• Cele Yatkwat
    ကိုယ်ချစ်ထက် သူချစ်ကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူ
Sabal Thwin
[Unicode Version]

အေးမြတ်သူရဲ့ အချစ်ရေးမှာတော့ ကိုယ်ချစ်ထက် သူချစ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူ့အနေနဲ့ အချစ်ရေးဆိုတာထက် ကိုယ့်ကိုယ်ကို ဦးစားပေးတတ်သူဖြစ်ပြီး အတ္တကြီးတယ်လို့ ပြောလာပါတယ်။ ခိုင်မာတဲ့ အချစ်ရေးတစ်ခုကိုလည်း တည်ဆောက် ထားတယ်ဆိုပြီးတော့ အေးမြတ်သူက ဖွင့်ပြောလာပါတယ်။

12.jpg 

သရုပ်ဆောင် အေးမြတ်သူက ဇူလိုင်လ ၂ ရက်နေ့ ညနေက ညီညီမောင် (စမ်းချောင်း) ရဲ့ မွေးနေ့ပွဲကို တက်ရောက်လာစဉ်မှာ အချစ်ရေးအကြောင်း မေးမြန်းလာတဲ့ မီဒီယာတွေကို အခုလို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။

'' အေးမြတ်သူကတော့ ကိုယ့်ကိုယ်ကို အမြဲတမ်းဦးစားပေးတဲ့ လူတစ်ယောက်ဖြစ်တယ်၊ ပြီးတော့ နည်းနည်း အတ္တကြီးတယ်။ ပြီးတော့ သူချစ်ကိုရှာထားတယ်။ ဘယ်အရာဝတ္ထုနဲ့မှ ကိုယ့်အတွက်ကိုယ် စိတ်အနှောင့်အယှက်အဖြစ်မခံဘူး။ ခိုင်မာတဲ့ Relationship တစ်ခုကို တည်ဆောက်ကြတယ်။ သံသယကင်းကင်းနဲ့ နေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မထိခိုက်အောင်နေကြတယ်'' လို့ ဆိုပါတယ်။

11.jpg 

အသက်တွေလည်း ကြီးလာကြတာကြောင့် အေးမြတ်သူတို့ရဲ့ အချစ်ရေးမှာ သဝန်တိုတာတွေလည်း မရှိတော့ဘူး၊ စိတ်မချခြင်းတွေလည်း မရှိတော့တာကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ အနာဂတ်ကောင်းဖို့ အတွက်ပဲ စဉ်းစားကြပါတယ်တဲ့။ အေးမြတ်သူဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကို ပိုချစ်တယ် ဆိုပြီးတော့လည်း ပြောပြခဲ့ပါသေးတယ်။

 

အေးမြတ်သူဟာ သူချစ်နဲ့ ချစ်ခြင်းခံရတာဟာ အရမ်းကို လွတ်လပ်တယ်၊ ပေါ့ပါးတယ်ဆိုပြီးတော့ ရင်ဖွင့်လာပါတယ်။ သူ့ရဲ့ အချစ်ရေးဟာ တင်းကျပ်တဲ့ အချစ်ရေးမဟုတ်ဘူးလို့လည်း ပြောလာပါတယ်။ အေးမြတ်သူကိုယ်တိုင်လည်း သစ္စာရှိအောင် နေတတ်သလို သူ့ရဲ့ ချစ်သူက လည်း သစ္စာရှိတယ်ဆိုတာကို ယုံကြည်တယ်လိ့ုလည်း ဆိုပါတယ်။

'' အမြဲတမ်း လွတ်လပ်တယ်၊ ပေါ့ပါးတယ်၊ ချစ်ခြင်းခံရတာလောက် ဘဝမှာ လွတ်လပ်တာမရှိဘူး။ ကိုယ်တွေရဲ့ အချစ်က တင်းကျပ်တဲ့ အချစ် မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ချုပ်နှောင်ထားတာလဲမရှိဘူး။ ကိုယ်ကိုယ်တိုင်ကလည်း သစ္စာရှိအောင်နေတယ်။ သူ သစ္စာရှိတယ် ဆိုတာကိုလည်း ယုံကြည်တယ်'' လို့ အေးမြတ်သူက သူမရဲ့လက်ရှိအချစ်ရေးကို ကျေနပ်စွာနဲ့ ပြောပြခဲ့ပါတယ်။

13.jpg 

မွေးနေ့မှာ မိသားစုနဲ့အတူ ဘုရားတက်ကုသိုလ်ယူခဲ့တဲ့ အေးမြတ်သူ

သရုပ်ဆောင်အေးမြတ်သူဟာ အသက် ၃၅ နှစ်ကျော်ရင် အိမ်ထောင်တစ်ခု ထူထောင်မယ်လို့ ဆိုပါတယ်။ အသက် ၄၀ ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။ သူ့အနေနဲ့ အိမ်ထောင်ပြုလိုက်တဲ့အခါမှာ ကိုယ့်ဒုက္ခ သူ့ဒုက္ခ တွေအများကြီး မျှဝေကြရမှာ ဖြစ်တဲ့ အတွက် သေသေချာချာပြင်ဆင်နေတယ်လို့ မီဒီယာတွေကနေတဆင့်ပြောခဲ့ပါသေးတယ်။

'' အေးမြတ်သူလည်း အိမ်ထောင်အရမ်းပြုချင်ပါတယ်။ ဒါပေမယ့် ချစ်ပြီးတော့လည်း ဘာမှမပြည့်စုံရင် ပြုလို့မရဘူး။ အိမ်ထောင်ပြုလိုက်ရင် ချစ်တာထက်ပိုများသွားပြီ၊ သူ့အနာဂတ် ကိုယ့်အနာဂတ်၊ သူ့ဒုက္ခ ကိုယ့်ဒုက္ခ အများကြီး မျှဝေရမှာဆိုတော့ အဲ့ဒီအတွက် အေးမြတ်သူတို့ သေသေချာချာ ပြင်ဆင်ဖို့ လိုသေးတယ်'' လို့ ပြောပြခဲ့တာပါ။

14.jpg 

ရည်ရွယ်ထားသူ ရှိနေတဲ့ အေးမြတ်သူကတော့ သူမကြောင့် တစ်ဖက်သားအနေကြပ်မှာကိုလည်း စိတ်ပူတာကြောင့် အချစ်ရေးနဲ့ ပတ်သက် ပြီး ထုတ်ပြောလေ့မရှိပေမယ့် သူမရဲ့ ချစ်သူကတော့ နားလည်မှု ရှိတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါ တယ်။

 

[Zawgyi Version]

ေအးျမတ္သူရဲ႕ အခ်စ္ေရးမွာေတာ့ ကုိယ္ခ်စ္ထက္ သူခ်စ္ကုိ ပုိင္ဆုိင္ထားတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ အခ်စ္ေရးဆုိတာထက္ ကုိယ့္ကုိယ္ကုိ ဦးစားေပးတတ္သူျဖစ္ၿပီး အတၱႀကီးတယ္လုိ႔ ေျပာလာပါတယ္။ ခုိင္မာတဲ့ အခ်စ္ေရးတစ္ခုကုိလည္း တည္ေဆာက္ ထားတယ္ဆုိၿပီးေတာ့ ေအးျမတ္သူက ဖြင့္ေျပာလာပါတယ္။

 

သ႐ုပ္ေဆာင္ ေအးျမတ္သူက ဇူလုိင္လ ၂ ရက္ေန႔ ညေနက ညီညီေမာင္ (စမ္းေခ်ာင္း) ရဲ႕ ေမြးေန႔႔ပြဲကို တက္ေရာက္လာစဥ္မွာ အခ်စ္ေရးအေၾကာင္း ေမးျမန္းလာတဲ့ မီဒီယာေတြကို အခုလို ပြင့္ပြင့္လင္းလင္း ေျပာျပလာခဲ့ပါတယ္။

'' ေအးျမတ္သူကေတာ့ ကုိယ့္ကုိယ္ကုိ အျမဲတမ္းဦးစားေပးတဲ့ လူတစ္ေယာက္ျဖစ္တယ္၊ ၿပီးေတာ့ နည္းနည္း အတၱႀကီးတယ္။ ၿပီးေတာ့ သူခ်စ္ကုိရွာထားတယ္။ ဘယ္အရာဝတၳဳနဲ႔မွ ကုိယ့္အတြက္ကုိယ္ စိတ္အေႏွာင့္အယွက္အျဖစ္မခံဘူး။ ခုိင္မာတဲ့ Relationship တစ္ခုကုိ တည္ေဆာက္ၾကတယ္။ သံသယကင္းကင္းနဲ႔ ေနၾကတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မထိခုိက္ေအာင္ေနၾကတယ္'' လုိ႔ ဆုိပါတယ္။

 

အသက္ေတြလည္း ႀကီးလာၾကတာေၾကာင့္ ေအးျမတ္သူတုိ႔ရဲ႕ အခ်စ္ေရးမွာ သဝန္တိုတာေတြလည္း မရွိေတာ့ဘူး၊ စိတ္မခ်ျခင္းေတြလည္း မရွိေတာ့တာေၾကာင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အနာဂတ္ေကာင္းဖုိ႔ အတြက္ပဲ စဥ္းစားၾကပါတယ္တဲ့။ ေအးျမတ္သူဟာ အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ ကုိယ့္ကုိယ္ကုိ ပုိခ်စ္တယ္ ဆုိၿပီးေတာ့လည္း ေျပာျပခဲ့ပါေသးတယ္။

 

ေအးျမတ္သူဟာ သူခ်စ္နဲ႔ ခ်စ္ျခင္းခံရတာဟာ အရမ္းကုိ လြတ္လပ္တယ္၊ ေပါ့ပါးတယ္ဆုိၿပီးေတာ့ ရင္ဖြင့္လာပါတယ္။ သူ႔ရဲ႕ အခ်စ္ေရးဟာ တင္းက်ပ္တဲ့ အခ်စ္ေရးမဟုတ္ဘူးလုိ႔လည္း ေျပာလာပါတယ္။ ေအးျမတ္သူကုိယ္တုိင္လည္း သစၥာရွိေအာင္ ေနတတ္သလုိ သူ႔ရဲ႕ ခ်စ္သူက လည္း သစၥာရွိတယ္ဆုိတာကုိ ယုံၾကည္တယ္လိ႔ုလည္း ဆုိပါတယ္။

'' အျမဲတမ္း လြတ္လပ္တယ္၊ ေပါ့ပါးတယ္၊ ခ်စ္ျခင္းခံရတာေလာက္ ဘဝမွာ လြတ္လပ္တာမရွိဘူး။ ကုိယ္ေတြရဲ႕ အခ်စ္က တင္းက်ပ္တဲ့ အခ်စ္ မဟုတ္ဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်ဳပ္ေႏွာင္ထားတာလဲမရွိဘူး။ ကုိယ္ကုိယ္တုိင္ကလည္း သစၥာရွိေအာင္ေနတယ္။ သူ သစၥာရိွတယ္ ဆုိတာကုိလည္း ယုံၾကည္တယ္'' လုိ႔ ေအးျမတ္သူက သူမရဲ႕လက္ရွိအခ်စ္ေရးကို ေက်နပ္စြာနဲ႔ ေျပာျပခဲ့ပါတယ္။

 

ေမြးေန႔မွာ မိသားစုနဲ႔အတူ ဘုရားတက္ကုသုိလ္ယူခဲ့တဲ့ ေအးျမတ္သူ

သရုပ္ေဆာင္ေအးျမတ္သူဟာ အသက္ ၃၅ ႏွစ္ေက်ာ္ရင္ အိမ္ေထာင္တစ္ခု ထူေထာင္မယ္လုိ႔ ဆုိပါတယ္။ အသက္ ၄၀ ျဖစ္ရင္လည္း ျဖစ္သြားႏုိင္တယ္လုိ႔ ေျပာခဲ့ပါေသးတယ္။ သူ႔အေနနဲ႔ အိမ္ေထာင္ျပဳလုိက္တဲ့အခါမွာ ကုိယ့္ဒုကၡ သူ႔ဒုကၡ ေတြအမ်ားႀကီး မွ်ေဝၾကရမွာ ျဖစ္တဲ့ အတြက္ ေသေသခ်ာခ်ာျပင္ဆင္ေနတယ္လုိ႔ မီဒီယာေတြကေနတဆင့္ေျပာခဲ့ပါေသးတယ္။

'' ေအးျမတ္သူလည္း အိမ္ေထာင္အရမ္းျပဳခ်င္ပါတယ္။ ဒါေပမယ့္ ခ်စ္ၿပီးေတာ့လည္း ဘာမွမျပည့္စုံရင္ ျပဳလုိ႔မရဘူး။ အိမ္ေထာင္ျပဳလုိက္ရင္ ခ်စ္တာထက္ပုိမ်ားသြားၿပီ၊ သူ႔အနာဂတ္ ကုိယ့္အနာဂတ္၊ သူ႔ဒုကၡ ကုိယ့္ဒုကၡ အမ်ားႀကီး မွ်ေဝရမွာဆိုေတာ့ အဲ့ဒီအတြက္ ေအးျမတ္သူတုိ႔ ေသေသခ်ာခ်ာ ျပင္ဆင္ဖုိ႔ လုိေသးတယ္'' လို႔ ေျပာျပခဲ့တာပါ။

 

ရည္ရြယ္ထားသူ ရွိေနတဲ့ ေအးျမတ္သူကေတာ့ သူမေၾကာင့္ တစ္ဖက္သားအေနၾကပ္မွာကိုလည္း စိတ္ပူတာေၾကာင့္ အခ်စ္ေရးနဲ႕ ပတ္သက္ ၿပီး ထုတ္ေျပာေလ့မရွိေပမယ့္ သူမရဲ႕ ခ်စ္သူကေတာ့ နားလည္မႈ ရွိတဲ့ သူတစ္ေယာက္ျဖစ္တယ္ဆုိၿပီးေတာ့ အင္တာဗ်ဴးေတြမွာ ေျဖဆုိခ့ဲဖူးပါ တယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs