• Cele Yatkwat
    သက်ငယ်မုဒိန်းမှု ပညာပေးအဖြစ်ရိုက်ကူးသွားမယ့် ဟစ်တိုင်ရုပ်ရှင်ကား
Sabal Thwin
[Unicode Version]

ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ နာမည်ကျော် အနုပညာရှင် တွေပါဝင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သမီးဖြစ်သူအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းသွားမယ့် ဒေါင်းနီအဖြစ် သရုပ်ဆောင်မယ့် အိန္ဒြာကျော်ဇင်ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကို ထပ်မံမြင်တွေ့ရဦးမှာပါ။

3.jpg

 

ဟစ်တိုင်ရုပ်ရှင်ဇာတ်ကား ကန်တော့်ပွဲကို ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အောင်မြေနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားကြီးဟာ သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်ပြီး ပညာပေးသွားမယ့် ရုပ်ရှင် ဇာတ်ကား ကောင်းတစ်ကားဖြစ်ကြောင်း သိရပါတယ်။

'' Facebook ပေါ်မှာလည်း သက်ငယ်မုဒိန်း ဆိုတဲ့ သတင်းတွေ သိနေရတယ်။ မုဒိန်းမှုတွေကလည်း များနေတဲ့အခါကျတော့ ဆင်ဖြူကျွန်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကို ပညာပေးအနေနဲ့ ရိုက်ပေးချင်နေတာ။ ဒါကြောင့်လည်း ဆင်ဖြူကျွန်းမှာ ရိုက်ဖို့ ဆုံးဖြတ်လိုက်တာ ပါ'' လို့ ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်မယ့် ဒါရိုက်တာ ဟိန်းစိုးက ပြောပြခဲ့ပါတယ်။

7.jpg 

အကယ်ဒမီများရှင် မေသန်းနုက ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကလေး ၃ ယောက်ရဲ့ မိခင်၊ ပိုက်ဆံရှိတဲ့သူတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

'' ဒီဇာတ်ကားလေးက သက်ငယ်မုဒိန်းမှု ဆိုတာကို ဦးတည်ထားတာဖြစ်တယ်။ မဆင့်တို့ က အဲ့ဒီမြို့ရွာမှာ ရှိတဲ့ လူကြီးတွေပေါ့နော်။ ပြီးတော့ မဆင့်ရဲ့ ကာရိုက်တာက ကလေး ၃ယောက်ရဲ့ အမေ ပြီးတော့ ပိုက်ဆံရှိတယ်။ မာန်လည်း ရှိတယ် အဆင့်လေးလည်း နည်းနည်းခွဲတယ် ပေါ့နော်'' လို့ မေသန်းနုက သူပါဝင်သရုပ်ဆောင်ရမယ့် အပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

4.jpg

သားအတွက် မွေးနေ့အလှူလုပ်ပေးနေတဲ့ စင်ရော်မောင်မောင်နဲ့ မေသန်းနု 

အိန္ဒြာကျော်ဇင် က ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အမှန်တရားဘက်က ရပ်တည်တတ်တဲ့ မိန်းမတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင် သွားမှာပါ။ သူ့အနေနဲ့ သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး သမီးအတွက်ဆိုအရာအားလုံးကို စွန့်လွှတ်တတ်တဲ့ သူ အဖြစ်ပါဝင်သွားမယ်လို့လည်း သိရပါတယ်။

'' ဒီဇာတ်ကားထဲမှာက ဒေါင်းနီရဲ့ ဇာတ်ရုပ်ပေါ့နော်၊ ဒေါင်းနီက သူဟာ အမှန်တရားဘက်က ရပ်တည်တဲ့ မိန်းမတစ်ယောက်။ မဟုတ်မခံ ပေါ့ သူ့ဘဝမှာ သူ့သမီးလေးတစ်ယောက်ပဲ။ သူ့သမီးအတွက်ဆိုရင် အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။ နောက်ဆုံးမှာတော့ ကလေးကို ကျူးလွန် လိုက်တဲ့ အပြစ်တစ်ခုကို လက်တုံ့ပြန်လိုက်တယ်'' လို့ အိန္ဒြာကျော်ဇင်က ပြောပြပါတယ်။

5.jpg 

ဒီဇာတ်ကားထဲမှာ ကလေး သရုပ်ဆောင်အဖြစ် ပြည့်ပြည့်က ပါဝင်သွားမှာဖြစ်ပါတယ်။ ပြည့်ပြည့်က သူ သရုပ်ဆောင်ရမယ့် ကာရိုက်တာတွေ ဒိုင်ယာလော့တွေ ကိုလည်း သေချာလေ့လာထားပြီးပြီလို့ သိရပါတယ်။

'' ဒီဇာတ်ကားအတွက်တော့ နောက်ဆုံးဇာတ်ဝင်ခန်းတွေအတွက် ပိုပြီးတော့ ပြင်ဆင်ထားပါတယ်။ သမီးပြောရမယ့် ဒိုင်ယာလော့လေးတွေ အတွက်လည်း သေချာ မှတ်ထားပါတယ်။ သမီးအတွက် အခက်အခဲဆုံး အပိုင်းကတော့ နောက်ဆုံး ဇာတ်ဝင်ခန်းလေးပါပဲ။ သမီးက အန်တီ အူဝဲ ရဲ့ သမီးနေရာက ပါဝင်သရုပ်ဆောင်ရမှာပါ'' လို့ ပြည့်ပြည့်ကလည်း ပြောပြပါတယ်။

6.jpg 

စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်မယ့် ဟစ်တိုင် ဇာတ်ကားကို ဒါရိုက်တာ ဟိန်းစိုးက ရိုက်ကူးကာ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီမေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင် ၊ဇင်မျိုး ၊ ရဲမွန် ၊ စိုးမိုးကြည်၊ သန်းသန်းစိုး ၊ လှမျိုးသဉ္ဇာနွယ်၊ သရုပ်ဆောင်များစွာ တို့ နှင့်အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

[Zawgyi Version]

ဟစ္တုိင္ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကုိ ရရွိထားတဲ့ နာမည္ေက်ာ္ အႏုပညာရွင္ ေတြပါဝင္မွာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ သမီးျဖစ္သူအတြက္ ရဲရဲရင့္ရင့္ ရင္ဆုိင္ေျဖရွင္းသြားမယ့္ ေဒါင္းနီအျဖစ္ သ႐ုပ္ေဆာင္မယ့္ အိျႏၵာေက်ာ္ဇင္ရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈေတြကို ထပ္မံျမင္ေတြ႕ရဦးမွာပါ။

 

ဟစ္တုိင္ရုပ္ရွင္ဇာတ္ကား ကန္ေတာ့္ပြဲကုိ ဇူလိုင္လ ၄ ရက္ေန႔ မနက္ပုိင္းက ေရႊတိဂုံေစတီေတာ္ျမတ္ႀကီးရဲ႕ ေအာင္ေျမေနရာမွာ ျပဳလုပ္ခဲ့ပါတယ္။ ဟစ္တုိင္ရုပ္ရွင္ဇာတ္ကားႀကီးဟာ သက္ငယ္မုဒိန္းမႈေတြနဲ႔ ပတ္သက္ၿပီး ပညာေပးသြားမယ့္ ရုပ္ရွင္ ဇာတ္ကား ေကာင္းတစ္ကားျဖစ္ေၾကာင္း သိရပါတယ္။

'' Facebook ေပၚမွာလည္း သက္ငယ္မုဒိန္း ဆုိတဲ့ သတင္းေတြ သိေနရတယ္။ မုဒိန္းမႈေတြကလည္း မ်ားေနတဲ့အခါက်ေတာ့ ဆင္ျဖဴကၽြန္းမွာ ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေလး တစ္ခုကုိ ပညာေပးအေနနဲ႔ ရုိက္ေပးခ်င္ေနတာ။ ဒါေၾကာင့္လည္း ဆင္ျဖဴကၽြန္းမွာ ရုိက္ဖုိ႔ ဆုံးျဖတ္လုိက္တာ ပါ'' လုိ႔ ဒီဇာတ္ကားကို ႐ိုက္ကူးပံုေဖာ္မယ့္ ဒါ႐ိုက္တာ ဟိန္းစိုးက ေျပာျပခဲ့ပါတယ္။

 

အကယ္ဒမီမ်ားရွင္ ေမသန္းႏုက ဟစ္တုိင္ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ကေလး ၃ ေယာက္ရဲ႕ မိခင္၊ ပုိက္ဆံရွိတဲ့သူတစ္ေယာက္အျဖစ္ ပါဝင္သရုပ္ေဆာင္သြားမယ္လို႔လည္း သိရပါတယ္။

'' ဒီဇာတ္ကားေလးက သက္ငယ္မုဒိန္းမႈ ဆုိတာကုိ ဦးတည္ထားတာျဖစ္တယ္။ မဆင့္တုိ႔ က အဲ့ဒီၿမိဳ႕ရြာမွာ ရွိတဲ့ လူႀကီးေတြေပါ့ေနာ္။ ၿပီးေတာ့ မဆင့္ရဲ႕ ကာရုိက္တာက ကေလး ၃ေယာက္ရဲ႕ အေမ ၿပီးေတာ့ ပုိက္ဆံရွိတယ္။ မာန္လည္း ရွိတယ္ အဆင့္ေလးလည္း နည္းနည္းခြဲတယ္ ေပါ့ေနာ္'' လုိ႔ ေမသန္းႏုက သူပါဝင္သ႐ုပ္ေဆာင္ရမယ့္ အပိုင္းနဲ႔ ပတ္သက္ၿပီး ေျပာျပပါတယ္။

သားအတြက္ ေမြးေန႕အလွဴလုပ္ေပးေနတဲ့ စင္ေရာ္ေမာင္ေမာင္နဲ႕ ေမသန္းႏု 

အိၿႏၵာေက်ာ္ဇင္ က ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အမွန္တရားဘက္က ရပ္တည္တတ္တဲ့ မိန္းမတစ္ေယာက္ေနရာက ပါဝင္သရုပ္ေဆာင္ သြားမွာပါ။ သူ႔အေနနဲ႔ သမီးတစ္ေယာက္ရဲ႕ မိခင္ျဖစ္ၿပီး သမီးအတြက္ဆုိအရာအားလုံးကို စြန္႔လႊတ္တတ္တဲ့ သူ အျဖစ္ပါဝင္သြားမယ္လို႔လည္း သိရပါတယ္။

'' ဒီဇာတ္ကားထဲမွာက ေဒါင္းနီရဲ႕ ဇာတ္ရုပ္ေပါ့ေနာ္၊ ေဒါင္းနီက သူဟာ အမွန္တရားဘက္က ရပ္တည္တဲ့ မိန္းမတစ္ေယာက္။ မဟုတ္မခံ ေပါ့ သူ႔ဘဝမွာ သူ႔သမီးေလးတစ္ေယာက္ပဲ။ သူ႔သမီးအတြက္ဆုိရင္ အရာအားလုံးကုိ စြန္႔လႊတ္ႏုိင္တယ္။ ေနာက္ဆုံးမွာေတာ့ ကေလးကုိ က်ဴးလြန္ လုိက္တဲ့ အျပစ္တစ္ခုကုိ လက္တုံ႔ျပန္လုိက္တယ္'' လုိ႔ အိျႏၵာေက်ာ္ဇင္က ေျပာျပပါတယ္။

 

ဒီဇာတ္ကားထဲမွာ ကေလး သရုပ္ေဆာင္အျဖစ္ ျပည့္ျပည့္က ပါဝင္သြားမွာျဖစ္ပါတယ္။ ျပည့္ျပည့္က သူ သရုပ္ေဆာင္ရမယ့္ ကာရုိက္တာေတြ ဒုိင္ယာေလာ့ေတြ ကုိလည္း ေသခ်ာေလ့လာထားၿပီးၿပီလုိ႔ သိရပါတယ္။

'' ဒီဇာတ္ကားအတြက္ေတာ့ ေနာက္ဆံုးဇာတ္ဝင္ခန္းေတြအတြက္ ပုိၿပီးေတာ့ ျပင္ဆင္ထားပါတယ္။ သမီးေျပာရမယ့္ ဒိုင္ယာေလာ့ေလးေတြ အတြက္လည္း ေသခ်ာ မွတ္ထားပါတယ္။ သမီးအတြက္ အခက္အခဲဆုံး အပုိင္းကေတာ့ ေနာက္ဆုံး ဇာတ္ဝင္ခန္းေလးပါပဲ။ သမီးက အန္တီ အူဝဲ ရဲ႕ သမီးေနရာက ပါဝင္သရုပ္ေဆာင္ရမွာပါ'' လုိ႔ ျပည့္ျပည့္ကလည္း ေျပာျပပါတယ္။

 

စာေရးဆရာမ သွ်င္မရဲ႕ ဝတၳဳကို ႐ုပ္ရွင္အျဖစ္ ျပန္လည္ပံုေဖာ္မယ့္ ဟစ္တိုင္ ဇာတ္ကားကို ဒါရုိက္တာ ဟိန္းစုိးက ႐ိုက္ကူးကာ အကယ္ဒမီအိၿႏၵာေက်ာ္ဇင္၊ အကယ္ဒမီေမသန္းႏု၊ စိုင္းဝဏၰေအာင္၊ ထူးျပည့္ေအာင္ ၊ဇင္မ်ိဳး ၊ ရဲမြန္ ၊ စိုးမိုးၾကည္၊ သန္းသန္းစိုး ၊ လွမ်ိဳးသဥၨာႏြယ္၊ သရုပ္ေဆာင္မ်ားစြာ တို႔ ႏွင့္အတူ ကေလးသရုပ္ေဆာင္ ျပည့္ျပည့္တို႔ က အဓိက ပါဝင္သရုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs