• Cele Yatkwat
    ခင်ပွန်းက သိတတ်လိမ္မာလို့ စိတ်ရောလူရော ချမ်းသာနေရတဲ့ စမိုင်းလ်
Ei Ei Myat
[Unicode Version]

ပြီးပြည့်စုံပြီး သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်တို့မိသားစုလေးဟာ လွယ်လွယ်နဲ့ ဒီလို ဘဝမျိုးကို ရောက်ရှိခဲ့ကြတာမဟုတ်ပါဘူး။ ခင်ပွန်းနဲ့အတူ ရုန်းကန်ပြီး ဘဝကို ကြိုးစားခဲ့ရပုံနဲ့ ခင်ပွန်းဖြစ်သူရဲ့ သိတတ်မှုတွေကို ကျေးဇူးတင်စွာနဲ့ စမိုင်းလ်က ပြောပြခဲ့ပါတယ်။

36347099_1970226553011860_2059572938830512128_n.jpg 

သရုပ်ဆောင် စမိုင်းလ်ဟာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။  ခင်ပွန်းရဲ့ ချစ်ခင်မှု သမီးလေးတွေရဲ့ လေးစားမှု တွေနဲ့ အတူ ပြည့်စုံလှတဲ့ သူမရဲ့ ဘဝလေးဟာ ပြီးပြည့်စုံပြီး ပျော်ရွှင်ဖို့ ကောင်းလှပါတယ်။ သူမတို့အနေနဲ့ ပြီးပြည့်စုံ တဲ့ ဘဝလေးကို လွယ်လွယ်နဲ့ ပိုင်ဆိုင်ထားခဲ့ရတာမဟုတ်ပါဘူးတဲ့။

36451501_1973517309349451_4764191996346630144_n.jpg 

"အမက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတယ်။ နာမည်ရှိနေတဲ့ အချိန်မှာ သူ့နောက်ကို လိုက်သွားတော့ တချို့လူတွေ ကလည်း ပြောကြတယ်။ အောင်မြင်မှုကို စွန့်လွှတ်ပြီးတော့ သူ့နောက်ကို ဘာလို့လိုက်သွားတာတုန်းပေ့ါ။ ဒီလိုနဲ့နှစ်ယောက်သား ကြိုးစားခဲ့ရတယ်။ အစတုန်းကဆိုရင် ဖုန်းကဒ်လေးတွေ ရောင်းခဲ့တယ်" လို့ Duwun Media ကိုဖြေဆိုခဲ့တာပါ။

အဲဒီလို အောက်ခြေကစပြီး ရုန်းကန်ခဲ့ရတဲ့အတွက် စမိုင်းလ်က အားငယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူကတော့ အားငယ်စိတ်ကို ခွန်အားအဖြစ် ပြောင်းလဲလို့ အလုပ်ကို ပိုကြိုးစားခဲ့တယ်လို့ စမိုင်းလ်က ပြောပြခဲ့ပါတယ်။

35474717_1952480618119787_143673931725799424_n.jpg 

ငယ်ရွယ်တဲ့အချိန်မှာ ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးအတွက်လည်း ဆုံးဖြတ်ချက်အရမ်းမှန်တယ်လို့ ထင်မိကြောင်း သူမက ဆက်ပြီး ပြောပြခဲ့ပါတယ်။ကိုယ့်အပေါ် အရမ်းကောင်းတဲ့ ခင်ပွန်းရထားတဲ့ အတွက်လည်း အရမ်းကျေနပ်မိသလို ကလေး နှစ်ယောက် အမေဖြစ်နေတဲ့ အထိ ချစ်ပေးနေတဲ့ ခင်ပွန်းကို ကျေးဇူးတင်ပါတယ်တဲ့။

35295310_1949142958453553_2606427339101306880_n.jpg 

"အကို နှစ်ဖက်မိသားစုအပေါ်လည်း အရမ်းကောင်းတယ်။ မိသားစုအပေါ်လည်း အရမ်းသိတတ်တဲ့ ခင်ပွန်းပါ။ အိမ်ထောင် သက်တမ်း (၁၅)နှစ်မှာ တစ်ယောက်နဲ့တစ်ယောက် သံသယရှင်းရှင်းနဲ့ နေတယ်။ ပွင့်ပွင့်လင်းလင်းပြောတယ်။ ညာတာတွေ ဘာတွေမရှိဘူး။ အမက အရမ်းစိတ်တိုလွယ်တယ်။ အဲ့အခါကျရင် အကိုကဘေးကနေ အမြဲထိန်းပေးတယ်" လို့  ဆက်လက်ပြောပြခဲ့ပါတယ်။

35358402_1949142968453552_8492825454451884032_n.jpg

စိတ်ကူးလေးတွေကို အမှတ်တရလေးဖြစ်အောင် လုပ်တဲ့သဘောပါဆိုတဲ့ စမိုင်းလ် 

များသောအားဖြင့် လူတော်တော်များများဟာ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ပေမယ့် ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါပေမယ့် စမိုင်းရဲ့ ခင်ပွန်းကတော့ အဲ့လိုမဟုတ်ပါဘူးတဲ့။ ဆင်းရဲတဲ့ အချိန်မှာလည်း အတူတူငတ်ခဲ့ကြသလို ချမ်းသာတဲ့ အချိန်မှာလည်း အတူတူချမ်းသာခြင်းကို ခံစားသူပါလို့ စမိုင်းလ်က ဆိုပါတယ်။

34755261_1940807099287139_7344528070549700608_n.jpg 

"ပိုက်ဆံ ရှိလာတဲ့အခါ ကျတော့ လွယ်တယ်လေ။ အထူးသဖြင့် ယောကျ်ားတွေက စပြီးဖောက်ပြန်နိုင်တယ်။ အဲ့ဒါမျိုးကို အကိုက ထိန်းသိမ်းတယ်။ အမမပါပဲနဲ့ သူငယ်ချင်းနဲ့ ညစာစားတာတောင် ညီမမပါဘဲနဲ့ မသွားဘူးအဓိက တော့ သူလိမ္မာတာပေ့ါ" ဆိုပြီး ခင်ပွန်းရဲ့ သဘောကျစရာကောင်းတဲ့ အချက်လေးတွေကို စမိုင်းလ်က ပြောပြခဲ့ပါတယ်။

35429034_1952480541453128_5563595597518209024_n.jpg 

အခုဆိုရင်တော့ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

 

[Zawgyi Version]

ၿပီးျပည့္စံုၿပီး သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့ စမိုင္းလ္တို႕မိသားစုေလးဟာ လြယ္လြယ္နဲ႕ ဒီလို ဘဝမ်ိဳးကို ေရာက္ရွိခဲ့ၾကတာမဟုတ္ပါဘူး။ ခင္ပြန္းနဲ႕အတူ ရုန္းကန္ၿပီး ဘဝကုိ ႀကိဳးစားခဲ့ရပံုနဲ႔ ခင္ပြန္းျဖစ္သူရဲ႕ သိတတ္မႈေတြကို ေက်းဇူးတင္စြာနဲ႔ စမိုင္းလ္က ေျပာျပခဲ့ပါတယ္။

 

သရုပ္ေဆာင္ စမိုင္းလ္ဟာ သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူပါ။  ခင္ပြန္းရဲ႕ ခ်စ္ခင္မႈ သမီးေလးေတြရဲ႕ ေလးစားမႈ ေတြနဲ႕ အတူ ျပည့္စံုလွတဲ့ သူမရဲ႕ ဘဝေလးဟာ ျပီးျပည့္စံုၿပီး ေပ်ာ္ရႊင္ဖို႕ ေကာင္းလွပါတယ္။ သူမတို႕အေနနဲ႕ ၿပီးျပည့္စံု တဲ့ ဘဝေလးကို လြယ္လြယ္နဲ႕ ပိုင္ဆိုင္ထားခဲ့ရတာမဟုတ္ပါဘူးတဲ့။

 

"အမက ငယ္ငယ္ရြယ္ရြယ္နဲ႕ အိမ္ေထာင္က်သြားတယ္။ နာမည္ရွိေနတဲ့ အခ်ိန္မွာ သူ႕ေနာက္ကို လိုိက္သြားေတာ့ တခ်ိဳ႕လူေတြ ကလည္း ေျပာၾကတယ္။ ေအာင္ျမင္မႈကို စြန္႕လႊတ္ၿပီးေတာ့ သူ႕ေနာက္ကို ဘာလို႕လိုက္သြားတာတုန္းေပ့ါ။ ဒီလိုနဲ႕ႏွစ္ေယာက္သား ႀကိဳးစားခဲ့ရတယ္။ အစတုန္းကဆိုရင္ ဖုန္းကဒ္ေလးေတြ ေရာင္းခဲ့တယ္" လို႕ Duwun Media ကုိေျဖဆိုခဲ့တာပါ။

အဲဒီလို ေအာက္ေျခကစၿပီး ႐ုန္းကန္ခဲ့ရတဲ့အတြက္ စမိုင္းလ္က အားငယ္ခဲ့ရတယ္လို႔ ဆုိပါတယ္။ ဒါေပမဲ့ ခင္ပြန္းျဖစ္သူကေတာ့ အားငယ္စိတ္ကို ခြန္အားအျဖစ္ ေျပာင္းလဲလို႔ အလုပ္ကို ပိုႀကိဳးစားခဲ့တယ္လို႔ စမိုင္းလ္က ေျပာျပခဲ့ပါတယ္။

 

ငယ္ရြယ္တဲ့အခ်ိန္မွာ ထူေထာင္ခဲ့တဲ့ အိမ္ေထာင္ေရးအတြက္လည္း ဆံုးျဖတ္ခ်က္အရမ္းမွန္တယ္လို႕ ထင္မိေၾကာင္း သူမက ဆက္ၿပီး ေျပာျပခဲ့ပါတယ္။ကိုယ့္အေပၚ အရမ္းေကာင္းတဲ့ ခင္ပြန္းရထားတဲ့ အတြက္လည္း အရမ္းေက်နပ္မိသလို ကေလး ႏွစ္ေယာက္ အေမျဖစ္ေနတဲ့ အထိ ခ်စ္ေပးေနတဲ့ ခင္ပြန္းကို ေက်းဇူးတင္ပါတယ္တဲ့။

 

"အကို ႏွစ္ဖက္မိသားစုအေပၚလည္း အရမ္းေကာင္းတယ္။ မိသားစုအေပၚလည္း အရမ္းသိတတ္တဲ့ ခင္ပြန္းပါ။ အိမ္ေထာင္ သက္တမ္း (၁၅)ႏွစ္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ သံသယရွင္းရွင္းနဲ႕ ေနတယ္။ ပြင့္ပြင့္လင္းလင္းေျပာတယ္။ ညာတာေတြ ဘာေတြမရွိဘူး။ အမက အရမ္းစိတ္တိုလြယ္တယ္။ အဲ့အခါက်ရင္ အကိုကေဘးကေန အၿမဲထိန္းေပးတယ္" လို႕  ဆက္လက္ေျပာျပခဲ့ပါတယ္။

စိတ္ကူးေလးေတြကို အမွတ္တရေလးျဖစ္ေအာင္ လုပ္တဲ့သေဘာပါဆုိတဲ့ စမိုင္းလ္ 

မ်ားေသာအားျဖင့္ လူေတာ္ေတာ္မ်ားမ်ားဟာ ဆင္းရဲတဲ့ဒဏ္ကို ခံႏိုင္ေပမယ့္ ခ်မ္းသာတဲ့ဒဏ္ကို မခံႏိုင္ၾကပါဘူး။ ဒါေပမယ့္ စမိုင္းရဲ႕ ခင္ပြန္းကေတာ့ အဲ့လိုမဟုတ္ပါဘူးတဲ့။ ဆင္းရဲတဲ့ အခ်ိန္မွာလည္း အတူတူငတ္ခဲ့ၾကသလို ခ်မ္းသာတဲ့ အခ်ိန္မွာလည္း အတူတူခ်မ္းသာျခင္းကို ခံစားသူပါလို႕ စမိုင္းလ္က ဆုိပါတယ္။

 

"ပိုက္ဆံ ရွိလာတဲ့အခါ က်ေတာ့ လြယ္တယ္ေလ။ အထူးသျဖင့္ ေယာက်္ားေတြက စၿပီးေဖာက္ျပန္ႏိုင္တယ္။ အဲ့ဒါမ်ိဳးကုိ အကိုက ထိန္းသိမ္းတယ္။ အမမပါပဲနဲ႕ သူငယ္ခ်င္းနဲ႕ ညစာစားတာေတာင္ ညီမမပါဘဲနဲ႕ မသြားဘူးအဓိက ေတာ့ သူလိမၼာတာေပ့ါ" ဆိုၿပီး ခင္ပြန္းရဲ႕ သေဘာက်စရာေကာင္းတဲ့ အခ်က္ေလးေတြကို စမုိင္းလ္က ေျပာျပခဲ့ပါတယ္။

 

အခုဆုိရင္ေတာ့ သရုပ္ေဆာင္ စမုိင္းလ္တုိ႔ ဇနီးေမာင္ႏွံဟာ ကိုယ္ပုိင္စီးပြားေရးေတြလည္း အမ်ားႀကီးပုိင္ဆုိင္ထားသလုိ ကုိယ္ပုိင္ ရုပ္ရွင္ ထုတ္လုပ္ေရး ကုိလည္း စီစဥ္ေဆာင္ရြက္ေနသူတစ္ဦးပါ။စမုိင္းလ္ဟာ အခုဆုိရင္ေတာ့ အားကုိးရတဲ့ ခင္ပြန္းရယ္၊ ခ်စ္စရာေကာင္းတဲ့ သမီးေလး ၂ ေယာက္ရယ္ကုိ ပုိင္ဆုိင္ထား တဲ့ အိမ္ရွင္မေကာင္းတစ္ေယာက္ျဖစ္လုိ႔ေနပါၿပီ။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs