• Cele Yatkwat
    ချစ်စရာကောင်းတဲ့Tik ToK ဗီဒီယိုလေးအကြောင်းပြောလာတဲ့ ခင်ဝင့်ဝါ
Sabal Thwin
[Unicode Version]

Tik Top ဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်အချစ်ကို ဖမ်းစားလာတဲ့ ခင်ဝင့်ဝါလေးက သူ့ရဲ့ အကောင့်ကို မသိလောက်ဘူးထင်ပြီး အပျော်လေး ရိုက်ဖြစ် ခဲ့တယ်တဲ့။ ပရိသတ်တွေက ချစ်တဲ့မျက်စိနဲ့ အားပေးခဲ့ကြလို့လည်း အရမ်းကိုပျော်ခဲ့ရတယ်လို့ ပြောပါတယ်။ သူပါဝင်သရုပ်ဆောင် ထားတဲ့ တိမ်တိုက်တံတားရုပ်ရှင်ကားလည်း ရုံတင်တော့မယ်လို့ဆိုပါတယ်။

K 1.jpg 

လူမှုကွန်ယက် စာမျက်နှာတွေထဲက တစ်ခုဖြစ်တဲ့ Tik Top ကိုတော့ သုံးစွဲသူပရိသတ်တွေ များပြားလာတာကိုတွေ့ရပါတယ်။ ချစ်စရာ လည်းကောင်း၊ ပျော်စရာလည်း ကောင်းတဲ့ Tik Top ကို သရုပ်ဆောင်ခင်ဝင့်ဝါကလည်း အသုံးပြုလာခဲ့ပါတယ်။ ခင်ဝင့်ဝါရဲ့ Tik Top ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေက အရမ်းကို အားပေးခဲ့ကြတယ်လို့ မီဒီယာတွေကနေပြောပြခဲ့ပါတယ်။

'' ညီမက သူများတွေ Tik Tok လုပ်တာတွေ့တော့ လုပ်ကြည့်ကြည့်မယ်ဆိုတော့ ကိုယ့်အကောင့်ကိုလည်း လူတွေမသိလောက်ဘူးထင်ပြီး လုပ်ကြတာပေါ့။ ဟိုတစ်ခေါက်ကဆိုရင် မိတ်ကပ်ဆရာနှစ်ယောက်နဲ့ Tik Tok လေးရိုက်တာ ဒီအတိုင်းပဲ အပျော်လေးပဲ ရိုက်လိုက်တာ ပရိသတ်တွေက သဘောကျတယ်၊ ရယ်ရတယ်ဆိုတော့ သူတို့ကိုလည်းချစ်သွားတယ်၊ ပျော်ပါတယ်'' လို့ဆိုပါတယ်။

K 2.jpg

ကော့သောင်းခရီးစဉ်မှာ အရမ်းပျော်ခဲ့တဲ့ ခင်ဝင့်ဝါ 

Tik Top ဗီဒီယိုလေးတွေကနေ ပရိသတ်အချစ်ကို ထပ်ပြီးပိုင်ဆိုင်သွားခဲ့တဲ့ ခင်ဝင့်ဝါက ဒီဟာကိုတော့ သိပ်မသုံးဖြစ်ဘူးတဲ့။သူ့အနေနဲ့ မလုပ် တတ် လုပ်တတ်နဲ့ လုပ်ဖြစ်ခဲ့တဲ့ Tik Top ဗီဒီယိုဖိုင်လေးတွေကတော့ ပရိသတ်အတွက် အရမ်းကိုချစ်စရာကောင်းခဲ့ပါတယ်။

'' ပုံမှန်တော့ မသုံးဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်က သိပ်မလုပ်တတ်ဘူးလေ။ ပရိသတ်က ချစ်တဲ့မျက်စိနဲ့ကြည့်တာဆိုတော့ချစ်ဖို့ ကောင်းလိုက်တာ လို့ပြောပေမယ့် ကိုယ့်အနေနဲ့ကျတော့ ငပေါကြီးဖြစ်သွားမှာပေါ့နော်။ သိပ်ပြီးတော့လည်း ထွေထွေထူးထူး မသုံးဖြစ်သေး ဘူး'' ဆိုပြီးတော့ဇူလိုင်လ ၈ ရက်နေ့ညကတိမ်တိုက်တံတားရုပ်ရှင်အထူးပြသပွဲကိုတက်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါ တယ်။

K 3.jpg 

ခင်ဝင့်ဝါရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ မကြာခင်ရုံတင်ပြသတော့မယ့် တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင် သရုပ် ဆောင်ထားပါတယ်။ တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၃ ရက်နေ့က စပြီးရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီး ထဲမှာ နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ၊ ငုယင်ထရန်ဟုရန်မေ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ခင်ဝင့်ဝါဟာ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင် အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်းအကောင်း ဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

 

[Zawgyi Version]

Tik Top ဗီဒီယိုဖုိင္ေလးနဲ႔ ပရိသတ္အခ်စ္ကုိ ဖမ္းစားလာတဲ့ ခင္ဝင့္ဝါေလးက သူ႔ရဲ႕ အေကာင့္ကုိ မသိေလာက္ဘူးထင္ၿပီး အေပ်ာ္ေလး ရုိက္ျဖစ္ ခဲ့တယ္တဲ့။ ပရိသတ္ေတြက ခ်စ္တဲ့မ်က္စိနဲ႔ အားေပးခဲ့ၾကလုိ႔လည္း အရမ္းကုိေပ်ာ္ခဲ့ရတယ္လုိ႔ ေျပာပါတယ္။ သူပါဝင္သရုပ္ေဆာင္ ထားတဲ့ တိမ္တုိက္တံတားရုပ္ရွင္ကားလည္း ရုံတင္ေတာ့မယ္လုိ႔ဆုိပါတယ္။

 

လူမႈကြန္ယက္ စာမ်က္ႏွာေတြထဲက တစ္ခုျဖစ္တဲ့ Tik Top ကုိေတာ့ သုံးစဲြသူပရိသတ္ေတြ မ်ားျပားလာတာကုိေတြ႔ရပါတယ္။ ခ်စ္စရာ လည္းေကာင္း၊ ေပ်ာ္စရာလည္း ေကာင္းတဲ့ Tik Top ကုိ သရုပ္ေဆာင္ခင္ဝင့္ဝါကလည္း အသုံးျပဳလာခဲ့ပါတယ္။ ခင္ဝင့္ဝါရဲ႕ Tik Top ဗီဒီယုိေလးေတြကုိလည္း ပရိသတ္ေတြက အရမ္းကုိ အားေပးခဲ့ၾကတယ္လုိ႔ မီဒီယာေတြကေနေျပာျပခဲ့ပါတယ္။

'' ညီမက သူမ်ားေတြ Tik Tok လုပ္တာေတြ႔ေတာ့ လုပ္ၾကည့္ၾကည့္မယ္ဆုိေတာ့ ကုိယ့္အေကာင့္ကုိလည္း လူေတြမသိေလာက္ဘူးထင္ၿပီး လုပ္ၾကတာေပါ့။ ဟုိတစ္ေခါက္ကဆုိရင္ မိတ္ကပ္ဆရာႏွစ္ေယာက္နဲ႔ Tik Tok ေလးရုိက္တာ ဒီအတိုင္းပဲ အေပ်ာ္ေလးပဲ ရုိက္လုိက္တာ ပရိသတ္ေတြက သေဘာက်တယ္၊ ရယ္ရတယ္ဆုိေတာ့ သူတုိ႔ကုိလည္းခ်စ္သြားတယ္၊ ေပ်ာ္ပါတယ္'' လုိ႔ဆုိပါတယ္။

ေကာ့ေသာင္းခရီးစဥ္မွာ အရမ္းေပ်ာ္ခ့ဲတဲ့ ခင္ဝင့္ဝါ 

Tik Top ဗီဒီယုိေလးေတြကေန ပရိသတ္အခ်စ္ကုိ ထပ္ၿပီးပုိင္ဆုိင္သြားခဲ့တဲ့ ခင္ဝင့္ဝါက ဒီဟာကုိေတာ့ သိပ္မသုံးျဖစ္ဘူးတဲ့။သူ႔အေနနဲ႔ မလုပ္ တတ္ လုပ္တတ္နဲ႔ လုပ္ျဖစ္ခဲ့တဲ့ Tik Top ဗီဒီယုိဖိုင္ေလးေတြကေတာ့ ပရိသတ္အတြက္ အရမ္းကိုခ်စ္စရာေကာင္းခဲ့ပါတယ္။

'' ပုံမွန္ေတာ့ မသုံးျဖစ္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ကုိယ္က သိပ္မလုပ္တတ္ဘူးေလ။ ပရိသတ္က ခ်စ္တဲ့မ်က္စိနဲ႔ၾကည့္တာဆုိေတာ့ခ်စ္ဖုိ႔ ေကာင္းလုိက္တာ လို႔ေျပာေပမယ့္ ကုိယ့္အေနနဲ႔က်ေတာ့ ငေပါႀကီးျဖစ္သြားမွာေပါ့ေနာ္။ သိပ္ၿပီးေတာ့လည္း ေထြေထြထူးထူး မသုံးျဖစ္ေသး ဘူး'' ဆိုၿပီးေတာ့ဇူလုိင္လ ၈ ရက္ေန႔ညကတိမ္တုိက္တံတားရုပ္ရွင္အထူးျပသပြဲကိုတက္ေရာက္ရင္း မီဒီယာေတြရဲ႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါ တယ္။

 

ခင္ဝင့္ဝါရဲ႕ အႏုပညာလႈပ္ရွားမႈအေနနဲ႔ မၾကာခင္ရုံတင္ျပသေတာ့မယ့္ တိမ္တုိက္တံတားရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္ သရုပ္ ေဆာင္ထားပါတယ္။ တိမ္တိုက္တံတားရုပ္ရွင္ဇာတ္ကားႀကီးကုိ ဇူလုိင္လ ၁၃ ရက္ေန႔က စၿပီးရုံတင္ျပသသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီး ထဲမွာ ေနတိုး၊ ထြန္းထြန္း၊ ခင္၀င့္၀ါ၊ ငုယင္ထရန္ဟုရန္ေမ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ခင္ဝင့္ဝါဟာ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္သလို အလွမယ္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္က ျမန္မာႏိုင္ငံကိုယ္စားျပဳ Miss Supranational Myanmar တစ္ေယာက္ျဖစ္ခဲ့ၿပီး ပရိသတ္အားေပးမႈ ရရွိခဲ့တဲ့ အလွမယ္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သရုပ္ေဆာင္ အလုပ္နဲ႔ပတ္သက္ၿပီး ပညာေပးတဲ့ ဇာတ္လမ္းမ်ိဳးေတြဆုိရင္လည္းအေကာင္း ဆံုး ႀကိဳးစားလုပ္ေဆာင္သြားမယ္လုိ႔ေျပာပါတယ္။

 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs