• Cele Yatkwat
    ယောကျ်ားလေးချင်းကြိုက်တဲ့ ဇာတ်လမ်းတွဲမှာပါဝင်မယ့် ထက်ဦးထွဋ်
Sabal Thwin
[Unicode Version]

ထက်ဦးထွဋ်ဟာ ယောကျ်ားလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ပြသသွားမယ့် Innocence ဇာတ်လမ်းတွဲထဲမှာ မြူခိုး ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သူ့အတွက်အတွေ့အကြုံအသစ်တစ်ခုပါတဲ့။

29133040_1699554540104459_6712159246800051572_n.jpg

Photo: Htet Oo Htut Fb

 

ထက်ဦးထွဋ်ဟာ Innocence ရုပ်သံဇာတ်လမ်းတွဲထဲမှာ မြူခိုး ဇာတ်ကောင်ကာရိုက်တာနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲ က ယောကျ်ားလေး အချင်းချင်းရဲ့ ချစ်ခြင်းမေတ္တာကိုဖော်ကျူးသွားမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီရုပ်သံ ဇာတ်လမ်းတွဲကြောင့်လည်း သူ့ကို ဝေဖန်မှုတွေ ရှိလာမှာကို သိနေပေမယ့်လည်း လိပ်ပြာလုံလုံနဲ့ အကောင်းဆုံး ကြိုးစားဖို့ပဲ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

'' ကျွန်တော်အလုပ် မလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားပြီးသားပါ။ ဒီဟာလုပ်ရင် ကောင်းတာပြောတာရှိသလို၊ မကောင်းတာပြောတဲ့ သူလည်း ရှိမှာပဲ အဲ့ဒါကို ဘာရယ်ကြောင့် ဆိုပြီးတော့ ထွေထွေထူးထူးမပြင်ဆင်ဘူး။ ကျွန်တော့် စိတ်ကို ကျွန်တော်ပြင်ဆင်တယ်၊ ဘယ်သူတွေ ဘာပဲပြောပြော လိပ်ပြာလုံလုံနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ''လို့ ဆိုပါတယ်။

31723393_805191059679629_7775671761193926656_n.jpg

Photo: Htet Oo Htut Fb

ကိုယ်ရေးကိုယ်တာကိစ္စတွေ မဖြေတော့ဘူးဆိုတဲ့ ဥက္ကာမင်းမောင် 

Innocence ရုပ်သံဇာတ်လမ်းတွဲထဲက ကာရိုက်တာက သူ့အတွက် စိန်ခေါ်မှု တစ်ခုပါတဲ့။ဒီဇာတ်လမ်း တွဲဟာ ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ယောကျ်ားလေး နှစ်ယောက် တွေ့ဆုံတယ်၊ ချစ်ကြိုက်တယ် ပုံမှန်ဇာတ်လမ်းလေး တစ်ခုပါပဲ ဆိုပြီး L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော့်အတွက် အတွေ့အကြုံအသစ်တစ်ခု ရမယ်လို့လည်း ကျွန်တော်သတ်မှတ်တယ်။ယောကျ်ားလေး အချင်းချင်းကို တချို့တွေ အမြင် မှားနေကြတာတယ်။အဲ့ဒါကို ယောကျ်ားလေးအချင်းချင်း မေတ္တာဓာတ်အနေနဲ့ပဲ ပြသသွားမှာပါ။ Jay Baas နဲ့ ကျွန်တော့်ပုံစံက အေးအေး ဆေးဆေးပဲ ကျွန်တော်တို့ အလုပ်အတူတူတွဲလုပ်ဖို့ရယ်၊ အပြင်သွားရင် တွဲသွားတွဲလာလုပ်ဖြစ်တယ် အဲ့ဒီအတိုင်းပါပဲ'' လို့ ဆိုပါတယ်။

18951477_1438611489532100_7140920602555723978_n.jpg

Photo: Htet Oo Htut Fb

 

ထက်ဦးထွဋ်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ အနုပညာရှင်အသစ်တစ်ယောက်ပါ။ ထက်ဦးထွဋ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သွားမယ့် Innocence ဇာတ်လမ်းတွဲကိုတော့ ဇူလိုင်လ ကုန် သြဂုတ်လ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

 

[Zawgyi Version]

ထက္ဦးထြဋ္ဟာ ေယာက်္ားေလးႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာကုိ ပုံေဖာ္ျပသသြားမယ့္ Innocence ဇာတ္လမ္းတြဲထဲမွာ ျမဴခုိး ဆုိတဲ့ ကာရုိက္တာနဲ႔ ပါဝင္သရုပ္ေဆာင္ သြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ သူ႔အတြက္အေတြ႔အႀကဳံအသစ္တစ္ခုပါတဲ့။

Photo: Htet Oo Htut Fb

 

ထက္ဦးထြဋ္ဟာ Innocence ရုပ္သံဇာတ္လမ္းတြဲထဲမွာ ျမဴခုိး ဇာတ္ေကာင္ကာရုိက္တာနဲ႔ ပါဝင္သြားမွာျဖစ္ပါတယ္။ ဒီရုပ္သံဇာတ္လမ္းတြဲ က ေယာက်္ားေလး အခ်င္းခ်င္းရဲ႕ ခ်စ္ျခင္းေမတၱာကုိေဖာ္က်ဴးသြားမယ့္ ဇာတ္လမ္းတြဲ ျဖစ္ပါတယ္။ဒီရုပ္သံ ဇာတ္လမ္းတြဲေၾကာင့္လည္း သူ႕ကို ေဝဖန္မႈေတြ ရွိလာမွာကို သိေနေပမယ့္လည္း လိပ္ျပာလံုလံုနဲ႕ အေကာင္းဆံုး ႀကိဳးစားဖို႕ပဲ စဥ္းစားထားတယ္လို႕ ဆုိပါတယ္။

'' ကၽြန္ေတာ္အလုပ္ မလုပ္ခင္ကတည္းက ႀကိဳတင္စဥ္းစားၿပီးသားပါ။ ဒီဟာလုပ္ရင္ ေကာင္းတာေျပာတာရွိသလုိ၊ မေကာင္းတာေျပာတဲ့ သူလည္း ရွိမွာပဲ အဲ့ဒါကုိ ဘာရယ္ေၾကာင့္ ဆုိၿပီးေတာ့ ေထြေထြထူးထူးမျပင္ဆင္ဘူး။ ကၽြန္ေတာ့္ စိတ္ကုိ ကၽြန္ေတာ္ျပင္ဆင္တယ္၊ ဘယ္သူေတြ ဘာပဲေျပာေျပာ လိပ္ျပာလုံလုံနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ''လုိ႔ ဆိုပါတယ္။

Photo: Htet Oo Htut Fb

ကုိယ္ေရးကုိယ္တာကိစၥေတြ မေျဖေတာ့ဘူးဆုိတဲ့ ဥကၠာမင္းေမာင္ 

Innocence ရုပ္သံဇာတ္လမ္းတြဲထဲက ကာရိုက္တာက သူ႕အတြက္ စိန္ေခၚမႈ တစ္ခုပါတဲ့။ဒီဇာတ္လမ္း တြဲဟာ ဒရာမာဇာတ္လမ္းတြဲတစ္ခုျဖစ္ၿပီး ေယာက်္ားေလး ႏွစ္ေယာက္ ေတြ႔ဆုံတယ္၊ ခ်စ္ႀကိဳက္တယ္ ပုံမွန္ဇာတ္လမ္းေလး တစ္ခုပါပဲ ဆုိၿပီး L'oréal Paris Myanmar Red Carpet ပြဲကို တက္ေရာက္ရင္း Duwun media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ကၽြန္ေတာ့္အတြက္ အေတြ႕အႀကဳံအသစ္တစ္ခု ရမယ္လုိ႔လည္း ကၽြန္ေတာ္သတ္မွတ္တယ္။ေယာက်္ားေလး အခ်င္းခ်င္းကုိ တခ်ဳိ႔ေတြ အျမင္ မွားေနၾကတာတယ္။အဲ့ဒါကုိ ေယာက်္ားေလးအခ်င္းခ်င္း ေမတၱာဓာတ္အေနနဲ႔ပဲ ျပသသြားမွာပါ။ Jay Baas နဲ႔ ကၽြန္ေတာ့္ပုံစံက ေအးေအး ေဆးေဆးပဲ ကၽြန္ေတာ္တုိ႔ အလုပ္အတူတူတြဲလုပ္ဖုိ႔ရယ္၊ အျပင္သြားရင္ တြဲသြားတြဲလာလုပ္ျဖစ္တယ္ အဲ့ဒီအတုိင္းပါပဲ'' လုိ႔ ဆုိပါတယ္။

Photo: Htet Oo Htut Fb

 

ထက္ဦးထြဋ္ဟာ အႏုပညာေလာကထဲကုိ သရုပ္ေဆာင္တစ္ဦးအျဖစ္ ငယ္စဥ္ကတည္းက ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ သူဟာ မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးျခင္းခံေနရတဲ့ အႏုပညာရွင္အသစ္တစ္ေယာက္ပါ။ ထက္ဦးထြဋ္ကုိယ္တုိင္ ပါဝင္သရုပ္ေဆာင္သြားမယ့္ Innocence ဇာတ္လမ္းတြဲကုိေတာ့ ဇူလုိင္လ ကုန္ ၾသဂုတ္လ အတြင္းမွာ စတင္ရုိက္ကူးသြားမယ္လုိ႔ သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs