• Cele Yatkwat
    တူလေးနဲ့တွဲပြီး ရုပ်ရှင်ကားတွေရိုက်ထားတယ်ဆိုတဲ့ ရန်အောင်
Sabal Thwin
[Unicode Version]

ရန်အောင်ဟာ သူ့ရဲ့ အနုပညာမျိုးဆက်သစ်ဖြစ်တဲ့ မင်းဇေနဲ့အတူတွဲပြီး ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်ပါတယ်။ မင်းဇေရဲ့ အနုပညာအလုပ် တွေနဲ့ ပတ်သက်ပြီး ဆုံးမသွန်သင်တာတွေလည်းရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီနောက် အရင်ခေတ်တုန်းကနဲ့ မတူတော့တဲ့ ရိုက်ကွင်းပေါ်က ဆက်ဆံရေးအကြောင်းတွေကိုလည်းပြောပြလာပါသေးတယ်။

1 (1).jpg

Photo: ရန်အောင်ဖေ့စ်ဘွတ်

 

အကယ်ဒမီများရှင် ရန်အောင် ရဲ့ တူတော်စပ်သူ အနုပညာမျိုးဆက်သစ်ဖြစ်တဲ့ မင်းမင်းဇေကတော့ အနုပညာလောကထဲမှာ ကြိုးစားနေတယ် လို့ သိရပါတယ်။ မင်းဇေရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ရန်အောင်က အမြဲတမ်း ဆုံးမသွန်သင်စကားပြောဖြစ်တယ်ဆိုပြီးတော့ ဝိညာဉ်စိမ်း ရုပ်ရှင်ကား အထူးပြသပွဲကိုတက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော်လည်း စိုးရိမ်တာတွေတော့ရှိတာပေါ့။ အလုပ်ဆိုတာ အချိန်နဲ့အခါနဲ့လုပ်ရတယ်၊ ကျွန်တော်တို့ ခေတ်တုန်းကနဲ့တောင်မတူဘူး။ ဒီခေတ်က အဖြစ်မြန်တယ်၊ အပျက်မြန်တယ်။ ဖြစ်တာမြန်တယ်ဆိုတာကလည်း ဖြစ်ဖို့ လမ်းတွေအများကြီး ရှိတယ်။ ဒါပေမယ့် အမြဲတမ်း ကြိုးစားနေရမယ်၊ ဆက်မကြိုးစားရင် ပျက်မယ်။ အမြဲတမ်းပြည့်ဝနေရမယ် ဆိုတာကို သင်ပေးပါတယ်'' လို့ဆိုပါတယ်။

29511937_2014075318620840_5577313585644712109_n.jpg

Photo: ရန်အောင်ဖေ့စ်ဘွတ်

အမေများနေ့မှာမိခင်ကြီးနဲ့အတူ ပျော်ရွှင်ကြည်နူးနေတဲ့ ရန်အောင် 

ရန်အောင်ဟာ သူရဲ့ တူလေး မင်းဇေနဲ့အတူတွဲပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ မင်းဇေဟာ သရုပ်ဆောင် ဘက်မှာလည်း ဝါသနာပါသလို ဂီတဘက်မှာလည်း ကြိုးစားချင်တဲ့ ဆန္ဒရှိနေတယ်လို့ ရန်အောင်က ပြောပါတယ်။ မင်းဇေကလည်း အနုပညာ လောကထဲကို ရွှေကြိုရွေးချယ်ပွဲကနေတဆင့် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ရန်အောင်ဟာ လက်ရှိအနုပညာလောကမှာ ကိုယ့်ထက်အနုပညာဝါရင့်တဲ့ လူကြီးတွေနဲ့ရိုက်ကွင်းမှာဆုံရင် နှုတ်ဆက်ဂါရဝ ပြုလေ့မရှိတဲ့ အနုပညာရှင်တွေလည်းရှိတယ်ပြောပါတယ်။ အနုပညာအလုပ်ကို လုပ်မယ်ဆိုရင် ကိုယ့်ထက် ကြီးသူတွေကို ရိုသေစေချင်တယ် လေးစား စေချင်တဲ့ ဆန္ဒတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အနုပညာလောကထဲကို စဝင်ကတည်းက ရိုက်ကွင်းပေါ်ကိုရောက်လာတယ်ဆိုရင် ကိုယ့်ထက်ကြီးတဲ့လူ ကိုအရင်ဆုံးနှုတ်ဆက်တယ်။ ကိုယ်က ဘယ်လောက်ပဲ နာမည်ကြီးကြီး ဂါရဝပြုတယ်။ အခုခေတ်မှာဆိုရင် ကျွန်တော်တို့က လိုက်ခေါ်နေရတယ်။ တချို့တွေပါ အများတော့ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း ကျွန်တော်တို့ တုန်းကလို ဖြစ်စေချင်ပါတယ်'' လို့ သူကဆိုပါတယ်။

29027247_1994546320573740_4780208023882694656_n.jpg

Photo: ရန်အောင်ဖေ့စ်ဘွတ်

 

မင်းဇေဟာ Myanmar Idol သီချင်းဆို ပြိုင်ပွဲကြီးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါသေးတယ်။ ဦးလေးဖြစ်သူ ရန်အောင်ရဲ့ ရုပ်ရှင် ရိုက်ကွင်းတိုင်း ကိုလည်း မင်းဇေက လာရောက်လေ့လာ သင်ယူလေ့ရှိတယ်လို့ ဆိုပါတယ်။ တူဖြစ်သူရဲ့ အနုပညာအလုပ်တွေကိုလည်း တက်နိုင်သလောက် ကူညီပံ့ပိုး ပေးသွားမယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

[Zawgyi Version]

ရန္ေအာင္ဟာ သူ႔ရဲ႕ အႏုပညာမ်ဳိးဆက္သစ္ျဖစ္တဲ့ မင္းေဇနဲ႔အတူတြဲၿပီး ဇာတ္ကားေတြရုိက္ကူးေနၿပီျဖစ္ပါတယ္။ မင္းေဇရဲ႕ အႏုပညာအလုပ္ ေတြနဲ႔ ပတ္သက္ၿပီး ဆုံးမသြန္သင္တာေတြလည္းရွိတယ္လုိ႔ ေျပာပါတယ္။ အဲ့ဒီေနာက္ အရင္ေခတ္တုန္းကနဲ႔ မတူေတာ့တဲ့ ရုိက္ကြင္းေပၚက ဆက္ဆံေရးအေၾကာင္းေတြကုိလည္းေျပာျပလာပါေသးတယ္။

Photo: ရန္ေအာင္ေဖ့စ္ဘြတ္

 

အကယ္ဒမီမ်ားရွင္ ရန္ေအာင္ ရဲ႕ တူေတာ္စပ္သူ အႏုပညာမ်ဳိးဆက္သစ္ျဖစ္တဲ့ မင္းမင္းေဇကေတာ့ အႏုပညာေလာကထဲမွာ ႀကိဳးစားေနတယ္ လုိ႔ သိရပါတယ္။ မင္းေဇရဲ႕ အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး ရန္ေအာင္က အျမဲတမ္း ဆုံးမသြန္သင္စကားေျပာျဖစ္တယ္ဆုိၿပီးေတာ့ ဝိညာဥ္စိမ္း ရုပ္ရွင္ကား အထူးျပသပြဲကုိတက္ေရာက္ရင္း Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ကၽြန္ေတာ္လည္း စုိးရိမ္တာေတြေတာ့ရွိတာေပါ့။ အလုပ္ဆုိတာ အခ်ိန္နဲ႔အခါနဲ႔လုပ္ရတယ္၊ ကၽြန္ေတာ္တုိ႔ ေခတ္တုန္းကနဲ႔ေတာင္မတူဘူး။ ဒီေခတ္က အျဖစ္ျမန္တယ္၊ အပ်က္ျမန္တယ္။ ျဖစ္တာျမန္တယ္ဆုိတာကလည္း ျဖစ္ဖုိ႔ လမ္းေတြအမ်ားႀကီး ရွိတယ္။ ဒါေပမယ့္ အျမဲတမ္း ႀကိဳးစားေနရမယ္၊ ဆက္မႀကိဳးစားရင္ ပ်က္မယ္။ အျမဲတမ္းျပည့္ဝေနရမယ္ ဆုိတာကုိ သင္ေပးပါတယ္'' လုိ႔ဆုိပါတယ္။

Photo: ရန္ေအာင္ေဖ့စ္ဘြတ္

အေမမ်ားေန႔မွာမိခင္ႀကီးနဲ႔အတူ ေပ်ာ္ရႊင္ၾကည္ႏူးေနတဲ့ ရန္ေအာင္ 

ရန္ေအာင္ဟာ သူရဲ႕ တူေလး မင္းေဇနဲ႔အတူတြဲၿပီး ရုပ္ရွင္ဇာတ္ကားေတြလည္း ရုိက္ကူးထားတယ္လုိ႔ ဆုိပါတယ္။ မင္းေဇဟာ သရုပ္ေဆာင္ ဘက္မွာလည္း ဝါသနာပါသလုိ ဂီတဘက္မွာလည္း ႀကိဳးစားခ်င္တဲ့ ဆႏၵရွိေနတယ္လုိ႔ ရန္ေအာင္က ေျပာပါတယ္။ မင္းေဇကလည္း အႏုပညာ ေလာကထဲကုိ ေရႊႀကိဳေရြးခ်ယ္ပြဲကေနတဆင့္ ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ရန္ေအာင္ဟာ လက္ရွိအႏုပညာေလာကမွာ ကုိယ့္ထက္အႏုပညာဝါရင့္တဲ့ လူႀကီးေတြနဲ႔ရုိက္ကြင္းမွာဆုံရင္ ႏႈတ္ဆက္ဂါရဝ ျပဳေလ့မရွိတဲ့ အႏုပညာရွင္ေတြလည္းရွိတယ္ေျပာပါတယ္။ အႏုပညာအလုပ္ကုိ လုပ္မယ္ဆုိရင္ ကုိယ့္ထက္ ႀကီးသူေတြကုိ ရုိေသေစခ်င္တယ္ ေလးစား ေစခ်င္တဲ့ ဆႏၵေတြကုိလည္း ေျပာျပခဲ့ပါေသးတယ္။

'' အႏုပညာေလာကထဲကုိ စဝင္ကတည္းက ရုိက္ကြင္းေပၚကုိေရာက္လာတယ္ဆုိရင္ ကုိယ့္ထက္ႀကီးတဲ့လူ ကုိအရင္ဆုံးႏႈတ္ဆက္တယ္။ ကုိယ္က ဘယ္ေလာက္ပဲ နာမည္ႀကီးႀကီး ဂါရဝျပဳတယ္။ အခုေခတ္မွာဆုိရင္ ကၽြန္ေတာ္တုိ႔က လုိက္ေခၚေနရတယ္။ တခ်ဳိ႕ေတြပါ အမ်ားေတာ့ မဟုတ္ပါဘူး။ ကေလးေတြကုိလည္း ကၽြန္ေတာ္တုိ႔ တုန္းကလုိ ျဖစ္ေစခ်င္ပါတယ္'' လုိ႔ သူကဆုိပါတယ္။

Photo: ရန္ေအာင္ေဖ့စ္ဘြတ္

 

မင္းေဇဟာ Myanmar Idol သီခ်င္းဆုိ ၿပိဳင္ပြဲႀကီးမွာလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးပါေသးတယ္။ ဦးေလးျဖစ္သူ ရန္ေအာင္ရဲ႕ ရုပ္ရွင္ ရုိက္ကြင္းတုိင္း ကုိလည္း မင္းေဇက လာေရာက္ေလ့လာ သင္ယူေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ တူျဖစ္သူရဲ႕ အႏုပညာအလုပ္ေတြကုိလည္း တက္ႏုိင္သေလာက္ ကူညီပ့ံပုိး ေပးသြားမယ္လုိ႔လည္း အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ဖူးပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs