• Cele Yatkwat
    ပရိသတ်ဆန္ဒအတိုင်း မျက်ကပ်မှန်အပြာလေးတပ်ဖြစ်နေတဲ့ ဇင်ဇင်ဇော်မြင့်
Sabal Thwin
[Unicode Version]

အနုပညာအလုပ်တွေ စလုပ်ကတည်းက မျက်ဝန်းပြာပိုင်ရှင်လေးဆိုပြီးတော့ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ ဇင်ဇင်ဇော်မြင့်ဟာ အခုချိန်ထိ လည်း သူ့ရဲ့ ပရိသတ်တွေကို မျက်ဝန်းပြာလေးနဲ့ ညှို့ယူဖမ်းစားနေတုန်းပါပဲ။ အခုထိ လှသွေးကြွယ်နေဆဲ ဖြစ်တဲ့ ဇင်ဇင်ဇော်မြင့်က နုပျိုလှပနေရတဲ့ လျှို့ဝှက်ချက်ကိုလည်း ပြောပြခဲ့ပါတယ်။

2.jpg 

အရင်တုန်းကလည်း မျက်ကပ်မှန်အပြာရောင်လေးနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့ကြသလို အခုချိန်မှာရော၊ နောင်တစ်ချိန်မှာရော မျက်ကပ်မှန်အပြာလေးကိုပဲ တပ်သွားမယ်လို့ ဆိုပါတယ်။

'' အဓိက ကတော့ မျက်ကပ်မှန်အပြာနဲ့ ကိုယ့်ကို ပရိသတ်တွေက မြင်စေချင်တာပေါ့။ ဒါကြောင့်မို့လို့လည်း ပရိသတ်ကြီးရဲ့ ဆန္ဒအတိုင်း မေလေးက မျက်ကပ်မှန်အပြာလေးကို အခုချိန်ထိ စွဲစွဲမြဲမြဲ တပ်ဖြစ်သွားတာပါ။ အခုလည်း အပြာ၊ နောက်လည်း အပြာ၊ အရင်တုန်းကလည်း အပြာရောင်လေးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ မေလေးက Sky Blue ကာလာလေးကိုလည်း ကြိုက်နှစ်သက်တယ်'' လို့ သူကဆိုပါတယ်။

အနုပညာအလုပ်တွေပြန်လုပ်ဖို့ ဝိတ်လျှော့ခဲ့ရတယ်ဆိုတဲ့ ဇင်ဇင်ဇော်မြင့် 

3.jpg 

ဇူလိုင်လ ၁ ရက်နေ့ ညက Junction City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာတဲ့ ဇင်ဇင်ဇော်မြင့်ဟာ အခုထိနုပျိုလှပနေတာကို မြင်တွေ့ရပါတယ်။ အလှအပကို ဘယ်လိုထိန်းသိမ်းထားသလဲလို့ မေးမြန်းကြရာမှာ မေလေးလို့ သူ့ကိုယ်သူပြောတတ်တဲ့ ဇင်ဇင်ဇော်မြင့်က အခုလို ဖြေဆိုခဲ့ပါတယ်။

'' ကိုယ်က ဘုရားတရားသမားပါ။ ဘာသာရေးလိုက်စားတယ်။ တရားထိုင်တယ်။ ပြီးတော့ မေလေးက စိတ်ကိုပျော်ပျော်ထားတတ်တယ်။ ကိုယ့်ကို ချစ်တဲ့သူဖြစ်ဖြစ် မုန်းတဲ့သူဖြစ်ဖြစ်  အမြဲတမ်း အကောင်းဘက်ကပဲ ကြည့်ပေးတယ်။ စိတ်ညစ်စရာဆိုတာကတော့ လူတိုင်းရှိတာပေါ့လေ။ ဒါပေမဲ့ အဲ့ဒီစိတ်ညစ်စရာတွေကို ချက်ချင်းပဲ ခေါင်းထဲက ထုတ်ပြီးတော့ ပျော်အောင်လို့ပဲ အမြဲနေပါတယ်'' တဲ့။

36505541_1703931716394718_5043666493254926336_n.jpg

Photo: Amazing Grace

 

အနုပညာအလုပ်တွေ ရပ်နားထားခဲ့တဲ့ ဇင်ဇင်ဇော်မြင့်ဟာ CKKP ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ အနုပညာလောက ထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ရာဇဝင်ရိုင်းခဲ့သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာခဲ့ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်လ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။

 

[Zawgyi Version]

အႏုပညာအလုပ္ေတြ စလုပ္ကတည္းက မ်က္ဝန္းျပာပုိင္ရွင္ေလးဆုိၿပီးေတာ့ ပရိသတ္ေတြ အားေပးခဲ့ၾကတဲ့ ဇင္ဇင္ေဇာ္ျမင့္ဟာ အခုခ်ိန္ထိ လည္း သူ႔ရဲ႕ ပရိသတ္ေတြကုိ မ်က္ဝန္းျပာေလးနဲ႔ ညႈိ႕ယူဖမ္းစားေနတုန္းပါပဲ။ အခုထိ လွေသြးၾကြယ္ေနဆဲ ျဖစ္တဲ့ ဇင္ဇင္ေဇာ္ျမင့္က ႏုပ်ဳိလွပေနရတဲ့ လွ်ဳိ႕ဝွက္ခ်က္ကိုလည္း ေျပာျပခဲ့ပါတယ္။

အရင္တုန္းကလည္း မ်က္ကပ္မွန္အျပာေရာင္ေလးနဲ႔ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကသလုိ အခုခ်ိန္မွာေရာ၊ ေနာင္တစ္ခ်ိန္မွာေရာ မ်က္ကပ္မွန္အျပာေလးကုိပဲ တပ္သြားမယ္လုိ႔ ဆုိပါတယ္။

'' အဓိက ကေတာ့ မ်က္ကပ္မွန္အျပာနဲ႔ ကုိယ့္ကုိ ပရိသတ္ေတြက ျမင္ေစခ်င္တာေပါ့။ ဒါေၾကာင့္မုိ႔လုိ႔လည္း ပရိသတ္ႀကီးရဲ႕ ဆႏၵအတုိင္း ေမေလးက မ်က္ကပ္မွန္အျပာေလးကုိ အခုခ်ိန္ထိ စြဲစြဲျမဲျမဲ တပ္ျဖစ္သြားတာပါ။ အခုလည္း အျပာ၊ ေနာက္လည္း အျပာ၊ အရင္တုန္းကလည္း အျပာေရာင္ေလးပါပဲ။ ဘာေၾကာင့္လဲ ဆုိေတာ့ ေမေလးက Sky Blue ကာလာေလးကုိလည္း ႀကိဳက္ႏွစ္သက္တယ္'' လုိ႔ သူကဆုိပါတယ္။

အႏုပညာအလုပ္ေတြျပန္လုပ္ဖုိ႔ ဝိတ္ေလွ်ာ့ခဲ့ရတယ္ဆုိတဲ့ ဇင္ဇင္ေဇာ္ျမင့္ 

ဇူလုိင္လ ၁ ရက္ေန႔ ညက Junction City မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ရာဇဝင္ရုိင္းခဲ့သည္ ရုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကုိ တက္ေရာက္လာတဲ့ ဇင္ဇင္ေဇာ္ျမင့္ဟာ အခုထိႏုပ်ဳိလွပေနတာကို ျမင္ေတြ႕ရပါတယ္။ အလွအပကို ဘယ္လိုထိန္းသိမ္းထားသလဲလို႔ ေမးျမန္းၾကရာမွာ ေမေလးလို႔ သူ႔ကိုယ္သူေျပာတတ္တဲ့ ဇင္ဇင္ေဇာ္ျမင့္က အခုလို ေျဖဆိုခဲ့ပါတယ္။

'' ကုိယ္က ဘုရားတရားသမားပါ။ ဘာသာေရးလုိက္စားတယ္။ တရားထုိင္တယ္။ ၿပီးေတာ့ ေမေလးက စိတ္ကုိေပ်ာ္ေပ်ာ္ထားတတ္တယ္။ ကုိယ့္ကုိ ခ်စ္တဲ့သူျဖစ္ျဖစ္ မုန္းတဲ့သူျဖစ္ျဖစ္  အျမဲတမ္း အေကာင္းဘက္ကပဲ ၾကည့္ေပးတယ္။ စိတ္ညစ္စရာဆုိတာကေတာ့ လူတုိင္းရွိတာေပါ့ေလ။ ဒါေပမဲ့ အဲ့ဒီစိတ္ညစ္စရာေတြကုိ ခ်က္ခ်င္းပဲ ေခါင္းထဲက ထုတ္ၿပီးေတာ့ ေပ်ာ္ေအာင္လုိ႔ပဲ အျမဲေနပါတယ္'' တဲ့။

Photo: Amazing Grace

 

အႏုပညာအလုပ္ေတြ ရပ္နားထားခဲ့တဲ့ ဇင္ဇင္ေဇာ္ျမင့္ဟာ CKKP ဆုိတဲ့ ရုပ္ရွင္ထုတ္လုပ္ေရးနဲ႔ အတူ အႏုပညာေလာက ထဲကုိ ျပန္လည္ ဝင္ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္ ရာဇဝင္ရုိင္းခဲ့သည္ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ဖက္ရွင္ဒီဇုိင္နာ တစ္ဦးအျဖစ္ ပါဝင္သရုပ္ေဆာင္ရင္း အႏုပညာအလုပ္ေတြ ျပန္လည္ လုပ္ကိုင္လာခဲ့ပါတယ္။ ဒီဇာတ္ကားကုိ ဇူလုိင္လ ၆ ရက္ေန႔မွာ ရုံတင္ျပသေတာ့မွာပါ။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs