• Cele Yatkwat
    ပရိသတ်တွေ စိတ်ပျက်အောင်မလုပ်ပါဘူးဆိုတဲ့ တိုင်ရွန်
Sabal Thwin
[Unicode Version]

တိုင်ရွန်ဟာ မော်ဒယ်လ်လောကမှာလည်း အောင်မြင်မှုပိုင်ဆိုင်ထားသလို သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစား နေသူတစ်ဦးပါ။ ယောကျ်ားလေး ပရိသတ်ရော မိန်းကလေးပရိသတ်ရော အခိုင်အမာရရှိထားတဲ့သူဟာ ပရိသတ်တွေ စိတ်ပျက် အောင် မလုပ်ပါဘူးလို့ပြောပါတယ်။

T-1.jpg 

သရုပ်ဆောင်အလုပ်ရော၊ မော်ဒယ်လ်လောကမှာပါ အောင်မြင်နေတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းများစွာကို ပိုင်ဆိုင် ထားသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးမှုကြောင့်လည်း ဒီနေရာအထိ ရပ်တည်လာနိုင်တာ ကြောင့် ကျေးဇူးအများကြီး တင်ကြောင်း ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော့်ကို ပရိသတ်တွေက အစ်ကိုတစ်ယောက်လို အားပေးချစ်ခင်ကြတာ တွေ့ရလို့လည်း ပျော်တယ်။ ကျွန်တော့်မှာ ပရိသတ် များတာ လေးကို ကြားရလို့ပျော်တယ်။ သူတို့တွေရှိနေလို့လည်း ကျွန်တော်ဆိုတာ ဖြစ်လာတာပါ။ အဲ့ဒီအတွက်ကြောင့်လည်း ကျေးဇူးအများကြီး တင်တယ်လို့ပြောချင်ပါတယ်'' လို့ ဆိုပါတယ်။

TYRON-2.jpg 

တိုင်ရွန့်ကိုတော့ အားပေးကြတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေး ပရိသတ်တွေသာမက ယောကျ်ားလေး ပရိသတ်တွေပါ ရှိပါတယ်။ သူ့ရဲ့ အနုပညာအကြောင်းအရာနဲ့ ပတ်သက်ပြီး အမာခံပရိသတ်လေးတွေရဲ့ ဝေဖန်အကြံပြုမှုတွေ အပေါ်မှာလည်း ပြင်ဆင်ဖြစ်တယ်လို့ ပြောပါတယ်။

'' အားပေးတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေး ပရိသတ်တွေက များတယ်။ ကျွန်တော် ဘာလုပ်လုပ် ကောင်းတယ်လို့ပြောပြီး အားပေးကြတဲ့ Fan တွေလည်းရှိတယ်။ တချို့ကျတော့လည်း အစ်ကိုရေ ဒီအချက်လေးက မှားနေတယ်ဆိုပြီး ထောက်ပြပေးတဲ့ Fan တွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ပြောတာလည်း နားထောင်တယ်၊ ကိုယ်တိုင်လည်း ပြင်ဆင်ဖြစ်တယ်'' လို့ ဆိုပါတယ်။

အကောင်းဆုံးကြိုးစားခဲ့တဲ့ ဇာတ်ကားရုံတင်တော့မယ်ဆိုတဲ့ တိုင်ရွန်  

3.jpg 

ကိုယ်တိုင်လည်းအနုပညာလောကမှာ ကြိုးစားနေရတာ ဖြစ်တဲ့အတွက် ပရိသတ်တွေ စိတ်ပျက်သွားအောင်လည်း တိုင်ရွန်က မလုပ်ပါဘူးလို့ တိုင်ရွန်က ပြောပြခဲ့ပါတယ်။

'' အားပေးကြတဲ့ ယောကျ်ားလေး ညီအစ်ကိုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အားပေးကြတဲ့ ညီအစ်ကိုတွေ စိတ်ပျက်သွားအောင်လည်း ကျွန်တော်ဘယ်တော့မှ မလုပ်ပါဘူး။ ညီအစ်ကိုတွေက ဘာတွေလိုချင်တယ်၊ ဘယ်လိုဖြစ်စေချင်တယ်ဆိုတာကို သိပါတယ်။ အဲ့ဒီလို ဖြစ်ဖို့ အတွက်လည်း ကိုယ်တိုင် ကြိုးစားနေတယ်'' လို့ သူကဆိုပါတယ်။

တိုင်ရွန်ဟာ အားပေးကြတဲ့ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့အတွက် အစစအရာရာအကောင်းဆုံးဖြစ်အောင် နေထိုင်တယ်လို့ ပြော ပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတ အလုပ် တွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

[Zawgyi Version]

တုိင္ရြန္ဟာ ေမာ္ဒယ္လ္ေလာကမွာလည္း ေအာင္ျမင္မႈပုိင္ဆုိင္ထားသလုိ သရုပ္ေဆာင္ဘက္မွာလည္း ေအာင္ျမင္ဖုိ႔ ႀကိဳးစား ေနသူတစ္ဦးပါ။ ေယာက်္ားေလး ပရိသတ္ေရာ မိန္းကေလးပရိသတ္ေရာ အခုိင္အမာရရွိထားတဲ့သူဟာ ပရိသတ္ေတြ စိတ္ပ်က္ ေအာင္ မလုပ္ပါဘူးလုိ႔ေျပာပါတယ္။

 

သရုပ္ေဆာင္အလုပ္ေရာ၊ ေမာ္ဒယ္လ္ေလာကမွာပါ ေအာင္ျမင္ေနတဲ့ တုိင္ရြန္ဟာ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္ျခင္းမ်ားစြာကုိ ပုိင္ဆုိင္ ထားသူတစ္ေယာက္ျဖစ္ပါတယ္။ ပရိသတ္ေတြ အားေပးမႈေၾကာင့္လည္း ဒီေနရာအထိ ရပ္တည္လာႏုိင္တာ ေၾကာင့္ ေက်းဇူးအမ်ားႀကီး တင္ေၾကာင္း ငါ့ကုိနမ္းတဲ့ မုန္တုိင္း ဂုဏ္ျပဳညစာစားပြဲကုိ တက္ေရာက္ရင္း Duwun media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ကၽြန္ေတာ့္ကုိ ပရိသတ္ေတြက အစ္ကုိတစ္ေယာက္လုိ အားေပးခ်စ္ခင္ၾကတာ ေတြ႔ရလုိ႔လည္း ေပ်ာ္တယ္။ ကၽြန္ေတာ့္မွာ ပရိသတ္ မ်ားတာ ေလးကုိ ၾကားရလုိ႔ေပ်ာ္တယ္။ သူတုိ႔ေတြရွိေနလုိ႔လည္း ကၽြန္ေတာ္ဆုိတာ ျဖစ္လာတာပါ။ အ့ဲဒီအတြက္ေၾကာင့္လည္း ေက်းဇူးအမ်ားႀကီး တင္တယ္လုိ႔ေျပာခ်င္ပါတယ္'' လုိ႔ ဆုိပါတယ္။

 

တုိင္ရြန္႔ကုိေတာ့ အားေပးၾကတဲ့ ပရိသတ္ေတြထဲမွာ မိန္းကေလး ပရိသတ္ေတြသာမက ေယာက်္ားေလး ပရိသတ္ေတြပါ ရွိပါတယ္။ သူ႔ရဲ႕ အႏုပညာအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး အမာခံပရိသတ္ေလးေတြရဲ႕ ေဝဖန္အႀကံျပဳမႈေတြ အေပၚမွာလည္း ျပင္ဆင္ျဖစ္တယ္လုိ႔ ေျပာပါတယ္။

'' အားေပးတဲ့ ပရိသတ္ေတြထဲမွာ မိန္းကေလး ပရိသတ္ေတြက မ်ားတယ္။ ကၽြန္ေတာ္ ဘာလုပ္လုပ္ ေကာင္းတယ္လုိ႔ေျပာၿပီး အားေပးၾကတဲ့ Fan ေတြလည္းရွိတယ္။ တခ်ဳိ႕က်ေတာ့လည္း အစ္ကုိေရ ဒီအခ်က္ေလးက မွားေနတယ္ဆုိၿပီး ေထာက္ျပေပးတဲ့ Fan ေတြလည္း ရွိတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ သူတုိ႔ေျပာတာလည္း နားေထာင္တယ္၊ ကုိယ္တုိင္လည္း ျပင္ဆင္ျဖစ္တယ္'' လုိ႔ ဆုိပါတယ္။

အေကာင္းဆုံးႀကိဳးစားခဲ့တဲ့ ဇာတ္ကားရုံတင္ေတာ့မယ္ဆုိတဲ့ တုိင္ရြန္  

 

ကုိယ္တုိင္လည္းအႏုပညာေလာကမွာ ႀကိဳးစားေနရတာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြ စိတ္ပ်က္သြားေအာင္လည္း တုိင္ရြန္က မလုပ္ပါဘူးလို႔ တုိင္ရြန္က ေျပာျပခဲ့ပါတယ္။

'' အားေပးၾကတဲ့ ေယာက်္ားေလး ညီအစ္ကုိေတြကုိလည္း ေက်းဇူးတင္ပါတယ္။ အားေပးၾကတဲ့ ညီအစ္ကုိေတြ စိတ္ပ်က္သြားေအာင္လည္း ကၽြန္ေတာ္ဘယ္ေတာ့မွ မလုပ္ပါဘူး။ ညီအစ္ကုိေတြက ဘာေတြလုိခ်င္တယ္၊ ဘယ္လုိျဖစ္ေစခ်င္တယ္ဆုိတာကုိ သိပါတယ္။ အဲ့ဒီလုိ ျဖစ္ဖုိ႔ အတြက္လည္း ကုိယ္တုိင္ ႀကိဳးစားေနတယ္'' လုိ႔ သူကဆုိပါတယ္။

တုိင္ရြန္ဟာ အားေပးၾကတဲ့ ပရိသတ္ေတြရဲ႕ စံျပတစ္ေယာက္ျဖစ္တဲ့အတြက္ အစစအရာရာအေကာင္းဆုံးျဖစ္ေအာင္ ေနထုိင္တယ္လုိ႔ ေျပာ ပါတယ္။ သူ႔အေနနဲ႔ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ ေရွ႕ဆက္ၿပီးေတာ့လည္း အႏုပညာအလုပ္ေတြနဲ႔ အတူ ပရဟိတ အလုပ္ ေတြကုိလည္း စြမ္းစြမ္းတမံေဆာင္ရြက္သြားမယ္လုိ႔ ဆုိပါတယ္။



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs