• Cele Yatkwat
    ပထမဆုံးအကြိမ် ဗီလိန်စစ်စစ်အဖြစ် သရုပ်ဆောင်မယ့် သန်းသန်းစိုး
Sabal Thwin
[Unicode Version]

သန်းသန်းစိုးတစ်ယောက် ဟစ်တိုင်ရုပ်ရှင်ကားထဲမှာ ဗီလိန်တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အနုပညာ သက်တမ်း ၃၅ နှစ်အတွင်းမှာ ဗီလိန်စစ်စစ်အဖြစ် ပထမဆုံး သရုပ်ဆောင်ရမှာပါတဲ့။ ဒီဇာတ်ရုပ်အတွက် ကမ်းလှမ်းခြင်း ခံရချိန်မှာလည်း ထိတ်လန့်ခဲ့ရတယ်လို့ပြောပါတယ်။

T 3.jpg 

ဇာတ်ပို့သရုပ်ဆောင် သန်းသန်းစိုးက ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားထဲမှာ ဗီလိန်ကာရိုက်တာ အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဗီလိန်ဇာတ်ရုပ်အဖြစ် ပါဝင်ရမယ့် ဇာတ်ဝင်ခန်းတွေဟာ နည်းပေမယ့် ကာရိုက်တာကတော့ အင်မတန်ဆိုးတဲ့ ဗီလိန်ပါလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ အန်တီ ဇာတ်ဝင်ခန်းတွေ အများကြီးတော့ မပါဘူး။ ဇာတ်ဝင်ခန်း ၂ ခန်း ၃ ခန်းလောက်ပဲ ပါပါတယ်။ ဒါပေမယ့် အန်တီဟာ အင်မတန်ဆိုးတဲ့ ဗီလိန်ပါ။ ဗီလိန်ဆိုတဲ့ နေရာမှာလည်း အရမ်းဆိုးတဲ့ အမေနေရာ၊ ယောက္ခမနေရာကနေသရုပ်ဆောင်ဖူးပါတယ်။ ဒါပေမယ့် အခုသရုပ်ဆောင်ရမယ့် ဗီလိန်စစ်စစ်ကတော့ ပထမဆုံးပဲ''လို့ ဆိုပါတယ်။

T 1.jpg 

ဗီလိန်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ရဖို့အတွက် စတင်ကမ်းလှမ်းလာတဲ့အချိန်မှာ အရမ်းကိုလန့်သွားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူဟာ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာတစ်ခုလို ခံစားပြီး သရုပ်ဆောင်သွားမှာဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က ဟစ်တိုင် ဇာတ်ကားကန်တော့ပွဲကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

'' လာကမ်းလှမ်းတဲ့ အချိန်တုန်းကတော့ တကယ်ကို တော်တော်လန့်သွားတယ်။ ဒါပေမယ့် ဒါရိုက်တာ ကိုဟိန်းစိုးကတော့ ပြောပါတယ် သရုပ်ဆောင်ဆိုတာ သရုပ်ဆောင်စိတ်ပဲ မွေးရမယ်။ အန်တီဟာ နှစ်ပေါင်း ၃၅ နှစ်အကြာသရုပ်ဆောင်ခဲ့တဲ့ အခါမှာ အနုပညာသမား စစ်စစ်ဖြစ်တဲ့အတွက် အနုပညာကို အနုပညာလိုပဲ ခံစားပြီးတော့ သရုပ်ဆောင်သွားမှာပါ'' လို့ ဆိုပါတယ်။

T 2.jpg

စိတ်ဓာတ်ပြင်းထန်တဲ့ မိန်းမပုံစံမြင်ရမယ့် အိန္ဒြာကျော်ဇင်  

ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီးဟာ သက်ငယ်မုဒိန်းမှုအတွက် ပညာပေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှုဆိုတာ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စ၊ အင်မတန် ရွံရှာစရာကောင်းပါတယ်လို့ ဒေါ်သန်းသန်းစိုးက ဆိုပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ရမယ့် ကာရိုက်တာကတော့ သူ့စိတ်ဓာတ်နဲ့ လုံးဝကွာခြားပါတယ်။

'' အန်တီသရုပ်ဆောင်ရမယ့် ကာရိုက်တာကတော့ အန်တီနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ အန်တီသည် ဒါကို ထောက်ခံတာ လည်း မဟုတ်ဘူး အားပေးတာလည်း မဟုတ်ဘူး။ အရိုင်းဆုံးပြောရမယ်ဆိုရင်တော့ အန်တီက လင်တရူးတာ၊ ဒီလင်တစ်ယောက် အတွက်ပဲ လင်တရူးတဲ့ ပုံစံပါ'' လို့ သူ သရုပ်ဆောင်ရမယ့် ကာရိုက်တာအကြောင်းကို ပြောပြပါတယ်။

28378037_148684432618512_6558629464326861275_n.jpg

Photo: သန်းသန်းစိုးဖေ့စ်ဘွတ်

 

သရုပ်ဆောင် သန်းသန်းစိုးဟာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ အနုပညာသက်တမ်း ၃၅ နှစ် အတွင်းမှာလည်း ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားသူပါ။ သူ့အနေနဲ့ ဟစ်တိုင်ရုပ်ရှင်ကားမှာ သရုပ်ဆောင်ရင်း ပရိသတ်အတွက် ဘယ်လိုရသမျိုးတွေ ပေးနိုင်မလဲဆိုတာ စောင့်မျှော်ရမှာဖြစ်ပါတယ်။

 

[Zawgyi Version]

သန္းသန္းစုိးတစ္ေယာက္ ဟစ္တုိင္ရုပ္ရွင္ကားထဲမွာ ဗီလိန္တစ္ေယာက္ေနရာက ပါဝင္သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ အႏုပညာ သက္တမ္း ၃၅ ႏွစ္အတြင္းမွာ ဗီလိန္စစ္စစ္အျဖစ္ ပထမဆုံး သရုပ္ေဆာင္ရမွာပါတဲ့။ ဒီဇာတ္ရုပ္အတြက္ ကမ္းလွမ္းျခင္း ခံရခ်ိန္မွာလည္း ထိတ္လန္႔ခဲ့ရတယ္လုိ႔ေျပာပါတယ္။

 

ဇာတ္ပုိ႔သရုပ္ေဆာင္ သန္းသန္းစုိးက ဟစ္တုိင္ ရုပ္ရွင္ဇာတ္ကားထဲမွာ ဗီလိန္ကာရုိက္တာ အျဖစ္ပါဝင္သရုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဗီလိန္ဇာတ္ရုပ္အျဖစ္ ပါဝင္ရမယ့္ ဇာတ္ဝင္ခန္းေတြဟာ နည္းေပမယ့္ ကာရုိက္တာကေတာ့ အင္မတန္ဆုိးတဲ့ ဗီလိန္ပါလုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပခ့ဲပါတယ္။

'' ဒီဇာတ္ကားထဲမွာေတာ့ အန္တီ ဇာတ္ဝင္ခန္းေတြ အမ်ားႀကီးေတာ့ မပါဘူး။ ဇာတ္ဝင္ခန္း ၂ ခန္း ၃ ခန္းေလာက္ပဲ ပါပါတယ္။ ဒါေပမယ့္ အန္တီဟာ အင္မတန္ဆုိးတဲ့ ဗီလိန္ပါ။ ဗီလိန္ဆုိတဲ့ ေနရာမွာလည္း အရမ္းဆုိးတဲ့ အေမေနရာ၊ ေယာကၡမေနရာကေနသရုပ္ေဆာင္ဖူးပါတယ္။ ဒါေပမယ့္ အခုသရုပ္ေဆာင္ရမယ့္ ဗီလိန္စစ္စစ္ကေတာ့ ပထမဆုံးပဲ''လုိ႔ ဆုိပါတယ္။

 

ဗီလိန္ဇာတ္ရုပ္အျဖစ္ သရုပ္ေဆာင္ရဖုိ႔အတြက္ စတင္ကမ္းလွမ္းလာတဲ့အခ်ိန္မွာ အရမ္းကုိလန္႔သြားတယ္လုိ႔ ေျပာပါတယ္။ ဒါေပမယ့္ သူဟာ အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ အႏုပညာတစ္ခုလုိ ခံစားၿပီး သရုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ဇူလုိင္လ ၄ ရက္ေန႔က ဟစ္တုိင္ ဇာတ္ကားကန္ေတာ့ပြဲကုိ တက္ေရာက္လာရင္း မီဒီယာေတြကို ေျဖဆုိခဲ့တာ ျဖစ္ပါတယ္။

'' လာကမ္းလွမ္းတဲ့ အခ်ိန္တုန္းကေတာ့ တကယ္ကုိ ေတာ္ေတာ္လန္႔သြားတယ္။ ဒါေပမယ့္ ဒါရုိက္တာ ကုိဟိန္းစုိးကေတာ့ ေျပာပါတယ္ သရုပ္ေဆာင္ဆုိတာ သရုပ္ေဆာင္စိတ္ပဲ ေမြးရမယ္။ အန္တီဟာ ႏွစ္ေပါင္း ၃၅ ႏွစ္အၾကာသရုပ္ေဆာင္ခဲ့တဲ့ အခါမွာ အႏုပညာသမား စစ္စစ္ျဖစ္တဲ့အတြက္ အႏုပညာကုိ အႏုပညာလုိပဲ ခံစားၿပီးေတာ့ သရုပ္ေဆာင္သြားမွာပါ'' လုိ႔ ဆုိပါတယ္။

စိတ္ဓာတ္ျပင္းထန္တဲ့ မိန္းမပုံစံျမင္ရမယ့္ အိျႏၵာေက်ာ္ဇင္  

ဟစ္တိုင္ ရုပ္ရွင္ဇာတ္ကားႀကီးဟာ သက္ငယ္မုဒိန္းမႈအတြက္ ပညာေပးဇာတ္ကားတစ္ကားျဖစ္ပါတယ္။ သက္ငယ္မုဒိမ္းမႈဆုိတာ ဗုဒၶဘာသာတုိင္းျပည္မွာ ဘယ္လိုမွ မျဖစ္သင့္တဲ့ကိစၥ၊ အင္မတန္ ရြံရွာစရာေကာင္းပါတယ္လို႔ ေဒၚသန္းသန္းစိုးက ဆုိပါတယ္။ ဒါေပမဲ့ သ႐ုပ္ေဆာင္ရမယ့္ ကာ႐ိုက္တာကေတာ့ သူ႔စိတ္ဓာတ္နဲ႔ လံုးဝကြာျခားပါတယ္။

'' အန္တီသရုပ္ေဆာင္ရမယ့္ ကာရုိက္တာကေတာ့ အန္တီနဲ႔ လုံးဝ ဆန္႔က်င္ဘက္ပဲ။ အန္တီသည္ ဒါကုိ ေထာက္ခံတာ လည္း မဟုတ္ဘူး အားေပးတာလည္း မဟုတ္ဘူး။ အရုိင္းဆုံးေျပာရမယ္ဆုိရင္ေတာ့ အန္တီက လင္တရူးတာ၊ ဒီလင္တစ္ေယာက္ အတြက္ပဲ လင္တရူးတဲ့ ပုံစံပါ'' လုိ႔ သူ သ႐ုပ္ေဆာင္ရမယ့္ ကာ႐ိုက္တာအေၾကာင္းကို ေျပာျပပါတယ္။

Photo: သန္းသန္းစုိးေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ သန္းသန္းစုိးဟာ က်ရာဇာတ္ရုပ္တုိင္းကုိ ပီျပင္ေအာင္ သရုပ္ေဆာင္ႏုိင္သူတစ္ဦး ျဖစ္ပါတယ္။ အႏုပညာသက္တမ္း ၃၅ ႏွစ္ အတြင္းမွာလည္း ပရိသတ္အားေပးခ်စ္ခင္မႈကို အခုိင္အမာရရွိထားသူပါ။ သူ႔အေနနဲ႔ ဟစ္တုိင္ရုပ္ရွင္ကားမွာ သရုပ္ေဆာင္ရင္း ပရိသတ္အတြက္ ဘယ္လုိရသမ်ဳိးေတြ ေပးႏုိင္မလဲဆုိတာ ေစာင့္ေမွ်ာ္ရမွာျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs