• Cele Yatkwat
    ဝေဖန်မှုတွေရိုက်ခတ်လာလည်း ခံရဲတယ်ဆိုတဲ့ ဇေရဲထက်
Sabal Thwin
[Unicode Version]

သရုပ်ဆောင်ဇေရဲထက်တစ်ယောက်  'ရာဇဝင်ရိုင်းခဲ့သည်' ရုပ်ရှင်ဇာတ်ကားထဲမှာ ကလိမ်ကကျစ် လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာ အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု တွေ ရှိလာမယ် ဆိုရင်လည်း ခံရဲတယ်လို့ သူကပြောပါတယ်။

1.jpg 

ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာအကြောင်းအရာနဲ့ ပတ်သက်ပြီး လူတိုင်းက ဘာပဲပြောပြော ကျေနပ်တယ်လို့ ဆိုပါတယ်။

''ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအတွက် ဝေဖန်မှုတွေ ရိုက်ခတ်မယ်ဆိုရင်လည်း ရိုက်ခတ်ပါစေ ခံရဲတယ်။ သရုပ်ဆောင်မှုအတွက်၊ ဒီကာရိုက်တာ အတွက် လူတိုင်းက ဘာပဲပြောနေပြောနေ ကျွန်တော်ကတော့ ကျေနပ်တယ်။ ဒီဇာတ်ကောင်စရိုက် ပီပြင်တယ်လို့ပေါ့။ အမှတ်တရတွေကတော့ တော်တော်များတယ်'' လို့ သူက ဆိုပါတယ်။

6.jpg

ကြည့်ရှုသူ လေးသိန်းကျော်သွားတဲ့ "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင် 

ဇေရဲထက်က ယင်းဇာတ်ကားထဲမှာ ခင်ဇာခြည်ကျော်နဲ့ ချိတ်ဆက်မိမိ အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဒီအတွက် ဘယ်လိုမျိုး အပေးအယူမျှမျှ သရုပ်ဆောင်ခဲ့သလဲဆိုတာကို ဇူလိုင်လ ၁ ရက်နေ့ ညက Junction City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို  တက်ရောက်လာတဲ့ ဇေရဲထက်ကို မေးမြန်းဖြစ်ခဲ့ပါသေးတယ်။

'' မဇာလေးကလည်း သူ့ရဲ့ ကာရိုက်တာအတိုင်း စီးမျှောပြီးသရုပ်ဆောင်သွားသလို ကျွန်တော်လည်း ကျွန်တော့်ရဲ့  ကာရိုက်တာ ကျွန်တော့်ရဲ့ MOOD အတိုင်းသွားတာပဲ။ ဒီကောင်သည် ကလိမ်ကကျစ်ဘက်ကို သွားတဲ့ မျက်လုံးမျိုးဖြစ်နေတယ်။ မဇာလေးသည် လုံးဝကို စီးမျှောနေတဲ့ ပုံစံမျိုး နှစ်ယောက်စလုံးက အပေးအယူညီညီမျှမျှနဲ့ ဒါလုပ်မယ် ဆိုတာမျိုးမရှိဘူး'' လို့ ဇေရဲထက်က ပြောပြပါတယ်။

7.jpg 

CKKP ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးစီစဉ်ထုတ်လုပ်တဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၆ ရက်နေ့မှာ စတင်ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။  ဒီဇာတ်ကားဟာ ရွှေရေးထင်ထင်  ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး  ဇေရဲထက်၊ ရဲအောင်၊ အောင်လေး၊ ဇင်ဇင်ဇော်မြင့်၊ ခင်ဇာခြည်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

[Zawgyi Version]

သရုပ္ေဆာင္ေဇရဲထက္တစ္ေယာက္  'ရာဇဝင္ရုိင္းခဲ့သည္' ရုပ္ရွင္ဇာတ္ကားထဲမွာ ကလိမ္ကက်စ္ လူငယ္တစ္ေယာက္ရဲ႕ ကာရုိက္တာ အျဖစ္ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲက ကာရုိက္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈ ေတြ ရွိလာမယ္ ဆိုရင္လည္း ခံရဲတယ္လုိ႔ သူကေျပာပါတယ္။

 

ရာဇဝင္ရုိင္းခဲ့သည္ ရုပ္ရွင္ဇာတ္ကားထဲက ကာရုိက္တာအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး လူတုိင္းက ဘာပဲေျပာေျပာ ေက်နပ္တယ္လုိ႔ ဆုိပါတယ္။

''ကၽြန္ေတာ့္ရဲ႕ သရုပ္ေဆာင္မႈအတြက္ ေဝဖန္မႈေတြ ရုိက္ခတ္မယ္ဆုိရင္လည္း ရုိက္ခတ္ပါေစ ခံရဲတယ္။ သရုပ္ေဆာင္မႈအတြက္၊ ဒီကာရုိက္တာ အတြက္ လူတုိင္းက ဘာပဲေျပာေနေျပာေန ကၽြန္ေတာ္ကေတာ့ ေက်နပ္တယ္။ ဒီဇာတ္ေကာင္စရုိက္ ပီျပင္တယ္လုိ႔ေပါ့။ အမွတ္တရေတြကေတာ့ ေတာ္ေတာ္မ်ားတယ္'' လုိ႔ သူက ဆုိပါတယ္။

ၾကည့္ရႈသူ ေလးသိန္းေက်ာ္သြားတဲ့ "ရာဇဝင္ရိုင္းခဲ့သည္" ရုပ္ရွင္ 

ေဇရဲထက္က ယင္းဇာတ္ကားထဲမွာ ခင္ဇာျခည္ေက်ာ္နဲ႔ ခ်ိတ္ဆက္မိမိ အေကာင္းဆံုး သ႐ုပ္ေဆာင္သြားႏိုင္ခဲ့ပါတယ္။ ဒီအတြက္ ဘယ္လိုမ်ဳိး အေပးအယူမွ်မွ် သ႐ုပ္ေဆာင္ခဲ့သလဲဆုိတာကို ဇူလုိင္လ ၁ ရက္ေန႔ ညက Junction City မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ရာဇဝင္ရုိင္းခဲ့သည္ ရုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကုိ  တက္ေရာက္လာတဲ့ ေဇရဲထက္ကို ေမးျမန္းျဖစ္ခဲ့ပါေသးတယ္။

'' မဇာေလးကလည္း သူ႔ရဲ႕ ကာရုိက္တာအတုိင္း စီးေမွ်ာၿပီးသရုပ္ေဆာင္သြားသလုိ ကၽြန္ေတာ္လည္း ကၽြန္ေတာ့္ရဲ႕  ကာရုိက္တာ ကၽြန္ေတာ့္ရဲ႕ MOOD အတုိင္းသြားတာပဲ။ ဒီေကာင္သည္ ကလိမ္ကက်စ္ဘက္ကုိ သြားတဲ့ မ်က္လုံးမ်ဳိးျဖစ္ေနတယ္။ မဇာေလးသည္ လုံးဝကုိ စီးေမွ်ာေနတဲ့ ပုံစံမ်ဳိး ႏွစ္ေယာက္စလုံးက အေပးအယူညီညီမွ်မွ်နဲ႔ ဒါလုပ္မယ္ ဆုိတာမ်ဳိးမရွိဘူး'' လို႔ ေဇရဲထက္က ေျပာျပပါတယ္။

 

CKKP ရုပ္ရွင္ထုတ္လုပ္ေရးကေန ပထမဆုံးစီစဥ္ထုတ္လုပ္တဲ့ ရာဇဝင္ရုိင္းခဲ့သည္ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဇူလုိင္လ ၆ ရက္ေန႔မွာ စတင္ရုံတင္ျပသသြားမယ္လုိ႔ သိရပါတယ္။  ဒီဇာတ္ကားဟာ ေရႊေရးထင္ထင္  ဒါ႐ိုက္တာအျဖစ္ ပထမဆံုး ႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ၿပီး  ေဇရဲထက္၊ ရဲေအာင္၊ ေအာင္ေလး၊ ဇင္ဇင္ေဇာ္ျမင့္၊ ခင္ဇာျခည္ေက်ာ္တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs