• Cele Yatkwat
    စည်ဖြိုးတို့မိသားစုက ဆရာမ E.T အတွက် မွေးနေ့အလှူပြုလုပ်
Sabal Thwin
[Unicode Version]

အကြားအမြင်ဆရာမကြီး E.T ရဲ့ မကွယ်လွန်မီက ဆန္ဒအတိုင်း မိသားစုဝင်တွေက အလှူများစွာ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဆရာမကြီး ကွယ်လွန်ပြီးကတည်းက ကျောင်းဆောင်များစွာ ဆောက်လုပ်လှူဒါန်းခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှစလို့ ယနေ့အလှူမတိုင်ခင်အထိ စုစုပေါင်း သိန်း ၇,၀၀၀ လှူဒါန်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

S 2.jpg 

အကြားအမြင်ဆရာမကြီး E.T ရဲ့ အသက် ၅၉ နှစ်ပြည့် မွေးနေ့အလှူကို ဒီနေ့ ဇူလိုင်လ ၅ ရက်က မန္တလေးပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာမကြီးရဲ့ ဆန္ဒအတိုင်း အလှူများစွာ ပြုလုပ်နေတာဖြစ်တဲ့အကြောင်းတွေကို  စည်ဖြိုးနဲ့ မိခင်တို့က ပြောပြခဲ့ပါတယ်။

'' သူက မဆုံးခင်ကတည်းက အလှူပေါင်း မြောက်များစွာလုပ်ခဲ့တယ်။ ဘုန်းကြီးကျောင်းတွေ ဆောက်တယ်၊ သံဃာတော်တွေအများကြီး ပံ့ပိုး ပေးခဲ့တယ်။ ဆေးရုံတွေမှာလည်း ဆေးရုံပစ္စည်းတွေ၊ ပြီးတော့ E.T ဆေးရုံ၊ E.T ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ခဲ့တယ်။ အလှူအမျိုးမျိုး လှူဒါန်းခဲ့ဖူးတယ်။ သီလရှင်ကျောင်းဆောက်ချင်တဲ့ သူ့ရဲ့ ဆန္ဒလေးကိုလည်း အန်တီတို့ မိသားစုက ဖြည့်ဆည်းပေးလိုက်ပါပြီ'' လို့ဆိုပါတယ်။

S 1.jpg 

ဆရာမကြီး E.T ရဲ့ တူတော်စပ်သူ သရုပ်ဆောင် စည်ဖြိုးဟာ ဆရာမကြီးအတွက် လစဉ်အလှူတွေ လုပ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက အနေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အလှူအတန်းတွေ လုပ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

'' မဆွေ ဆုံးသွားပြီးကတည်းက လစဉ်ဒီလိုပဲ အလှူတွေလုပ်ဖြစ်တယ်။ ဘုန်းကြီးကျောင်းတွေကို အဓိက ထားတယ်ပေါ့။ ကျောင်းမရှိတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် ကျောင်းသွားလှူတယ်။ သိမ်မရှိတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် သိမ်လှူတယ်။ ကုှဋီမရှိတဲ့ ဘုန်းကြီးကျောင်း ဆိုရင် ကုှဋီပေါ့၊ ဒီနေ့ လှူဖြစ်တဲ့ကျောင်းမှာ မယ်သီလရှင်ကျောင်းဆောင်မရှိလို့ ကျောင်းဆောင်လှူဖြစ်တယ်''လို့ စည်ဖြိုးက ပြောပါတယ်။

Si phyo.jpg 

ပရိသတ်အတွက် ရိုးမသွားအောင် ကျားကုတ်၊ ကျားခဲ ကြိုးစားနေတဲ့ စည်ဖြိုး 

အလှူပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင် ထွန်းထွန်းက  အကြားအမြင်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းနဲ့ တွေ့ဆုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။

'' ကိုစည်ဖြိုးတို့နဲ့ကလည်း ခင်နေတယ်၊ ဆရာမကြီး ဆွေဆွေဝင်းနဲ့လည်း တစ်ခါတွေ့ဖူးပါတယ်။ ဒီနေ့မှာ ဆရာမကြီးရဲ့ မွေးနေ့အလှူရှိတယ် ဆိုပြီးတော့ ဖိတ်ကြားလာတဲ့အတွက် ကိုစည်ဖြိုးတိို့နဲ့ အတူ ကုသိုလ်လာယူဖြစ်ခဲ့တာပါ'' လို့ အလှူကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။

Tun .jpg 

အကြားအမြင်ဆရာမကြီး  E.T(ခ) ဒေါ်ဆွေဆွေဝင်းဟာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်တဲ့သူပါ။  ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနဲ့ အတူ တခြားထိုင်းဝန်ကြီးများကတောင် လေးစား အားထားရသူ ဖြစ်ပါတယ်။ ဆရာမ E.T(ခ) ဒေါ်ဆွေဆွေဝင်းက ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

အၾကားအျမင္ဆရာမႀကီး E.T ရဲ႕ မကြယ္လြန္မီက ဆႏၵအတုိင္း မိသားစုဝင္ေတြက အလွဴမ်ားစြာ ျပဳလုပ္ေပးေနတာ ျဖစ္ပါတယ္။ ဆရာမႀကီး ကြယ္လြန္ၿပီးကတည္းက ေက်ာင္းေဆာင္မ်ားစြာ ေဆာက္လုပ္လွဴဒါန္းခဲ့တာ ျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွစလို႔ ယေန႔အလွဴမတိုင္ခင္အထိ စုစုေပါင္း သိန္း ၇,၀၀၀ လွဴဒါန္းၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

 

အၾကားအျမင္ဆရာမႀကီး E.T ရဲ႕ အသက္ ၅၉ ႏွစ္ျပည့္ ေမြးေန႔အလွဴကုိ ဒီေန႔ ဇူလုိင္လ ၅ ရက္က မႏၱေလးပရိယတၱိစာသင္တုိက္မွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဆရာမႀကီးရဲ႕ ဆႏၵအတုိင္း အလွဴမ်ားစြာ ျပဳလုပ္ေနတာျဖစ္တဲ့အေၾကာင္းေတြကို  စည္ၿဖိဳးနဲ႔ မိခင္တို႔က ေျပာျပခဲ့ပါတယ္။

'' သူက မဆုံးခင္ကတည္းက အလွဴေပါင္း ေျမာက္မ်ားစြာလုပ္ခ့ဲတယ္။ ဘုန္းႀကီးေက်ာင္းေတြ ေဆာက္တယ္၊ သံဃာေတာ္ေတြအမ်ားႀကီး ပ့ံပုိး ေပးခဲ့တယ္။ ေဆးရုံေတြမွာလည္း ေဆးရုံပစၥည္းေတြ၊ ၿပီးေတာ့ E.T ေဆးရုံ၊ E.T ေဖာင္ေဒးရွင္းကုိလည္း တည္ေထာင္ခဲ့တယ္။ အလွဴအမ်ဳိးမ်ဳိး လွဴဒါန္းခဲ့ဖူးတယ္။ သီလရွင္ေက်ာင္းေဆာက္ခ်င္တဲ့ သူ႔ရဲ႕ ဆႏၵေလးကုိလည္း အန္တီတုိ႔ မိသားစုက ျဖည့္ဆည္းေပးလုိက္ပါၿပီ'' လုိ႔ဆုိပါတယ္။

 

ဆရာမႀကီး E.T ရဲ႕ တူေတာ္စပ္သူ သရုပ္ေဆာင္ စည္ၿဖိဳးဟာ ဆရာမႀကီးအတြက္ လစဥ္အလွဴေတြ လုပ္ေပးျဖစ္တယ္လုိ႔ ဆုိပါတယ္။ အဓိက အေနနဲ႔ ဘုန္းႀကီးေက်ာင္းေတြမွာ အလွဴအတန္းေတြ လုပ္ျဖစ္တယ္လုိ႔ သူက ေျပာပါတယ္။

'' မေဆြ ဆုံးသြားၿပီးကတည္းက လစဥ္ဒီလုိပဲ အလွဴေတြလုပ္ျဖစ္တယ္။ ဘုန္းႀကီးေက်ာင္းေတြကုိ အဓိက ထားတယ္ေပါ့။ ေက်ာင္းမရွိတဲ့ ဘုန္းႀကီးေက်ာင္းေတြဆုိရင္ ေက်ာင္းသြားလွဴတယ္။ သိမ္မရွိတဲ့ ဘုန္းႀကီးေက်ာင္းေတြဆုိရင္ သိမ္လွဴတယ္။ ကုွဋီမရွိတဲ့ ဘုန္းႀကီးေက်ာင္း ဆုိရင္ ကုွဋီေပါ့၊ ဒီေန႔ လွဴျဖစ္တဲ့ေက်ာင္းမွာ မယ္သီလရွင္ေက်ာင္းေဆာင္မရွိလုိ႔ ေက်ာင္းေဆာင္လွဴျဖစ္တယ္''လုိ႔ စည္ၿဖိဳးက ေျပာပါတယ္။

 

ပရိသတ္အတြက္ ရုိးမသြားေအာင္ က်ားကုတ္၊ က်ားခဲ ႀကိဳးစားေနတဲ့ စည္ျဖဳိး 

အလွဴပြဲကို တက္ေရာက္လာတဲ့ သရုပ္ေဆာင္ ထြန္းထြန္းက  အၾကားအျမင္ဆရာမႀကီး ေဒၚေဆြေဆြဝင္းနဲ႔ ေတြ႔ဆုံခဲ့ဖူးတယ္လုိ႕ ဆုိပါတယ္။

'' ကုိစည္ၿဖိဳးတုိ႔နဲ႔ကလည္း ခင္ေနတယ္၊ ဆရာမႀကီး ေဆြေဆြဝင္းနဲ႔လည္း တစ္ခါေတြ႔ဖူးပါတယ္။ ဒီေန႔မွာ ဆရာမႀကီးရဲ႕ ေမြးေန႔အလွဴရွိတယ္ ဆုိၿပီးေတာ့ ဖိတ္ၾကားလာတဲ့အတြက္ ကုိစည္ျဖဳိးတုိိ႔နဲ႔ အတူ ကုသုိလ္လာယူျဖစ္ခဲ့တာပါ'' လုိ႔ အလွဴကို တက္ေရာက္လာရင္း မီဒီယာေတြကုိ ေျဖဆုိခဲ့ပါတယ္။

 

အၾကားအျမင္ဆရာမႀကီး  E.T(ခ) ေဒၚေဆြေဆြဝင္းဟာ ျမန္မာႏုိင္ငံမွာသာမက ထုိင္းႏုိင္ငံမွာပါ ေအာင္ျမင္တဲ့သူပါ။  ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွင္နာဝပ္ထရာနဲ႔ အတူ တျခားထိုင္းဝန္ႀကီးမ်ားကေတာင္ ေလးစား အားထားရသူ ျဖစ္ပါတယ္။ ဆရာမ E.T(ခ) ေဒၚေဆြေဆြဝင္းက ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၀ရက္ေန႔မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs