• Cele Yatkwat
    ဥူးဇင်းကိတ္တိသာရ(ခ) ဦးကျော်ဟိန်းရဲ့ မွေးနေ့အလှူ
Sabal Thwin
[Unicode Version]

ဥူးဇင်းကိတ္တိသာရ(ခ) ဦးကျော်ဟိန်းရဲ့ သက်တော်(၇၁) နှစ်ပြည့်မွေးနေ့ အလှူအဖြစ် ကျပ်သိန်း ၁၅၀ ကို ဒီနေ့မှာပဲ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ လှူဒါန်းခဲ့ပါတယ်။ ဥူးဇင်းကြီးကတော့ လက်ရှိ သြစတေးလျနိုင်ငံမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူနေရ တယ်လို့လည်း သိရပါတယ်။

19989573-1982239612021116-7277954327278090548-n.jpg

Photo: Facebook

 

ဦးကျော်ဟိန်း(ခ) ဥူးဇင်းကိတ္တိသာရရဲ့ သက်တော် ၇၁ နှစ်ပြည့် မွေးနေ့အမှတ်တရ အနေနဲ့ ဇူလိုင်လ ၇ ရက်နေ့ ဒီနေ့ မနက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ မိသားစုတွေက အလှူအတန်းပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်သက်ကြီးရွယ်အိုများနဲ့ လူကြမ်း သရုပ်ဆောင်ကိုလူချောအဖွဲ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့တယ်လို့ ဦးကျော်ဟိန်းရဲ့သားက ပြောပါတယ်။

'' တကယ်က ဇူလိုင်လ ၁၄ ရက်နေ့ကျရင် ဥူးဇင်းကြီး ၇၁ နှစ်ပြည့်ပေါ့နော်။ အဲ့ဒီအတွက် သက်ကြီးရွယ်အို သရုပ်ဆောင်တွေအတွက်၊ ပြီးတော့ ကိုယ်လူချောအဖွဲ့တွေကို ဒုတိယတစ်ခေါက် ရန်ပုံငွေပဒေသာပင်ကို ဥူးဇင်းကြီးရဲ့မွေးနေ့လက်ဆောင်အဖြစ်လာမတည်ပေးတာပါ။ သက်ကြီး ရွယ်အိုတွေကိုတော့ ၇၅ သိန်း၊ ကိုလူချောအဖွဲ့တွေကိုတော့ ၇၅ သိန်းလှူပါတယ်'' လို့ သားဖြစ်သူ နေဝင်းက ပြောပါတယ်။

1.jpg

ဦးကိတ္တိသာရ(ဦးကျော်ဟိန်း)မွေးနေ့အလှူတော် 

ဥူးဇင်းကိတ္တိသာရ(ခ) ဦးကျော်ဟိန်းဟာ အခုလက်ရှိမှာ ကျန်းမာရေးအခြေအနေကြောင့် သြစတေးလျနိုင်ငံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်ကျော်ဟိန်းနဲ့အတူ ဇာတ်ကားတွေအများကြီးရိုက်ခဲ့ဖူးတဲ့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်း(ကိုလူချောအဖွဲ့ အတွင်းရေးမှူး)ကလည်း အမှတ်တရအကြောင်းတွေကိုDuwun Media ကနေပြောလာခဲ့ပါတယ်။

'' ကျွန်တော်နဲ့ ဦးကျော်နဲ့က တော်တော်များများ ဇာတ်ကားတွေရိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ဘယ်သူတွေဘာဖြစ်တယ်၊ ဘယ်သူတွေ ဘာအသံကြားလဲ မေးတယ်။ လူကြမ်းတွေနဲ့ သူနဲ့လည်း သဟဇာတ ဖြစ်တယ်။ သူက အစကတည်းက ရိုက်ကွင်းလာပြီဆိုတာနဲ့ လူကြမ်းတွေ အကြောင်းပဲမေးတာ ဘယ်သူက ဘယ်လိုကျန်းမာရေးရှိသလဲပေါ၊ စီးပွားရေးအခြေအနေကအစ မေးလေ့ရှိတယ်'' လို့ ဆိုပါတယ်။

A Yine Min .jpg 

ဥူးဇင်းကိတ္တိသာရ(ခ) ဦးကျော်ဟိန်းရဲ့ မွေးနေ့အမှတ်တရ အလှူအဖြစ် အလှူငွေတွေလည်း လှူဒါန်းခဲ့သလို ဦးကျော်ဟိန်းကိုယ်တိုင် ရေးသား ထားတဲ့ တရားစာအုပ်လေးတွေကိုပါ လှူဒါန်းခဲ့ပါတယ်။ ဒီအလှူအတန်းနဲ့ ပတ်သက်ပြီး လူကြမ်းသရုပ်ဆောင် ဦးဘဂျမ်းရဲ့ ရင်ထဲက စကားသံ ကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ဒီတစ်ကြိမ်လှူတဲ့အခါမှာ ငွေကြေးလှူတာတင်မက အသိတရားတွေ၊ သားသမီးတွေ မိဘတွေကြားမှာ ရှိတဲ့ အသိတရားတွေကို ဆင်ခြင်တုံတရားရအောင် တရားစာအုပ်လေးတွေ ကို ထုတ်ဝေပြီးတော့ လှူဒါန်းပေးပါတယ်။ အဲ့ဒီအပေါ်မှာ ဝမ်းသာပီတိဖြစ်ရတာထက် သားသမီးလေး တွေကလည်း ဒီစာပေလေးတွေကိုဖတ်ရင်း အသိတရားရဖို့ မျှော်လင့်ပါတယ်'' လို့ သူကဆိုပါတယ်။

U Ba Gyan.jpg 

ဦးကျော်ဟိန်းဟာ ဇာတ်ကားပေါင်း ရာနဲ့ချီရီုက်ကူးခဲ့ပြီး ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားအချို့ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် လောကရဲ့အရေးပါဆုံး ဝါရင့်သရုပ်ဆောင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ အသက် ၆၁ နှစ်ပြည့်မွေးနေ့ကစပြီး အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ဘောင်ထဲအပြီးတိုင်ဝင်ခဲ့ပါတယ်။

[Zawgyi Version]

ဥဴးဇင္းကိတၱိသာရ(ခ) ဦးေက်ာ္ဟိန္းရဲ႕ သက္ေတာ္(၇၁) ႏွစ္ျပည့္ေမြးေန႔ အလွဴအျဖစ္ က်ပ္သိန္း ၁၅၀ ကုိ ဒီေန႔မွာပဲ ျမန္မာႏိုင္ငံရုပ္ရွင္ အစည္းအရုံးမွာ လွဴဒါန္းခဲ့ပါတယ္။ ဥဴးဇင္းႀကီးကေတာ့ လက္ရွိ ၾသစေတးလ်ႏုိင္ငံမွာ က်န္းမာေရးအေျခအေနေၾကာင့္ ေဆးကုသမႈ ခံယူေနရ တယ္လို႔လည္း သိရပါတယ္။

Photo: Facebook

 

ဦးေက်ာ္ဟိန္း(ခ) ဥဴးဇင္းကိတၱိသာရရဲ႕ သက္ေတာ္ ၇၁ ႏွစ္ျပည့္ ေမြးေန႔အမွတ္တရ အေနနဲ႔ ဇူလုိင္လ ၇ ရက္ေန႔ ဒီေန႔ မနက္ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးမွာ မိသားစုေတြက အလွဴအတန္းျပဳလုပ္ခဲ့ပါတယ္။ ရုပ္ရွင္သက္ႀကီးရြယ္အုိမ်ားနဲ႔ လူၾကမ္း သရုပ္ေဆာင္ကိုလူေခ်ာအဖြဲ႕ကုိ ေက်းဇူးဆပ္တဲ့အေနနဲ႔ က်ပ္သိန္း ၁၅၀ လွဴဒါန္းခဲ့တယ္လုိ႔ ဦးေက်ာ္ဟိန္းရဲ႕သားက ေျပာပါတယ္။

'' တကယ္က ဇူလုိင္လ ၁၄ ရက္ေန႔က်ရင္ ဥဴးဇင္းႀကီး ၇၁ ႏွစ္ျပည့္ေပါ့ေနာ္။ အဲ့ဒီအတြက္ သက္ႀကီးရြယ္အုိ သရုပ္ေဆာင္ေတြအတြက္၊ ၿပီးေတာ့ ကုိယ္လူေခ်ာအဖြဲ႕ေတြကုိ ဒုတိယတစ္ေခါက္ ရန္ပုံေငြပေဒသာပင္ကုိ ဥဴးဇင္းႀကီးရဲ႕ေမြးေန႔လက္ေဆာင္အျဖစ္လာမတည္ေပးတာပါ။ သက္ႀကီး ရြယ္အုိေတြကုိေတာ့ ၇၅ သိန္း၊ ကုိလူေခ်ာအဖြဲ႕ေတြကုိေတာ့ ၇၅ သိန္းလွဴပါတယ္'' လုိ႔ သားျဖစ္သူ ေနဝင္းက ေျပာပါတယ္။

ဦးကိတၱိသာရ(ဦးေက်ာ္ဟိန္း)ေမြးေန႕အလွဴေတာ္ 

ဥဴးဇင္းကိတၱိသာရ(ခ) ဦးေက်ာ္ဟိန္းဟာ အခုလက္ရွိမွာ က်န္းမာေရးအေျခအေနေၾကာင့္ ၾသစေတးလ်ႏုိင္ငံမွာ ေဆးကုသမႈခံယူေနတယ္လုိ႔ သိရပါတယ္။ သရုပ္ေဆာင္ေက်ာ္ဟိန္းနဲ႔အတူ ဇာတ္ကားေတြအမ်ားႀကီးရုိက္ခဲ့ဖူးတဲ့ လူၾကမ္းသရုပ္ေဆာင္ အရုိင္းမင္း(ကုိလူေခ်ာအဖြဲ႕ အတြင္းေရးမွဴး)ကလည္း အမွတ္တရအေၾကာင္းေတြကုိDuwun Media ကေနေျပာလာခဲ့ပါတယ္။

'' ကၽြန္ေတာ္နဲ႔ ဦးေက်ာ္နဲ႔က ေတာ္ေတာ္မ်ားမ်ား ဇာတ္ကားေတြရုိက္ခဲ့ဖူးပါတယ္။ အ့ဲဒီအခ်ိန္တုန္းက ဘယ္သူေတြဘာျဖစ္တယ္၊ ဘယ္သူေတြ ဘာအသံၾကားလဲ ေမးတယ္။ လူၾကမ္းေတြနဲ႔ သူနဲ႔လည္း သဟဇာတ ျဖစ္တယ္။ သူက အစကတည္းက ရုိက္ကြင္းလာၿပီဆုိတာနဲ႔ လူၾကမ္းေတြ အေၾကာင္းပဲေမးတာ ဘယ္သူက ဘယ္လုိက်န္းမာေရးရွိသလဲေပါ၊ စီးပြားေရးအေျခအေနကအစ ေမးေလ့ရွိတယ္'' လုိ႔ ဆုိပါတယ္။

 

ဥဴးဇင္းကိတၱိသာရ(ခ) ဦးေက်ာ္ဟိန္းရဲ႕ ေမြးေန႔အမွတ္တရ အလွဴအျဖစ္ အလွဴေငြေတြလည္း လွဴဒါန္းခဲ့သလုိ ဦးေက်ာ္ဟိန္းကုိယ္တုိင္ ေရးသား ထားတဲ့ တရားစာအုပ္ေလးေတြကုိပါ လွဴဒါန္းခဲ့ပါတယ္။ ဒီအလွဴအတန္းနဲ႔ ပတ္သက္ၿပီး လူၾကမ္းသရုပ္ေဆာင္ ဦးဘဂ်မ္းရဲ႕ ရင္ထဲက စကားသံ ကုိလည္း Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' ဒီတစ္ႀကိမ္လွဴတဲ့အခါမွာ ေငြေၾကးလွဴတာတင္မက အသိတရားေတြ၊ သားသမီးေတြ မိဘေတြၾကားမွာ ရွိတ့ဲ အသိတရားေတြကုိ ဆင္ျခင္တုံတရားရေအာင္ တရားစာအုပ္ေလးေတြ ကုိ ထုတ္ေဝၿပီးေတာ့ လွဴဒါန္းေပးပါတယ္။ အ့ဲဒီအေပၚမွာ ဝမ္းသာပီတိျဖစ္ရတာထက္ သားသမီးေလး ေတြကလည္း ဒီစာေပေလးေတြကိုဖတ္ရင္း အသိတရားရဖုိ႔ ေမွ်ာ္လင့္ပါတယ္'' လုိ႔ သူကဆုိပါတယ္။

 

ဦးေက်ာ္ဟိန္းဟာ ဇာတ္ကားေပါင္း ရာနဲ႔ခ်ီ႐ီုက္ကူးခဲ့ၿပီး ဒါ႐ိုက္တာအျဖစ္လည္း ဇာတ္ကားအခ်ဳိ႕ ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ ျမန္မာ့ရုပ္ရွင္ ေလာကရဲ႕အေရးပါဆံုး ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ သူဟာ ၂၀၀၈ ခုႏွစ္မွာ က်ေရာက္ခဲ့တဲ့ အသက္ ၆၁ ႏွစ္ျပည့္ေမြးေန႔ကစၿပီး အႏုပညာေလာကကို ေက်ာခုိင္းကာ သာသနာ့ေဘာင္ထဲအျပီးတုိင္ဝင္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs