• Cele Yatkwat
    ကိုယ့်ကိုယ်ကို Upgrade လုပ်သွားမယ်ဆိုတဲ့ ပိုပို
Sabal Thwin
[Unicode Version]

အဆိုတော်ပိုပိုတစ်ယောက် ထိုင်းနိုင်ငံဘန်ကောက်မှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေပါပြီ။ အသံပိုင်းနဲ့ ပီယာနိုပိုင်းကို အဓိက ထားပြီးတော့ လေ့လာသင်ယူသွားမယ်လို့ပြောပါတယ်။

Po 4.jpg 

အဆိုတော်ပိုပိုတစ်ယောက် အခုလတ်တလောမှာ ကျောင်းတွေ တက်ဖြစ်နေတယ်တဲ့။ ၈ လပိုင်းကျရင်လည်း ဘန်ကောက်မှာ ဂီတပညာနဲ့ ပတ်သက်ပြီး အသံပိုင်းနဲ့ ပီယာနို အပိုင်းတွေကို သွားရောက် လေ့လာသင်ကြားမယ်ဆိုပြီးတော့ ဇူလိုင်လ ၂ ရက်နေ့က Uncle Mc မှာပြုလုပ်တဲ့ ညီညီမောင်(စမ်းချောင်း)ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကိုယ့်ကိုယ်ကို upgrade လုပ်တာပေါ့နော်၊ မြန်မာနိုင်ငံမှာလည်း သင်လို့ရပါတယ်။ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ ပိုပိုက ငပျင်းပေါ့နော် ကိုယ့်ကိုယ်ကို Reason တွေ အရမ်းပေးလွန်းတယ်။ ငါ လုပ်စရာတွေရှိသေးတယ်ပေါ့ ပြီးတော့ အိမ်မှာလည်း Piano သင်ပါတယ်။ ဒါပေမယ့် ဆရာမကို ခဏခဏချိန်းပါတယ် ကိုယ့်ကိုယ်ကိုလည်း အားမရဘူး"လို့ သူက ဆိုပါတယ်။

Po 2.jpg

 

ပိုပိုဟာ ဂီတပညာကို စိတ်ဝင်တစားသင်ယူချင်စိတ်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘန်ကောက်မှာ တစ်လအကြာအချိန်ယူပြီး သင်ကြားမှာဖြစ်တဲ့အတွက် အတွေ့အကြုံအသစ်အဆန်းတွေကိုလည်း လိုချင်တယ်လို့ ဆိုပါတယ်။

'' ဟိုမှာက Piano ရော Vocal အတွက်ကိုရော အဲ့ဒါကိုပဲ သီးသန့်အချိန်ပေးပြီးတော့ သင်ဖြစ်မှာပါ။ တစ်လပါပဲ။ အဲ့ဒါကိုပဲ ပိုပြီးတော့ ဂရုစိုက် ဖြစ်အောင်ပါ။ ပြီးတော့ သူများနိုင်ငံမှာ ဘယ်လိုသင်သလဲ ၊ Music နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အသစ်အဆန်းတွေကိုလိုချင်လို့ ကိုယ့်ကိုယ်ကို Upgrade လုပ်တာပေါ့'' ဆိုပါတယ်။

Po 3.jpg 

မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ အောင်မြင်လျှက်ရှိတဲ့ ကျားပေါက်ကိုတော့ ပိုပိုက အားကျမိတယ်လို့ ဖွင့်ဟလာပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းလေ့လာသင့်တယ်၊ မြှင့်တင်သင့်တယ်လို့လည်း ပြောပါတယ်။

'' မြန်မာနိုင်ငံမှာဆိုရင် Music အကြောင်းကို ကိုယ့်ဘာသာကိုယ် တစ်ချိန်လုံး သင်ယူနေတဲ့သူကတော့ ကိုကျားပေါက်တစ်ယောက်ပဲရှိပါတယ်။ ကိုကျားပေါက်ကို အရမ်းအားကျတယ် သူ အားလုံးတီးနိုင်တယ်။ သူ့လိုပဲ ပိုပိုလည်း အဲ့ဒီလိုဖြစ်ချင်တယ်။ ကိုယ်တွေလည်း ဒီ့ထက်မက သင်သင့် တယ်လို့ထင်ပါတယ်၊ သီချင်းဆိုတတ်ရုံနဲ့ သီချင်းဆိုနေကြတယ်ဆိုတာကတော့ နည်းနည်းလေး လွဲနေတယ်လို့ ထင်ပါတယ်'' လို့ဆိုပါတယ်။

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။ ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူဖြစ်ပါတယ်။

 

[Zawgyi Version]

အဆုိေတာ္ပုိပုိတစ္ေယာက္ ထုိင္းႏုိင္ငံဘန္ေကာက္မွာ ေက်ာင္းသြားတက္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ အသံပုိင္းနဲ႔ ပီယာႏုိပုိင္းကုိ အဓိက ထားၿပီးေတာ့ ေလ့လာသင္ယူသြားမယ္လုိ႔ေျပာပါတယ္။

 

အဆုိေတာ္ပုိပုိတစ္ေယာက္ အခုလတ္တေလာမွာ ေက်ာင္းေတြ တက္ျဖစ္ေနတယ္တဲ့။ ၈ လပုိင္းက်ရင္လည္း ဘန္္ေကာက္မွာ ဂီတပညာနဲ႔ ပတ္သက္ၿပီး အသံပုိင္းနဲ႔ ပီယာႏုိ အပုိင္းေတြကုိ သြားေရာက္ ေလ့လာသင္ၾကားမယ္ဆုိၿပီးေတာ့ ဇူလုိင္လ ၂ ရက္ေန႔က Uncle Mc မွာျပဳလုပ္တဲ့ ညီညီေမာင္(စမ္းေခ်ာင္း)ရဲ႕ ေမြးေန႔ပြဲကုိ တက္ေရာက္ရင္း မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

'' ကုိယ့္ကုိယ္ကုိ upgrade လုပ္တာေပါ့ေနာ္၊ ျမန္မာႏိုင္ငံမွာလည္း သင္လုိ႔ရပါတယ္။ ဒါေပမယ့္ ဘာျဖစ္သလဲဆုိေတာ့ ပုိပုိက ငပ်င္းေပါ့ေနာ္ ကုိယ့္ကုိယ္ကုိ Reason ေတြ အရမ္းေပးလြန္းတယ္။ ငါ လုပ္စရာေတြရွိေသးတယ္ေပါ့ ၿပီးေတာ့ အိမ္မွာလည္း Piano သင္ပါတယ္။ ဒါေပမယ့္ ဆရာမကုိ ခဏခဏခ်ိန္းပါတယ္ ကိုယ့္ကုိယ္ကုိလည္း အားမရဘူး"လုိ႔ သူက ဆုိပါတယ္။

 

ပုိပုိဟာ ဂီတပညာကုိ စိတ္ဝင္တစားသင္ယူခ်င္စိတ္ရွိသူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဘန္ေကာက္မွာ တစ္လအၾကာအခ်ိန္ယူၿပီး သင္ၾကားမွာျဖစ္တဲ့အတြက္ အေတြ႔အႀကဳံအသစ္အဆန္းေတြကုိလည္း လိုခ်င္တယ္လုိ႔ ဆုိပါတယ္။

'' ဟုိမွာက Piano ေရာ Vocal အတြက္ကုိေရာ အဲ့ဒါကုိပဲ သီးသန္႔အခ်ိန္ေပးၿပီးေတာ့ သင္ျဖစ္မွာပါ။ တစ္လပါပဲ။ အဲ့ဒါကုိပဲ ပုိၿပီးေတာ့ ဂရုစုိက္ ျဖစ္ေအာင္ပါ။ ၿပီးေတာ့ သူမ်ားႏုိင္ငံမွာ ဘယ္လုိသင္သလဲ ၊ Music နဲ႔ ပတ္သက္တဲ့ အေတြ႔အႀကဳံေတြ အသစ္အဆန္းေတြကုိလုိခ်င္လုိ႔ ကုိယ့္ကုိယ္ကုိ Upgrade လုပ္တာေပါ့'' ဆုိပါတယ္။

 

ျမန္မာႏုိင္ငံရဲ႕ ဂီတေလာကမွာ ေအာင္ျမင္လွ်က္ရွိတဲ့ က်ားေပါက္ကုိေတာ့ ပုိပုိက အားက်မိတယ္လုိ႔ ဖြင့္ဟလာပါတယ္။ ဂီတနဲ႔ ပတ္သက္ၿပီး ကုိယ့္ကုိယ္ကုိယ္ အျမဲတမ္းေလ့လာသင့္တယ္၊ ျမွင့္တင္သင့္တယ္လုိ႔လည္း ေျပာပါတယ္။

'' ျမန္မာႏုိင္ငံမွာဆုိရင္ Music အေၾကာင္းကုိ ကုိယ့္ဘာသာကုိယ္ တစ္ခ်ိန္လုံး သင္ယူေနတဲ့သူကေတာ့ ကုိက်ားေပါက္တစ္ေယာက္ပဲရွိပါတယ္။ ကုိက်ားေပါက္ကုိ အရမ္းအားက်တယ္ သူ အားလုံးတီးႏုိင္တယ္။ သူ႔လုိပဲ ပိုပိုလည္း အဲ့ဒီလုိျဖစ္ခ်င္တယ္။ ကုိယ္ေတြလည္း ဒီ့ထက္မက သင္သင့္ တယ္လုိ႔ထင္ပါတယ္၊ သီခ်င္းဆုိတတ္ရုံနဲ႔ သီခ်င္းဆုိေနၾကတယ္ဆုိတာကေတာ့ နည္းနည္းေလး လြဲေနတယ္လုိ႔ ထင္ပါတယ္'' လုိ႔ဆိုပါတယ္။

ဂီတေလာကမွာ ေနရာတစ္ေနရာရရွိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ္ကုိယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယုိ အယ္လ္ဘမ္ တုိ႔ကုိ ထြက္ရွိခဲ့ၿပီးေတာ့ Master Piece  မီနီအယ္လ္ဘမ္လည္း ထြက္ရွိထားသူျဖစ္ပါတယ္။ ဂီတပိုင္းမွာသာမက ဇာတ္ကားရိုက္ကူးမႈေတြလည္း လုပ္လာသူျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs