• Cele Yatkwat
    ကိုယ်လုပ်ချင်တာ လုပ်လိုက်ရလို့ ပျော်နေတဲ့ နေခြည်ဦး
Sabal Thwin
[Unicode Version]

နေခြည်ဦးတစ်ယောက် ဒီနေ့မနက်ပိုင်းမှာပဲ တောင်ကိုရီးယားနိုင်ငံမှာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်လျှက်ရှိပါတယ်။ သူ့အနေနဲ့ လှချင်တာထက် ကိုယ်လုပ်ချင်တာလုပ်ရလို့ ပျော်နေတယ်လို့ဆိုပါတယ်။ ဒီခွဲစိတ်မှုကြောင့်ပဲ ဟာသအနေနဲ့ Troll လာမယ့် ပရိသတ်တွေ ကိုလည်း နားလည်ပေးတယ်လို့ ပြောပါတယ်။

N 1.jpg 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်ပြုပြင်ဖို့အတွက် ဇူလိုင်လ ၇ ရက်နေ့ ညကတည်းက တောင်ကိုရီးယားနိုင်ငံကို သွားနေပါပြီ။ အချိန် ကတော့ နှစ်ပတ်လောက်ကြာမယ်လို့ ဆိုပါတယ်။ ခွဲစိတ်ပြုပြင်တာကိုတော့ ဇူလိုင်လ ၉ ရက်နေ့ ဒီနေ့မှာ စလုပ်မယ်လို့ သိရပါတယ်။ ဒီအတွက်လည်း ရင်ခုန်နေတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ခွဲစိတ်ပြုပြင်ဖို့အတွက် ရင်တွေ အရမ်းခုန်နေပါတယ်။ နေခြည် နှစ်ပတ်ကြာမယ်၊ သဘက်ခါမှာ နှာခေါင်းရော မျက်စိရော ခွဲစိတ်မှာပါ။ အစကတော့ နေခြည်က Filter ထိုးတာတာဆိုတော့ Filter မထိုးချင်တော့ဘူး။ နေခြည်က အမြဲတမ်းဖြစ်ချင်တဲ့အတွက် ဆီလီကွန်ထည့်မယ်၊ မျက်ရစ်ဖော်လိုက်တယ်။ အရမ်းကြီးပြုပြင်ပြောင်းလဲချင်တဲ့စိတ်မရှိပါဘူး'' လို့ သူကဆိုပါတယ်။

N 3.jpg 

နေခြည်ဦးဟာ မျက်ရစ် ကြီးချင်တာကြောင့် ခွဲစိတ်တာဖြစ်ကြောင်း၊ သူ့ရဲ့မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်ဆိုတာကို အကယ်ဒမီမို့မို့မြင့်အောင်ကပြောခဲ့တယ်လို့ သူကဆိုပါတယ်။

'' အန်တီမို့က နေခြည့်ရဲ့ မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်လို့ ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နေခြည် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒါပေမယ့် နေခြည်က မျက်ရစ်လေးပဲ နည်းနည်းကြီးချင်တာ..နေခြည်လုံးဝ မျက်လုံးလေးကို မထိပါဘူး'' လို့ ပြောခဲ့ပါသေးတယ်။

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

N 4.jpg 

နေခြည်ဦးဟာ မျက်နှာခွဲစိတ်မှုမလုပ်ခင်က သူ့ရဲ့ ပုံတွေကို ဟာသတစ်ခုအနေနဲ့ ပြုလုပ်ခဲ့ကြတဲ့ အပေါ်မှာလည်း နားလည်ပေးတယ်လို့ ပြောပါတယ်။ ဒီပုံတွေ အပေါ်မှာလည်း လူတွေက Entertainment တစ်ခုအနေနဲ့ပဲ မြင်လာကြတာကြောင့် ဘာမှ မဖြစ်ဘူးလို့ ပြောပြခဲ့ ပါသေးတယ်။

'' ဆေးလိပ်ဖြတ်ပြီးပုံနဲ့ ဆေးလိပ်မဖြတ်ခင်ပုံတွေကို လူတွေက Troll တစ်ခုအနေနဲ့ လုပ်လာကြတာ ကိုယ်ကိုယ်တိုင်လည်း ရယ်ရတယ်။ ပြီးတော့ Entertainment တစ်ခုအနေနဲ့ ပိုမြင်တယ်။ တခြားပုံတွေနဲ့ Troll လုပ်ရင်တော့ နေခြည်က ပိုပြီးတော့ နားလည်သွားပါပြီ။ ကြိုက်တဲ့သူ ရှိမယ် မကြိုက်တဲ့သူရှိမယ်၊ သူတို့စိတ်ညစ်နေလို့ထွက်ပေါက်ပေးသလိုဖြစ်သွားရင်လည်း နေခြည်ကတော့ နားလည်ပါတယ်'' လို့ဆိုပါတယ်။

6.JPG 

ပရိသတ်တွေကလည်း သူမရဲ့ ခွဲစိတ်ပြုပြင်မှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့ နေကြပါတယ်။ ကိုရီးယားကို မသွားခင်ကလည်း နေခြည်ဦးဟာ သူမရဲ့ ခွဲစိတ်ပြုပြင်မှုတွေနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူရဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ သူမရဲ့ ဖေ့စ်ဘွတ် Story ၊ အင်စတာဂရမ်တို့မှာ စောင့်ကြည့်နေဖို့ ပြောထားခဲ့ပါတယ်။

အခုချိန်ထိတော့ သူမရဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်မှာမှ မတွေ့ရသေးပါဘူး။ ဒါပေမယ့် နေခြည်ဦး ခွဲစိတ်ခန်းထဲက ထွက်ထွက်ချင်း မိခင်ဖြစ်သူကို မေးလိုက်တာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူမ ဇူလိုင်(၇)ရက်နေ့တက်ရောက်ခဲ့တဲ့  L'oréal Paris Myanmar Red Carpet ပွဲအတွက် ပြင်ဆင်နေတာလေးတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို တင်ပြီးပြီလားဆိုပြီး မေးလိုက်တာပါ ။

 

အဲ့ဒီဗီဒီယိုဖိုင်လေးက ဒီနေ့ နေ့လည် (၂) နာရီက သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။ နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

[Zawgyi Version]

ေနျခည္ဦးတစ္ေယာက္ ဒီေန႔မနက္ပုိင္းမွာပဲ ေတာင္ကုိရီးယားႏုိင္ငံမွာ မ်က္ႏွာခြဲစိတ္ျပဳျပင္မႈေတြ ျပဳလုပ္လွ်က္ရွိပါတယ္။ သူ႔အေနနဲ႔ လွခ်င္တာထက္ ကုိယ္လုပ္ခ်င္တာလုပ္ရလုိ႔ ေပ်ာ္ေနတယ္လုိ႔ဆုိပါတယ္။ ဒီခြဲစိတ္မႈေၾကာင့္ပဲ ဟာသအေနနဲ႔ Troll လာမယ့္ ပရိသတ္ေတြ ကုိလည္း နားလည္ေပးတယ္လုိ႔ ေျပာပါတယ္။

 

ေနျခည္ဦးဟာ ႏွာေခါင္းနဲ႔ မ်က္လုံး ခြဲစိတ္ျပဳျပင္ဖုိ႔အတြက္ ဇူလုိင္လ ၇ ရက္ေန႔ ညကတည္းက ေတာင္ကုိရီးယားႏုိင္ငံကုိ သြားေနပါၿပီ။ အခ်ိန္ ကေတာ့ ႏွစ္ပတ္ေလာက္ၾကာမယ္လုိ႔ ဆုိပါတယ္။ ခြဲစိတ္ျပဳျပင္တာကုိေတာ့ ဇူလုိင္လ ၉ ရက္ေန႔ ဒီေန႔မွာ စလုပ္မယ္လုိ႔ သိရပါတယ္။ ဒီအတြက္လည္း ရင္ခုန္ေနတယ္လုိ႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

'' ခြဲစိတ္ျပဳျပင္ဖုိ႔အတြက္ ရင္ေတြ အရမ္းခုန္ေနပါတယ္။ ေနျခည္ ႏွစ္ပတ္ၾကာမယ္၊ သဘက္ခါမွာ ႏွာေခါင္းေရာ မ်က္စိေရာ ခြဲစိတ္မွာပါ။ အစကေတာ့ ေနျခည္က Filter ထုိးတာတာဆုိေတာ့ Filter မထုိးခ်င္ေတာ့ဘူး။ ေနျခည္က အျမဲတမ္းျဖစ္ခ်င္တဲ့အတြက္ ဆီလီကြန္ထည့္မယ္၊ မ်က္ရစ္ေဖာ္လုိက္တယ္။ အရမ္းႀကီးျပဳျပင္ေျပာင္းလဲခ်င္တဲ့စိတ္မရွိပါဘူး'' လုိ႔ သူကဆုိပါတယ္။

 

ေနျခည္ဦးဟာ မ်က္ရစ္ ႀကီးခ်င္တာေၾကာင့္ ခြဲစိတ္တာျဖစ္ေၾကာင္း၊ သူ႔ရဲ႕မ်က္လုံးႏွစ္လုံးက ေဝးေနတဲ့အတြက္ ထူးျခားတယ္ဆုိတာကုိ အကယ္ဒမီမုိ႔မုိ႔ျမင့္ေအာင္ကေျပာခဲ့တယ္လုိ႔ သူကဆုိပါတယ္။

'' အန္တီမုိ႔က ေနျခည့္ရဲ႕ မ်က္လုံးႏွစ္လုံးက ေဝးေနတဲ့အတြက္ ထူးျခားတယ္လုိ႔ ေျပာတဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္။ ေနျခည္ ယုံၾကည္မႈေတြ ပိုရွိလာတယ္။ ဒါေပမယ့္ ေနျခည္က မ်က္ရစ္ေလးပဲ နည္းနည္းႀကီးခ်င္တာ..ေနျခည္လုံးဝ မ်က္လုံးေလးကုိ မထိပါဘူး'' လုိ႔ ေျပာခဲ့ပါေသးတယ္။

ေနျခည္ဦးဟာ ႏွာေခါင္းနဲ႔ မ်က္လုံး ခြဲစိတ္လုိက္တာေၾကာင့္ ကုိယ့္ကုိယ္ကို လွသြားတယ္ဆုိတာထက္ ကုိယ္လုပ္ခ်င္တာကုိ လုပ္ခြင့္ရလုိက္တဲ့ ဆႏၵေၾကာင့္ ပုိၿပီးေတာ့ ေပ်ာ္ရႊင္သြားႏုိင္တယ္လုိ႔ ေျပာပါတယ္။ ခြဲစိတ္မႈကုိလည္း လုပ္ခ်င္ေနတာ ၾကာၿပီဆုိေပမယ့္ အခ်ိန္မေပးႏုိင္ေသးလုိ႔ မလုပ္ျဖစ္တဲ့အေၾကာင္း L'oréal Paris Myanmar Red Carpet ပြဲကို တက္ေရာက္ရင္း Duwun media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

 

ေနျခည္ဦးဟာ မ်က္ႏွာခြဲစိတ္မႈမလုပ္ခင္က သူ႔ရဲ႕ ပုံေတြကုိ ဟာသတစ္ခုအေနနဲ႔ ျပဳလုပ္ခဲ့ၾကတဲ့ အေပၚမွာလည္း နားလည္ေပးတယ္လုိ႔ ေျပာပါတယ္။ ဒီပုံေတြ အေပၚမွာလည္း လူေတြက Entertainment တစ္ခုအေနနဲ႔ပဲ ျမင္လာၾကတာေၾကာင့္ ဘာမွ မျဖစ္ဘူးလုိ႔ ေျပာျပခဲ့ ပါေသးတယ္။

'' ေဆးလိပ္ျဖတ္ၿပီးပုံနဲ႔ ေဆးလိပ္မျဖတ္ခင္ပုံေတြကို လူေတြက Troll တစ္ခုအေနနဲ႔ လုပ္လာၾကတာ ကုိယ္ကုိယ္တုိင္လည္း ရယ္ရတယ္။ ၿပီးေတာ့ Entertainment တစ္ခုအေနနဲ႔ ပုိျမင္တယ္။ တျခားပုံေတြနဲ႔ Troll လုပ္ရင္ေတာ့ ေနျခည္က ပုိၿပီးေတာ့ နားလည္သြားပါၿပီ။ ႀကိဳက္တ့ဲသူ ရွိမယ္ မႀကိဳက္တဲ့သူရွိမယ္၊ သူတုိ႔စိတ္ညစ္ေနလုိ႔ထြက္ေပါက္ေပးသလုိျဖစ္သြားရင္လည္း ေနျခည္ကေတာ့ နားလည္ပါတယ္'' လုိ႔ဆုိပါတယ္။

 

ပရိသတ္ေတြကလည္း သူမရဲ႕ ခြဲစိတ္ျပဳျပင္မႈနဲ႕ပတ္သက္ၿပီး စိတ္ဝင္စားလို႕ ေနၾကပါတယ္။ ကိုရီးယားကို မသြားခင္ကလည္း ေနျခည္ဦးဟာ သူမရဲ႕ ခြဲစိတ္ျပဳျပင္မႈေတြနဲ႕ ပတ္သက္ၿပီး မိခင္ျဖစ္သူရဲ႕ ေဖ့စ္ဘြတ္အေကာင့္နဲ႕ သူမရဲ႕ ေဖ့စ္ဘြတ္ Story ၊ အင္စတာဂရမ္တို႕မွာ ေစာင့္ၾကည့္ေနဖို႕ ေျပာထားခဲ့ပါတယ္။

အခုခ်ိန္ထိေတာ့ သူမရဲ႕ ခြဲစိတ္မႈနဲ႕ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ဘယ္မွာမွ မေတြ႕ရေသးပါဘူး။ ဒါေပမယ့္ ေနျခည္ဦး ခြဲစိတ္ခန္းထဲက ထြက္ထြက္ခ်င္း မိခင္ျဖစ္သူကို ေမးလိုက္တာ တစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ သူမ ဇူလိုင္(၇)ရက္ေန႕တက္ေရာက္ခဲ့တဲ့  L'oréal Paris Myanmar Red Carpet ပြဲအတြက္ ျပင္ဆင္ေနတာေလးေတြကို ရိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ကို တင္ၿပီးၿပီလားဆုိၿပီး ေမးလိုက္တာပါ ။

 

အဲ့ဒီဗီဒီယိုဖိုင္ေလးက ဒီေန႕ ေန႕လည္ (၂) နာရီက သူမရဲ႕ ေဖ့စ္ဘြတ္မွာ တင္ထားတာ ေတြ႕ရပါတယ္။ ေနျခည္ဦးကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာ အလုပ္ေတြ လည္း ေဆာင္ရြက္လုိ႔ေနပါၿပီ။ သူပါဝင္ ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အေရွ႕ကုိ မၾကာခင္ေရာက္ရွိ လာေတာ့မွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs