• Cele Yatkwat
    ပြည်ပနိုင်ငံတွေအထိ အရောက်ပို့မယ့် သားစိုးရဲ့ ရောသမနှပ်လက်ဖက်
Sabal Thwin
[Unicode Version]

သားစိုးကိုယ်တိုင်ပြုလုပ်လိုက်တဲ့ ရောသမနှပ် လက်ဖက်ကို ထုတ်လုပ်ဖြန့်ချိလိုက်ပါပြီ။  လက်ဖက်စပ်ခဲ့ရစဉ်က အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတာပါ။ ပြည်တွင်းမှာ ဝယ်ယူရရှိနိုင်နေပြီဖြစ်တဲ့ သားစိုးရဲ့လက်ဖက်က ပြည်ပနိုင်ငံအထိ ဈေးကွက်ထိုးဖောက်နိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။

6.jpg 

အဆိုတော်သားစိုးက ရောသမနှပ် လက်ဖက်ကို ဇူလိုင်လ ၄ ရက်နေ့ကစပြီး ပရိသတ်တွေနဲ့ မိတ်ဆက် ပေးလိုက်ပါပြီ။ ရောသမနှပ် လက်ဖက်ကို သားစိုးကိုယ်တိုင် ကြိုးကြိုးစားစားနဲ့ ထုတ်လုပ်ခဲ့ရတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ရောသမနှပ် လက်ဖက်ကို ကျွန်တော်ကိုယ်တိုင် ဖော်ထုတ်ပြီး ၂၀၁၄ ကတည်းက မြည်းစမ်းထားတဲ့ လက်ဖက်ဖြစ်ပါတယ်။ အစအဆုံး ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ လက်ဖက်ကြိတ်သားကနေ ဇောင်းခါးသီး နှပ်တာကအစ ကိုယ့်ဘာသာကိုယ် တော်တော်များများ ကြိုးစားပြီးမှ ဒီလိုအခြေအနေ ရောက်လာခဲ့တာပါ'' လို့ သားစိုးက ပြောပါတယ်။

7 .jpg 

သားစိုးဟာ ရောသမနှပ် လက်ဖက်ကို FDA အောင်ဖို့အတွက် တစ်နှစ်ကျော်လောက် စောင့်ခဲ့ရတယ်လို့ သိရပါတယ်။ အစားအသောက် လုပ်ငန်းကိုလည်း ကျွမ်းကျင်မှု မရှိတာကြောင့် ဒုက္ခရောက်ခဲ့ရတာတွေ ရှိခဲ့ကြောင်း ဇူလိုင်လ ၄ ရက်နေ့က Park Royal Hotel မှာ ကျင်းပပြုလုပ် ခဲ့တဲ့ ရောသမနှပ် လက်ဖက် မိတ်ဆက်ပွဲက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

ကိုယ်ပိုင်မြန်မာမုန့်ထုတ်မယ်ဆိုတဲ့ သားစိုး  

အခုတော့ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ပြီဖြစ်တဲ့  သားစိုးရဲ့ ရောသမနှပ်လက်ဖက်ကို သူငယ်ချင်း မိတ်ဆွေတွေက ပြည်ပနိုင်ငံတွေအထိ သယ်ဆောင်သွားပေးကြတဲ့အတွက် နိုင်ငံအတော်များများကို ရောက်ရှိနေပါပြီ။

'' နိုင်ငံခြားတွေတော့ ရောက်ကုန်ကြပြီ သူငယ်ချင်းတွေ ယူသွားကြတာပေါ့နော်။  မဖြူဖြူကျော်သိန်းဆိုလည်း ပြင်သစ်ကို ယူသွားတယ် ပဲရစ် မှာ အီဖယ်မျှော်စင်နဲ့ သူရိုက်ပေးထားတယ်။ တခြားမိတ်ဆွေတွေဆိုလည်း အမေရိကားရောက်သွားတယ်။ ဝါရှင်တန် ဒီစီကိုရောက်သွားတယ်။ ဂျပန်ကသူငယ်ချင်းတွေကလည်း ဂျပန်ကို ပို့ပေးဖို့ ဖုန်းတွေဆက်လာကြတယ်''လို့ ပြောပြပါတယ်။

teaser.png

သားစိုးရဲ့ ၅၀ တန် ရောသမနှပ် လက်ဖက်ထုပ်များ

 

နိုင်ငံခြားရောက်နေတဲ့ မြန်မာများ ဝယ်ယူနိုင်ရန်အတွက် Amazon လို အွန်လိုင်းအရောင်းဝက်ဆိုဒ်တွေမှာ တင်သွားဖို့အထိ သားစိုးက စီစဉ်စိတ်ကူးထားပါတယ်။ လောလောဆယ်တော့ ရန်ကုန်ကဆိုင်တွေမှာ ရောသမနှပ်လက်ဖက် ၅၀ တန် အထုပ်လေးတွေ ဖြန့်ချိထားတယ်လို့ သိရပါတယ်။ အများအပြားဝယ်လိုတယ်ဆိုရင် ရောသမနှပ်ဖေ့စ်ဘွတ်ပေ့ချ် ကနေ မှာယူနိုင်တယ်လို့လည်း သားစိုးက ပြောပြပါတယ်။

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ သားစိုးဟာ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ ရောသမနှပ် လက်ဖက်လုပ်ငန်းကို ဦးဆောင်နေရပြီဖြစ်ပါတယ်။ အဲ့ဒါအပြင် သားစိုးတို့ ဇနီးမောင်နှံရဲ့ ပထမအကြိမ် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေပိုးနန်းတော် ဆိုတဲ့ ပိုးထည်ဆိုင်ကြီးကလည်း အောင်မြင်မှုရရှိထားပါတယ်။ မြန်မာမုန့်တွေထုတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

သားစုိးကိုယ္တုိင္ျပဳလုပ္လိုက္တဲ့ ေရာသမႏွပ္ လက္ဖက္ကို ထုတ္လုပ္ျဖန္႔ခ်ိလိုက္ပါၿပီ။  လက္ဖက္စပ္ခဲ့ရစဥ္က အခက္အခဲေတြ အမ်ားႀကီး ၾကံဳေတြ႕ခဲ့ရတာပါ။ ျပည္တြင္းမွာ ဝယ္ယူရရွိႏိုင္ေနၿပီျဖစ္တဲ့ သားစိုးရဲ႕လက္ဖက္က ျပည္ပႏိုင္ငံအထိ ေစ်းကြက္ထိုးေဖာက္ႏုိင္မယ့္ အလားအလာေတြ ရွိေနပါတယ္။

 

အဆိုေတာ္သားစုိးက ေရာသမႏွပ္ လက္ဖက္ကုိ ဇူလုိင္လ ၄ ရက္ေန႔ကစၿပီး ပရိသတ္ေတြနဲ႔ မိတ္ဆက္ ေပးလုိက္ပါၿပီ။ ေရာသမႏွပ္ လက္ဖက္ကုိ သားစုိးကုိယ္တုိင္ ႀကိဳးႀကိဳးစားစားနဲ႔ ထုတ္လုပ္ခဲ့ရတယ္လုိ႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' ေရာသမႏွပ္ လက္ဖက္ကုိ ကၽြန္ေတာ္ကုိယ္တုိင္ ေဖာ္ထုတ္ၿပီး ၂၀၁၄ ကတည္းက ျမည္းစမ္းထားတဲ့ လက္ဖက္ျဖစ္ပါတယ္။ အစအဆုံး ကၽြန္ေတာ္ကုိယ္တုိင္လုပ္ထားတာ လက္ဖက္ႀကိတ္သားကေန ေဇာင္းခါးသီး ႏွပ္တာကအစ ကိုယ့္ဘာသာကုိယ္ ေတာ္ေတာ္မ်ားမ်ား ႀကိဳးစားၿပီးမွ ဒီလုိအေျခအေန ေရာက္လာခဲ့တာပါ'' လုိ႔ သားစုိးက ေျပာပါတယ္။

 

သားစုိးဟာ ေရာသမႏွပ္ လက္ဖက္ကုိ FDA ေအာင္ဖုိ႔အတြက္ တစ္ႏွစ္ေက်ာ္ေလာက္ ေစာင့္ခဲ့ရတယ္လုိ႔ သိရပါတယ္။ အစားအေသာက္ လုပ္ငန္းကုိလည္း ကၽြမ္းက်င္မႈ မရွိတာေၾကာင့္ ဒုကၡေရာက္ခဲ့ရတာေတြ ရွိခဲ့ေၾကာင္း ဇူလုိင္လ ၄ ရက္ေန႔က Park Royal Hotel မွာ က်င္းပျပဳလုပ္ ခဲ့တဲ့ ေရာသမႏွပ္ လက္ဖက္ မိတ္ဆက္ပြဲက Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

ကုိယ္ပုိင္ျမန္မာမုန္႔ထုတ္မယ္ဆုိတဲ့ သားစုိး  

အခုေတာ့ ေအာင္ေအာင္ျမင္ျမင္ ထုတ္လုပ္ႏိုင္ၿပီျဖစ္တဲ့  သားစုိးရဲ႕ ေရာသမႏွပ္လက္ဖက္ကုိ သူငယ္ခ်င္း မိတ္ေဆြေတြက ျပည္ပႏုိင္ငံေတြအထိ သယ္ေဆာင္သြားေပးၾကတဲ့အတြက္ ႏိုင္ငံအေတာ္မ်ားမ်ားကို ေရာက္ရွိေနပါၿပီ။

'' ႏုိင္ငံျခားေတြေတာ့ ေရာက္ကုန္ၾကၿပီ သူငယ္ခ်င္းေတြ ယူသြားၾကတာေပါ့ေနာ္။  မျဖဴျဖဴေက်ာ္သိန္းဆုိလည္း ျပင္သစ္ကုိ ယူသြားတယ္ ပဲရစ္ မွာ အီဖယ္ေမွ်ာ္စင္နဲ႔ သူရုိက္ေပးထားတယ္။ တျခားမိတ္ေဆြေတြဆုိလည္း အေမရိကားေရာက္သြားတယ္။ ဝါရွင္တန္ ဒီစီကုိေရာက္သြားတယ္။ ဂ်ပန္ကသူငယ္ခ်င္းေတြကလည္း ဂ်ပန္ကုိ ပုိ႔ေပးဖုိ႔ ဖုန္းေတြဆက္လာၾကတယ္''လုိ႔ ေျပာျပပါတယ္။

သားစိုးရဲ႕ ၅၀ တန္ ေရာသမႏွပ္ လက္ဖက္ထုပ္မ်ား

 

ႏုိင္ငံျခားေရာက္ေနတဲ့ ျမန္မာမ်ား ဝယ္ယူႏုိင္ရန္အတြက္ Amazon လို အြန္လိုင္းအေရာင္းဝက္ဆုိဒ္ေတြမွာ တင္သြားဖို႔အထိ သားစိုးက စီစဥ္စိတ္ကူးထားပါတယ္။ ေလာေလာဆယ္ေတာ့ ရန္ကုန္ကဆုိင္ေတြမွာ ေရာသမႏွပ္လက္ဖက္ ၅၀ တန္ အထုပ္ေလးေတြ ျဖန္႔ခ်ိထားတယ္လို႔ သိရပါတယ္။ အမ်ားအျပားဝယ္လိုတယ္ဆုိရင္ ေရာသမႏွပ္ေဖ့စ္ဘြတ္ေပ့ခ်္ ကေန မွာယူႏိုင္တယ္လို႔လည္း သားစိုးက ေျပာျပပါတယ္။

အႏုပညာလႈပ္ရွားမႈေတြ သိပ္မေတြ႔ရေတာ့တဲ့ သားစုိးဟာ ကုိယ္ပုိင္စားေသာက္ကုန္လုပ္ငန္းျဖစ္တဲ့ ေရာသမႏွပ္ လက္ဖက္လုပ္ငန္းကို ဦးေဆာင္ေနရၿပီျဖစ္ပါတယ္။ အဲ့ဒါအျပင္ သားစုိးတုိ႔ ဇနီးေမာင္ႏွံရဲ႕ ပထမအႀကိမ္ ကုိယ္ပုိင္စီးပြားေရးျဖစ္တဲ့ ေရႊပုိးနန္းေတာ္ ဆုိတဲ့ ပုိးထည္ဆုိင္ႀကီးကလည္း ေအာင္ျမင္မႈရရွိထားပါတယ္။ ျမန္မာမုန္႔ေတြထုတ္ဖုိ႔လည္း ျပင္ဆင္ေနတယ္လုိ႔ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs