• Cele Yatkwat
    One Man Show မလုပ်ဖြစ်သေးတဲ့အကြောင်း ပြောပြလာတဲ့ ရဲရင့်အောင်
Sabal Thwin
[Unicode Version]

ရဲရင့်အောင်ဟာ သူ့ရဲ့ ရင်ထဲ က လာတဲ့ သီချင်းပုံစံလေးတွေကို  ပရိသိတ်တွေဆီ ချပြချင်သေးတယ်တဲ့။ ဒီသီချင်းတွေပရိသတ် ကို မချပြနိုင်သ၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဘူးလို့လည်း ပြောပါတယ်။

Y 4.jpg 

အဆိုတော် ရဲရင့်အောင်တစ်ယောက် ပရိသတ်တွေအတွက် သီချင်းအခွေအသစ်ထွက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအခွေအသစ် ကို အရမ်းကောင်းစေချင်တဲ့ ဆန္ဒကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရတယ်ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ညက ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကား အတွက် ဂုဏ်ပြုညစာ စားပွဲကိုတက်ရောက်ရင်း မီဒီယာတွေကနေတဆင့် ရင်ဖွင့် ပြောပြလာပါတယ်။

'' အခွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ဖိစီးနေတယ်ဆိုတာက ကျွန်တော်က အရမ်းကောင်းချင်တာဗျ။ ဒါပေမယ့် ကျွန်တော့် ခန္ဓာကိုယ်က အဲ့ဒီလောက်ကောင်းအောင် မလုပ်နိုင်ဘူး အဲ့ဒါကြောင့်လည်း စိတ်ဖိစီးရတယ်။ အဲ့ဒါကြောင့်လည်း ကြာနေတာ အခွေက သူငယ်ချင်းတွေ ကလည်းပြောပါတယ် အဲ့ဒီလောက် စိတ်ဖိစီးစရာမလိုဘူးပြောတယ်၊ ဒါပေမယ့် သူ့ဘာသာသူ ဖြစ်နေတာ'' လို့ ဆိုပါတယ်။

Y 1.jpg

ရဲရင့်အောင်ကို ဝင်းဦးပေါက်စလေးလို့ အန်တီဆွေဇင်ထိုက်က ညွှန်းဆို 

တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့ စိတ်ဖိစီးနေရတဲ့ ရဲရင့်အောင်ဟာ သီချင်းအခွေတစ်ခွေမဟုတ်တောင်မှ သီချင်းတစ်ပုဒ်ကနေ ပြန်ကြားခွင့် ရမယ့် Feedback တွေကိုလည်း မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

'' အခွေတစ်ခွေဆိုတာထက် သီချင်းတစ်ပုဒ်ပေါ့နော် ကျွန်တော်ကြားချင်တာကို မကြားရသ၍ ကျွန်တော်လုပ်နေဦးမယ်။ ကျွန်တော်ဟာ အရမ်းကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်တော့ မဟုတ်ပေမယ့် ကိုယ်ကြားချင်တာလေးတွေတော့ ရှိတယ်၊ အဲ့ဒါကတော့ ကျွန်တော့်ရဲ့ လောဘပါပဲ'' လို့ ဆိုပါတယ်။

Y 2.jpg 

သီချင်းအသစ်တွေကို ဖန်တီးနေတဲ့ ရဲရင့်အောင်ဟာ သူ့ရင်ထဲကထွက်လာတဲ့ သီချင်းပုံစံလေးတွေကို ပရိသတ်အတွက် ချပြနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီသီချင်းတွေ မဖန်တီးရသ၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဘူးလို့ ဆိုပါတယ်။

'' ပရိသတ်ကို ကျွန်တော်ဆိုပြချင်တာတွေ အများကြီးရှိသေးတယ်။ တချို့သီချင်းတွေကို ကျွန်တော်ဖန်တီးလိုက်တယ် ဒါတွေက One Man Show လုပ်တဲ့အခါ ကျွန်တော်ဆိုပြချင်တာလေးတွေပေါ့နော်။ ကျွန်တော်ရင်ထဲကနေ ချပြချင်တဲ့ သီချင်းပုံစံလေးတွေလည်း ရှိသေးတယ်။ ဒါတွေကို မဖန်တီးရသေး သ၍ One Man Show မလုပ်ဘူး'' လို့ ရဲရင့်အောင်က ပြောပါတယ်။

Y 3.jpg 

ရဲရင့်အောင်ဟာ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးမှာ သြရထူး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဂီတအလုပ်နဲ့ ပတ်သက်ပြီးတော့လည်း တစ်ကိုယ်တော်အခွေ အသစ်အမြန်ဆုံးထွက်နိုင်ဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။

[Zawgyi Version]

ရဲရင့္ေအာင္ဟာ သူ႔ရဲ႕ ရင္ထဲ က လာတဲ့ သီခ်င္းပုံစံေလးေတြကုိ  ပရိသိတ္ေတြဆီ ခ်ျပခ်င္ေသးတယ္တဲ့။ ဒီသီခ်င္းေတြပရိသတ္ ကုိ မခ်ျပႏုိင္သ၍ တစ္ကုိယ္ေတာ္ေဖ်ာ္ေျဖပြဲမလုပ္ဘူးလုိ႔လည္း ေျပာပါတယ္။

 

အဆုိေတာ္ ရဲရင့္ေအာင္တစ္ေယာက္ ပရိသတ္ေတြအတြက္ သီခ်င္းအေခြအသစ္ထြက္ႏုိင္ဖုိ႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ ဒီအေခြအသစ္ ကုိ အရမ္းေကာင္းေစခ်င္တဲ့ ဆႏၵေၾကာင့္ စိတ္ဖိစီးမႈေတြ ခံစားေနရတယ္ဆုိၿပီးေတာ့ ဇူလုိင္လ ၁ ရက္ေန႔ညက ငါ့ကုိနမ္းတဲ့ မုန္တုိင္း ဇာတ္ကား အတြက္ ဂုဏ္ျပဳညစာ စားပြဲကုိတက္ေရာက္ရင္း မီဒီယာေတြကေနတဆင့္ ရင္ဖြင့္ ေျပာျပလာပါတယ္။

'' အေခြနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္ စိတ္ဖိစီးေနတယ္ဆုိတာက ကၽြန္ေတာ္က အရမ္းေကာင္းခ်င္တာဗ်။ ဒါေပမယ့္ ကၽြန္ေတာ့္ ခႏၶာကုိယ္က အဲ့ဒီေလာက္ေကာင္းေအာင္ မလုပ္ႏုိင္ဘူး အဲ့ဒါေၾကာင့္လည္း စိတ္ဖိစီးရတယ္။ အဲ့ဒါေၾကာင့္လည္း ၾကာေနတာ အေခြက သူငယ္ခ်င္းေတြ ကလည္းေျပာပါတယ္ အဲ့ဒီေလာက္ စိတ္ဖိစီးစရာမလုိဘူးေျပာတယ္၊ ဒါေပမယ့္ သူ႔ဘာသာသူ ျဖစ္ေနတာ'' လုိ႔ ဆုိပါတယ္။

ရဲရင့္ေအာင္ကို ဝင္းဦးေပါက္စေလးလို႔ အန္တီေဆြဇင္ထုိက္က ညႊန္းဆို 

တစ္ကုိယ္ေတာ္အေခြထြက္ႏုိင္ဖုိ႔ စိတ္ဖိစီးေနရတဲ့ ရဲရင့္ေအာင္ဟာ သီခ်င္းအေခြတစ္ေခြမဟုတ္ေတာင္မွ သီခ်င္းတစ္ပုဒ္ကေန ျပန္ၾကားခြင့္ ရမယ့္ Feedback ေတြကုိလည္း ေမွ်ာ္လင့္ေနခဲ့တာျဖစ္ပါတယ္။

'' အေခြတစ္ေခြဆုိတာထက္ သီခ်င္းတစ္ပုဒ္ေပါ့ေနာ္ ကၽြန္ေတာ္ၾကားခ်င္တာကုိ မၾကားရသ၍ ကၽြန္ေတာ္လုပ္ေနဦးမယ္။ ကၽြန္ေတာ္ဟာ အရမ္းကုိ ကၽြမ္းက်င္တဲ့ ပညာရွင္တစ္ေယာက္ေတာ့ မဟုတ္ေပမယ့္ ကုိယ္ၾကားခ်င္တာေလးေတြေတာ့ ရွိတယ္၊ အဲ့ဒါကေတာ့ ကၽြန္ေတာ့္ရဲ႕ ေလာဘပါပဲ'' လုိ႔ ဆုိပါတယ္။

 

သီခ်င္းအသစ္ေတြကုိ ဖန္တီးေနတဲ့ ရဲရင့္ေအာင္ဟာ သူ႔ရင္ထဲကထြက္လာတဲ့ သီခ်င္းပုံစံေလးေတြကုိ ပရိသတ္အတြက္ ခ်ျပႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လုိ႔ သိရပါတယ္။ ဒီသီခ်င္းေတြ မဖန္တီးရသ၍ တစ္ကုိယ္ေတာ္ေဖ်ာ္ေျဖပြဲမလုပ္ဘူးလုိ႔ ဆုိပါတယ္။

'' ပရိသတ္ကုိ ကၽြန္ေတာ္ဆုိျပခ်င္တာေတြ အမ်ားႀကီးရွိေသးတယ္။ တခ်ဳိ႕သီခ်င္းေတြကုိ ကၽြန္ေတာ္ဖန္တီးလုိက္တယ္ ဒါေတြက One Man Show လုပ္တဲ့အခါ ကၽြန္ေတာ္ဆုိျပခ်င္တာေလးေတြေပါ့ေနာ္။ ကၽြန္ေတာ္ရင္ထဲကေန ခ်ျပခ်င္တဲ့ သီခ်င္းပုံစံေလးေတြလည္း ရွိေသးတယ္။ ဒါေတြကုိ မဖန္တီးရေသး သ၍ One Man Show မလုပ္ဘူး'' လို႔ ရဲရင့္ေအာင္က ေျပာပါတယ္။

 

ရဲရင့္ေအာင္ဟာ မၾကာေသးခင္က ရုံတင္ျပသခ့ဲတဲ့ ငါ့ကုိနမ္းတဲ့ မုန္တုိင္း ရုပ္ရွင္ဇာတ္ကားႀကီးမွာ ၾသရထူး ဆုိတဲ့ ဇာတ္ေကာင္ေနရာက ပါဝင္ သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဂီတအလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း တစ္ကုိယ္ေတာ္အေခြ အသစ္အျမန္ဆုံးထြက္ႏုိင္ဖုိ႔ ႀကိဳးစား ေနတယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs