နေ့က ကျင်းပတဲ့ MMA ONE Championship မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကာ ကွယ်ပွဲမသွားခင်မှာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ စကားများခဲ့ကြတယ်တဲ့။ အရမ်းကို ချစ်ကြတဲ့ သူတို့နှစ်ယောက်မှာ စကားများတယ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ဒီနေ့(ဇွန်လ၃၀)မှာတော့ ခင်ပွန်းဖြစ်သူနဲ့ စကားများတဲ့အကြောင်းကို စန္ဒီမြင့်လွင်က ယခုလို ပြောပြထားတာ တွေ့ရပါတယ်။

"အော် မနေ့ကကိုသီဟနဲ့အောင်လပွဲမသွားခင်ကားပေါ်စကားများကြတာရယ်ရတယ်။ ကလေးမွေးရင်သူကဘယ်ကျောင်းထားမယ် ကိုယ်ကဘယ်ကျောင်းထားမယ်နဲ့အာ့နဲ့ဘယ်မှာလဲကလေးလို့  မွေးပြီးလဲ၅နှစ်နေမှကျောင်းထားရမှာခုကထဲကကြိုရန်ဖြစ်နေပြီ"ဆိုပြီး သူမရဲ့ အကောင့်မှာ ရေးသားထားတာပါ။

36383566_2097190717160972_540914104018141184_n.jpg

Photo : စန္ဒီမြင့်လွင် FB

ပရဟိတ အလှူလုပ်ရင်း အပျော်ကြီးပျော်နေတဲ့ စန္ဒီမြင့်လွင် 

ပရိသတ်တွေက သူတို့နှစ်ယောက်စကားများကြတယ်ဆိုလို့ အံ့သြနေကြတာပါ။ ကလေးလေးကိစ္စနဲ့ ငြင်းခုန်ခဲ့တဲ့ အကြောင်းလေးကို ရယ်စရာလေးအဖြစ် ပရိသတ်တွေ ပြန်ပြောပေးထားတဲ့ စာလေးကို ဖတ်ရတာ  ကြည်နူးဖို့ ကောင်းလှပါတယ်။သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ကို အားလုံးက အားကျနေကြပါတယ်။

ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ စန္ဒီမြင့်လွင်တို့ စုံတွဲလေးဟာ အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူလေးပါ။ စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။

ချစ်သူသက် တမ်း တစ်နှစ်ခွဲမှာ မင်္ဂလာပွဲလေးကို စီစဉ်ခဲ့တာ ဖြစ်ပြီး ချစ်သူကောင်လေးကတော့ သူမအပေါ် သဘောထားကြီး နားလည်ပေးတယ်လို့ ဆိုပါတယ်။

35224856_2082481988631845_8843405900904398848_n.jpg

Photo : စန္ဒီမြင့်လွင် FB

 

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

[Zawgyi Version]


 









 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs