• Cele Yatkwat
    ဈေးကွက်မှာပြန့်နေတဲ့ ဥပါယ်တံမျဉ်ဇာတ်ကားအပေါ် ဇဏ်ခီရဲ့တုန့်ပြန်မှု
Ei Ei Myat
[Unicode Version]

27337345_890539481107814_7898062414044182833_n.jpg

Photo: ဇဏ်ခီဖေ့စ်ဘွတ်

 

ပရိသတ်တွေရဲ့ အချစ်တော် ဒါရိုက်တာခရစ္စတီးနားခီ ရိုက်ကူးပြီး ဇဏ်ခီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ HD(အကြည်) ကတော့ အွန်လိုင်း ပေါ်မှာရော အပြင်အခွေရောင်းတဲ့နေရာတွေမှာပါ ပျံ့နေပြီလို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဇဏ်ခီက အခုလို ပြောလာပါတယ်။

''ဥပါယ်တံမျဉ် ဇာတ်ကား HD (အကြည်) လိုင်းပေါ်မှာပျံ့နေပါပြီ။ ဈေးတစ်ချို့မှာလဲ အခွေအနေနဲ့တောင်ရောင်းနေကြပြီလို့လဲ ကြားရပါတယ်။ ချစ်ခင်လေးစားရသောမိတ်ဆွေများ ပြောင်းလဲမှုကိုတကယ်လိုလားရင် မရှယ်ကြပါနဲ့။ မကြည့်ကြပါနဲ့။ ကျနော်တို့အနေနဲ့ တော့ လုပ်စရာရှိ တာဆက်လုပ်သွားမှာပါ။ ဥပဒေ တစ်ခု အစစ်အမှန်ပေါ်လာဖို့ အကြောင်းတွေ ဖန်တီးလာပြီထင်တယ်'' ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

6.JPG

Photo: ဇဏ်ခီဖေ့စ်ဘွတ်

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ရင်ဖွင့်ရေးသားခဲ့ပါတယ်။

'' ကျမရဲ့ရုပ်ရှင် online မှာ စပြန့်လာပါတယ်။ အနုပညာနဲ့ပက်သက်ရင် ကျမ ရိုးသားပြီး ရုန်းကန်ခဲ့ရတဲ့အလုပ်တခုဖြစ်နေတဲ့အတွက် ကျမအနေနဲ့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။စဖြန့်တဲ့ သူကိုလည်း ကျမ screen shot ယူထားပါတယ်။ ရှေ့လျှောက် ဘာဆက်လုပ် မယ်ဆိုတာ post ထပ်တင်ပေးပါမယ်'' ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီ ၀၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ ပါတယ်။

 စင်္ကာပူနိုင်ငံအထိ ခြေဆန့်ကြမယ့် ဥပါယ်တံမျဉ် အဖွဲ့သားများ

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးဟာ  ပရိသတ်တွေမြင်နေကျ မြန်မာဇာတ်ကားတွေထဲက ခွဲထွက်သွားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကား နမူနာ ထွက်ချိန်မှာပရိသတ်တွေက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကားတစ်ကားလို့ ထင်ခဲ့ကြပေမယ့်လည်း တကယ်တမ်း ဇာတ်ကားတစ်ခုလုံးကို ကြည့်တဲ့အချိန်မှာ လှည့်ကွက်တွေများစွာ သုံးထားတာကို တွေ့မြင်ရပါတယ်။

32416412_10216434339836587_8181019835308703744_n.jpg

Photo: ဇဏ်ခီဖေ့စ်ဘွတ်

 

ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇဏ်ခီနဲ့ အောင်မြင့်မြတ် တို့က ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တာပါ။ ဇဏ်ခီဟာလည်း သူသရုပ်ဆောင်ရတဲ့ကာရိုက်တာနဲ့ လိုက်ဖက် ညီအောင် ကြိုးစားနိုင်ခဲ့သလို အောင်မြင့်မြတ်ဟာလည်း သူ့ရဲ့ ကာရိုက်တာကို အပိုအလိုမရှိအောင် သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို အမျိုးသမီးဒါရိုက်တာ  ခရစ်(စ)တီးနားခီက ရိုက်ကူးတာဖြစ်ပြီး ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ ထိုင်းမင်းသမီး လေး Kaew Korravee ၊ မင်းဦး၊ ခြူးစစ်ဟန်၊ ကျော်ကိုကိုဝေတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

[Zawgyi Version]

Photo: ဇဏ္ခီေဖ့စ္ဘြတ္

 

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ဒါရုိက္တာခရစၥတီးနားခီ ရုိက္ကူးၿပီး ဇဏ္ခီ ပါဝင္သရုပ္ေဆာင္ထားတဲ့ ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကားႀကီးရဲ႕ HD(အၾကည္) ကေတာ့ အြန္လုိင္း ေပၚမွာေရာ အျပင္အေခြေရာင္းတဲ့ေနရာေတြမွာပါ ပ်ံ႕ေနၿပီလုိ႔ သိရပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ဇဏ္ခီက အခုလုိ ေျပာလာပါတယ္။

''ဥပါယ္တံမ်ဥ္ ဇာတ္ကား HD (အၾကည္) လိုင္းေပၚမွာပ်ံ႕ေနပါၿပီ။ ေစ်းတစ္ခ်ိဳ႕မွာလဲ အေခြအေနနဲ႔ေတာင္ေရာင္းေနၾကၿပီလို႔လဲ ၾကားရပါတယ္။ ခ်စ္ခင္ေလးစားရေသာမိတ္ေဆြမ်ား ေျပာင္းလဲမႈကိုတကယ္လိုလားရင္ မရွယ္ၾကပါနဲ႔။ မၾကည့္ၾကပါနဲ႔။ က်ေနာ္တို႔အေနနဲ႔ ေတာ့ လုပ္စရာရွိ တာဆက္လုပ္သြားမွာပါ။ ဥပေဒ တစ္ခု အစစ္အမွန္ေပၚလာဖို႔ အေၾကာင္းေတြ ဖန္တီးလာၿပီထင္တယ္'' ဆုိၿပီးေတာ့ ဇြန္လ ၃၀ ရက္ေန႔ ည ၉ နာရီ ၅၀ မိနစ္က သူ႔ရဲ႔ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Photo: ဇဏ္ခီေဖ့စ္ဘြတ္

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဒါရုိက္တာ ခရစၥတီးနားခီကလည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေနတဆင့္ ရင္ဖြင့္ေရးသားခဲ့ပါတယ္။

'' က်မရဲ႕႐ုပ္ရွင္ online မွာ စျပန္႕လာပါတယ္။ အႏုပညာနဲ႕ပက္သက္ရင္ က်မ ႐ိုးသားၿပီး ႐ုန္းကန္ခဲ့ရတဲ့အလုပ္တခုျဖစ္ေနတဲ့အတြက္ က်မအေနနဲ႕ ေတာ္ေတာ္စိတ္မေကာင္းျဖစ္ရပါတယ္။စျဖန္႔တဲ့ သူကိုလည္း က်မ screen shot ယူထားပါတယ္။ ေရွ႕ေလွ်ာက္ ဘာဆက္လုပ္ မယ္ဆိုတာ post ထပ္တင္ေပးပါမယ္'' ဆုိၿပီးေတာ့ ဇြန္လ ၃၀ ရက္ေန႔ ည ၈ နာရီ ၀၉ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ ပါတယ္။

 စကၤာပူႏုိင္ငံအထိ ေျခဆန္႔ၾကမယ့္ ဥပါယ္တံမ်ဥ္ အဖြဲ႕သားမ်ား

ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကားႀကီးဟာ  ပရိသတ္ေတြျမင္ေနက် ျမန္မာဇာတ္ကားေတြထဲက ခြဲထြက္သြားတဲ့ ရုပ္ရွင္ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္ကား နမူနာ ထြက္ခ်ိန္မွာပရိသတ္ေတြက အိမ္ေထာင္ေရးေဖာက္ျပန္တဲ့ ဇာတ္ကားတစ္ကားလို႕ ထင္ခဲ့ၾကေပမယ့္လည္း တကယ္တမ္း ဇာတ္ကားတစ္ခုလံုးကို ၾကည့္တဲ့အခ်ိန္မွာ လွည့္ကြက္ေတြမ်ားစြာ သံုးထားတာကို ေတြ႕ျမင္ရပါတယ္။

Photo: ဇဏ္ခီေဖ့စ္ဘြတ္

 

ပရိသတ္မ်ားရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့တဲ့ ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္ခဲ့တဲ့ သရုပ္ေဆာင္ေတြျဖစ္ၾကတဲ့ ဇဏ္ခီနဲ႕ ေအာင္ျမင့္ျမတ္ တို႕က ပရိသတ္အားေပးမႈကုိ တစ္ခဲနက္ ရရွိခဲ့တာပါ။ ဇဏ္ခီဟာလည္း သူသရုပ္ေဆာင္ရတဲ့ကာရိုက္တာနဲ႕ လိုက္ဖက္ ညီေအာင္ ႀကိဳးစားႏုိင္ခဲ့သလို ေအာင္ျမင့္ျမတ္ဟာလည္း သူ႕ရဲ႕ ကာရိုက္တာကို အပိုအလိုမရွိေအာင္ သရုပ္ေဆာင္ႏုိင္ခဲ့သူ ျဖစ္ပါတယ္။

ဒီရုပ္ရွင္ဇာတ္ကားႀကီးကုိ အမ်ဳိးသမီးဒါရိုက္တာ  ခရစ္(စ)တီးနားခီက ရိုက္ကူးတာျဖစ္ၿပီး ဇဏ္ခီ၊ သက္မြန္ျမင့္၊ ေအာင္ျမင့္ျမတ္၊ ထုိင္းမင္းသမီး ေလး Kaew Korravee ၊ မင္းဦး၊ ျခဴးစစ္ဟန္၊ ေက်ာ္ကိုကိုေဝတို႕က အဓိက ပါဝင္သရုပ္ေဆာင္ ထားတာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs