• Cele Yatkwat
    ကြွေဇာတ်ကားထဲက ကာရိုက်တာအကြောင်းပြောလာတဲ့ လွှမ်းပိုင်
Sabal Thwin
[Unicode Version]

လွှမ်းပိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကား ထဲမှာ နာမည်ကျော် အနုပညာရှင် များစွာတို့က ပါဝင်သရုပ်ဆောင်ထားတာပါ။ အငြိမ်ဇာတ်ရုပ်တွေနဲ့ပဲ ပရိသတ်မြင်နေရတဲ့ လွှမ်းပိုင်က သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းလည်းရှိတယ်လို့ ပြောပါတယ်။

H 1.jpg 

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လွှမ်းပိုင်က တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ တက္ကသိုလ်ကျောင်းသား တစ်ယောက်ရဲ့  အဝတ်အစားဝတ်တဲ့ ပုံစံတွေကိုလည်း လေ့လာခဲ့ရတယ် ဆိုပြီးတော့ ဇူလိုင် ၁ရက်နေ့ညက ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ကြွေ ဇာတ်ကားထဲမှာက အပြင်က ကျောင်းသားတစ်ယောက်ရဲ့ ကာရိုက်တာပေါ့။ အပြင်မှာ Day တက်တဲ့ ကျောင်းသားတွေ ဘယ်လို တက်သလဲဆိုတာကို လေ့လာပြီး ဖက်ရှင်ပိုင်းကို သူတို့တွေအတိုင်း ဝတ်ထားတယ်။ အရမ်းသန့်ပြန့်နေတဲ့ ပုံစံမျိုးတွေ ကျွန်တော်မဝတ်ဘူး။ ဒီဝတ္ထုထဲက ကာရိုက်တာလေးကလည်း ဒီလိုဖြစ်မယ်လို့ထင်ပါတယ်'' လို့ သူကဆိုပါတယ်။

ပရိသတ်ကြိုက်တဲ့ ဇာတ်ဝင်ခန်းအကြောင်းပြောလာတဲ့ လွှမ်းပိုင်  

H 2.jpg 

လွှမ်းပိုင်ဟာ င့ါကို နမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားထဲမှာလည်း စာရေးဆရာတစ်ယောက်အဖြစ် ပါဝင်ထားသလို ကြွေရုပ်ရှင်ဇာတ်ကားထဲမှာ လည်း တက္ကသိုလ်ကျောင်းသား တစ်ယောက်အဖြစ် ပါဝင်ထားတာကြောင့် သူ့အတွေက် အငြိမ်ဇာတ်ရုပ်တွေ မရိုက်ချင်တော့ဘူးလို့ ဆိုပါတယ်။

'' ကြွေ ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဆိုရင် ကိုထွန်းထွန်း၊ ကိုခန့်စည်သူ၊ မကြီးစိုး၊ တိုင်ရွန် အများကြီးပဲ ပါတယ်။ အနုပညာရှင်တွေ အများကြီး သိုက်သိုက်မြိုက်မြိုက်ပါဝင်ထားတော့ လာကြည့်တဲ့ ပရိသတ်လည်းတွေကလည်း ကြိုက်ကြမယ်လို့ ထင်တယ်။ အငြိမ်ဇာတ်ရုပ်တွေ ပဲရိုက်နေရတာဆိုပေမယ့် တကယ်တော့ မရိုက်ချင်ဘူး ပျင်းဖို့ကောင်းတယ်'' လို့ ဆိုပါတယ်။

5.jpg 

လွှမ်းပိုင်က ကိုယ်တိုင်စဉ်းစားပြီး ရေးသားထားတဲ့ ဇာတ်လမ်းလေးရှိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အဆင့်အတန်းချင်း မတူတဲ့ ကောင်မလေးနဲ့ ကောင်လေး တို့ရဲ့ အကြောင်းကို စဉ်းစားမိရင်း ရေးသားခဲ့တဲ့ ဇာတ်လမ်းပါလို့ ဆိုပါတယ်။

'' ကျွန်တော်အရမ်းရိုက်ချင်တဲ့ ဇာတ်ကားလေးရှိတယ်၊ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းလေးပေါ့ အဆင့်အတန်းကွာတဲ့ ကောင်မ လေးနဲ့ ကောင်လေး နှစ်ယောက်မှာဆိုရင် ကျွန်တော်က အောက်တန်းစားဆန်တဲ့ ကောင်လေး ပုံစံမျိုး လုပ်ချင်တာ။ ဂျစ်ကန်ကန် နဲ့ မဟုတ် မခံပေါ့။ ဒီလိုမျိုးဖြစ်လာခဲ့ရင် ဘယ်လိုရွေးချယ်ကြမလဲဆိုတာကို စဉ်းစားမိရင်းရေးဖြစ်တာပါ'' လို့ လွှမ်းပိုင်က ပြောပါတယ်။

9.jpg 

ကြွေ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ လွှမ်းပိုင်၊ ရဲအောင်၊ စိုးမြတ်သူဇာ နဲ့ အိချောပို တို့နဲ့ အတူ ခန့်စည်သူ၊ ထွန်းထွန်း၊ ဗေလုဝ၊ တိုင်ရွန်တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

[Zawgyi Version]


 




 



 



 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs