• Cele Yatkwat

    အလှဓာတ်ပုံတွေရိုက်ရင်း အနုပညာလောကထဲပြန်ဝင်လာတဲ့ နွယ်နွယ်ထွန်း

Sabal Thwin
[Unicode Version]

အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်လာတဲ့ မော်ဒယ်လ်နွယ်နွယ်ထွန်းက အလှဓာတ်ပုံတွေ၊ MTV တွေရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ အခုလို ပြန်လည်ဝင်ရောက်လာချိန်မှာလည်း အရင်ကနဲ့ မတူအောင် ရင့်ကျက်သွားတယ်လို့ ဆိုပါတယ်။ သူဟာ အနုပညာလောကနဲ့ အဆက်အသွယ် ပြတ်နေချိန်မှာလည်း စင်္ကာပူနိုင်ငံမှာ သွားရောက်နေထိုင်နေတယ်လို့ ပြောပါတယ်။

34745854_877068155834940_3297784608375963648_n.jpg

Photo: Nwe Nwe Tun Fb

 

အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးခဲ့တဲ့ မော်ဒယ်နွယ်နွယ်ထွန်းဟာ အခုချိန်မှာတော့ ပရိသတ်အရှေ့ကို MTV တွေ အလှဓာတ်ပုံ တွေ ရိုက်ကူးရင်းနဲ့ ပြန်လည်ရောက်ရှိလာ ပြီဆိုတာကို ဝိညာဉ်စိမ်းရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်လာရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ညီမအနေနဲ့ အနုပညာလောကထဲကို ပြန်ဝင်ရောက်လာချိန်မှာ အလှဓာတ်ပုံလေးတွေ၊ MTV တွေရိုက်ကူးဖြစ်နေပါတယ်။ အလှဓာတ်ပုံလေး တွေရိုက်ဖြစ်တယ်ဆိုတာကလည်း ကိုယ်ဝါသနာပါတယ်။ ခရီးတွေထွက်ရင်လည်း ဓာတ်ပုံရိုက်ရတာ ကြိုက်တယ်။ အငှားဓာတ်ပုံဆရာကို ငှား ပြီး သင်ယူတာတွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဓာတ်ပုံလေးတွေ လှနေရင် ကျေနပ်တယ်'' လို့ ဆိုပါတယ်။

36177117_892561960952226_4808505884063825920_n.jpg

Photo: Nwe Nwe Tun Fb

 

Sexy ဆန်တဲ့ အလှဓာတ်ပုံတွေနဲ့အတူ အောင်မြင်လာချိန်မှာ ရုတ်တရက် ပရိသတ်အရှေ့ကနေ ပျောက်သွားရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အဲ့ဒီတုန်းကလည်း အနုပညာအလုပ်ကို မလုပ်တော့တာပေါ့။ တချို့တွေက မော်ဒယ်လ်လိုင်းကိုလာပြီး သရုပ်ဆောင်ဘက်ကို ကူးကြတာများ တယ်။ ညီမကကျတော့ သရုပ်ဆောင်ဘက်ကို မကူးဘူး၊ ကိုယ်ကိုယ်တိုင်လည်း ကြားမှာ ဘာမှမရိုက်တော့တာ  ကမ်းလှမ်းလာတာတွေ ကိုလည်း မလုပ်တော့ပါဘူးလို့ ငြင်းခဲ့တာပါ'' လို့  နွယ်နွယ်ထွန်းက ပြောပါတယ်။ 

36663289_901035456771543_7995336429028769792_n.jpg

Photo: Nwe Nwe Tun Fb

 

နွယ်နွယ်ထွန်းဟာ တစ်ချိန်တုန်းက Sexy အလှဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာကိုလည်း ခံခဲ့ရသူတစ်ဦးပါ။ အဲ့ဒီ အချိန်တုန်းကတော့ ပရိသတ်တွေရဲ့ စကားကို အာရုံမစိုက်တတ်ခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။

'' ညီမက အရင်တုန်းက ငယ်သေးတော့ ကိုယ်လုပ်ချင်တာ ကိုယ်ဇွတ်လုပ်တယ်။ သူများတွေကိုလည်း အာရုံမစိုက်၊ ဂရုမစိုက်တတ်ဘူး။ အခုတော့ နည်းနည်းလေး ရင့်ကျက်သွားတာပေါ့။ အခုတော့ ခရီးတွေသွားတယ်၊ စင်္ကံာပူမှာနေတယ်၊ ဒါပေမယ့် အနုပညာအလုပ်လေးတွေ ပြန်လုပ်ချင်တဲ့အတွက် ဒီမှာပဲ ဓာတ်ပုံလေးတွေရိုက်ဖြစ်မယ်'' လို့ သူကဆိုပါတယ်။

Sexy ပုံစံမျိုးတွေ ထပ်မရိုက်တော့ပါဘူးလို့ ဆိုလိုက်တဲ့ ရွှေပိုးအိမ် 

36745317_906696002872155_2507034168009949184_n.jpg

Photo: Nwe Nwe Tun Fb

 

နွယ်နွယ်ထွန်းကိုတော့ ပရိသတ်တွေက Sexy Model တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာပါ။ အနုပညာလောကထဲမှာ ဝေဖန်ခံရတာတွေ ကြုံတွေ့ခဲ့ရပြီးနောက် မော်ဒယ်လ်လောကနဲ့ အဆက်ပြတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က သရုပ်ဆောင်လိုင်းကို မကူးဖြစ်တာကလည်း မကျွမ်းကျင်တဲ့ အလုပ်တစ်ခုဖြစ်လို့ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

[Zawgyi Version]

အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ေဆာင္လာတဲ့ ေမာ္ဒယ္လ္ႏြယ္ႏြယ္ထြန္းက အလွဓာတ္ပုံေတြ၊ MTV ေတြရုိက္ကူးေနရၿပီ ျဖစ္ပါတယ္။ အခုလုိ ျပန္လည္ဝင္ေရာက္လာခ်ိန္မွာလည္း အရင္ကနဲ႔ မတူေအာင္ ရင့္က်က္သြားတယ္လုိ႔ ဆုိပါတယ္။ သူဟာ အႏုပညာေလာကနဲ႔ အဆက္အသြယ္ ျပတ္ေနခ်ိန္မွာလည္း စကၤာပူႏုိင္ငံမွာ သြားေရာက္ေနထုိင္ေနတယ္လုိ႔ ေျပာပါတယ္။

Photo: Nwe Nwe Tun Fb

 

အႏုပညာအလုပ္ေတြနဲ႔ အနည္းငယ္အလွမ္းေဝးခဲ့တ့ဲ ေမာ္ဒယ္ႏြယ္ႏြယ္ထြန္းဟာ အခုခ်ိန္မွာေတာ့ ပရိသတ္အေရွ႕ကုိ MTV ေတြ အလွဓာတ္ပုံ ေတြ ရိုက္ကူးရင္းနဲ႔ ျပန္လည္ေရာက္ရွိလာ ၿပီဆုိတာကုိ ဝိညာဥ္စိမ္းရုပ္ရွင္ကားႀကီး အထူးျပသပြဲကုိ တက္ေရာက္လာရင္း Duwun media ရဲ႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

'' ညီမအေနနဲ႔ အႏုပညာေလာကထဲကုိ ျပန္ဝင္ေရာက္လာခ်ိန္မွာ အလွဓာတ္ပံုေလးေတြ၊ MTV ေတြရုိက္ကူးျဖစ္ေနပါတယ္။ အလွဓာတ္ပုံေလး ေတြရိုက္ျဖစ္တယ္ဆုိတာကလည္း ကိုယ္ဝါသနာပါတယ္။ ခရီးေတြထြက္ရင္လည္း ဓာတ္ပုံရုိက္ရတာ ႀကိဳက္တယ္။ အငွားဓာတ္ပုံဆရာကုိ ငွား ၿပီး သင္ယူတာေတြလည္းရွိတယ္။ ဘာပဲျဖစ္ျဖစ္ ကုိယ့္ဓာတ္ပုံေလးေတြ လွေနရင္ ေက်နပ္တယ္'' လုိ႔ ဆုိပါတယ္။

Photo: Nwe Nwe Tun Fb

 

Sexy ဆန္တဲ့ အလွဓာတ္ပုံေတြနဲ႔အတူ ေအာင္ျမင္လာခ်ိန္မွာ ရုတ္တရက္ ပရိသတ္အေရွ႕ကေန ေပ်ာက္သြားရတဲ့ အေၾကာင္းကုိလည္း ေျပာျပခဲ့ပါေသးတယ္။

'' အဲ့ဒီတုန္းကလည္း အႏုပညာအလုပ္ကုိ မလုပ္ေတာ့တာေပါ့။ တခ်ဳိ႔ေတြက ေမာ္ဒယ္လ္လုိင္းကုိလာၿပီး သရုပ္ေဆာင္ဘက္ကုိ ကူးၾကတာမ်ား တယ္။ ညီမကက်ေတာ့ သရုပ္ေဆာင္ဘက္ကုိ မကူးဘူး၊ ကုိယ္ကုိယ္တုိင္လည္း ၾကားမွာ ဘာမွမရုိက္ေတာ့တာ  ကမ္းလွမ္းလာတာေတြ ကုိလည္း မလုပ္ေတာ့ပါဘူးလုိ႔ ျငင္းခဲ့တာပါ'' လုိ႔  ႏြယ္ႏြယ္ထြန္းက ေျပာပါတယ္။ 

Photo: Nwe Nwe Tun Fb

 

ႏြယ္ႏြယ္ထြန္းဟာ တစ္ခ်ိန္တုန္းက Sexy အလွဓာတ္ပုံေတြနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ ေဝဖန္မႈမ်ားစြာကုိလည္း ခံခဲ့ရသူတစ္ဦးပါ။ အဲ့ဒီ အခ်ိန္တုန္းကေတာ့ ပရိသတ္ေတြရဲ႕ စကားကုိ အာရုံမစုိက္တတ္ခဲ့ဘူးလုိ႔လည္း ေျပာခဲ့ပါတယ္။

'' ညီမက အရင္တုန္းက ငယ္ေသးေတာ့ ကုိယ္လုပ္ခ်င္တာ ကုိယ္ဇြတ္လုပ္တယ္။ သူမ်ားေတြကုိလည္း အာရုံမစုိက္၊ ဂရုမစုိက္တတ္ဘူး။ အခုေတာ့ နည္းနည္းေလး ရင့္က်က္သြားတာေပါ့။ အခုေတာ့ ခရီးေတြသြားတယ္၊ စကႍာပူမွာေနတယ္၊ ဒါေပမယ့္ အႏုပညာအလုပ္ေလးေတြ ျပန္လုပ္ခ်င္တဲ့အတြက္ ဒီမွာပဲ ဓာတ္ပုံေလးေတြရုိက္ျဖစ္မယ္'' လုိ႔ သူကဆုိပါတယ္။

Sexy ပုံစံမ်ဳိးေတြ ထပ္မရုိက္ေတာ့ပါဘူးလုိ႔ ဆုိလုိက္တဲ့ ေရႊပုိးအိမ္ 

Photo: Nwe Nwe Tun Fb

 

ႏြယ္ႏြယ္ထြန္းကုိေတာ့ ပရိသတ္ေတြက Sexy Model တစ္ေယာက္အျဖစ္ စတင္သိရွိခဲ့ၾကတာပါ။ အႏုပညာေလာကထဲမွာ ေဝဖန္ခံရတာေတြ ႀကဳံေတြ႔ခဲ့ရၿပီးေနာက္ ေမာ္ဒယ္လ္ေလာကနဲ႔ အဆက္ျပတ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က သရုပ္ေဆာင္လုိင္းကုိ မကူးျဖစ္တာကလည္း မကၽြမ္းက်င္တဲ့ အလုပ္တစ္ခုျဖစ္လုိ႔ မလုပ္ခဲ့ဘူးလုိ႔ ဆုိပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs