• Cele Yatkwat
    ယူနီဖောင်းနဲ့ သရုပ်ဆောင်ရတဲ့ဇာတ်ရုပ်တွေကိုသဘောကျတဲ့ မိုးယံဇွန်
Sabal Thwin
[Unicode Version]

မိုးယံဇွန်က ဒါရိုက်တာစတီးလ် နဲ့  နိုင်ငံကြီးသား ဆိုတဲ့ရုပ်ရှင်ဇာတ်ကားရိုက်နေပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်နေတာပါ။ ယူနီဖောင်းဝတ်တစ်ဦးအဖြစ် သရုပ်ဆောင်ရတဲ့အပေါ် ခံစားချက်နဲ့ အဲဒီဇာတ်ကောင်အတွက် ပြင်ဆင်ရပုံတွေကို မိုးယံဇွန်က ပြောပြခဲ့ပါတယ်။

M 2.jpg 

မိုးယံဇွန်တစ်ယောက် လက်ရှိမှာဒါရိုက်တာစတီးလ် နဲ့ နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း သူအမြဲသရုပ်ဆောင်နေကျ ကာရိုက်တာတစ်ခုဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီလိုကာရိုက်တာမျိုးတွေကို လက်ခံဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး မိုးယံဇွန်က Duwun Media ကိုပြောပြလာပါတယ်။

'' ကျွန်တော်က ရဲကာရိုက်တာတွေ၊ ယူနီဖောင်းဝတ်ရမယ့် ကာရိုက်တာမျိုးတွေဆိုရင် ငယ်ငယ်လေးကတည်းက Dream ပေါ့နော်။ ယူနီဖောင်း ဝတ်ပြီး သရုပ်ဆောင်ရတဲ့ ဇာတ်ကားတွေ၊ ဇာတ်ဝင်ခန်းတွေဆိုရင် ပိုပြီးတော့ သဘောကျတယ်။ ရဲကာရိုက်တာဆိုတာထက် ခန္ဓာကိုယ်ပေါ်မှာ မီးသတ်ဆိုလည်း မီးသတ်ပေါ့ယူနီဖောင်းတစ်ခုခုဝတ်ပြီး သရုပ်ဆောင်ရတာကိုက ကျွန်တော့်အတွက် ပိုမိုက်တယ်'' လို့ ဆိုပါတယ်။

27654849_909929929174099_4221229704056534794_n.jpg

Photo: Moe Yan Zun Facebook

 

ရဲဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ရာထူးတွေဆိုတာထက် လိုက်နာရမယ့် ကျင့်ဝတ်တွေကိုတော့ ငယ်ငယ်ကတည်းက ရင်းနှီးပြီးသားဖြစ်တဲ့ မိုးယံဇွန်က ရဲတစ်ဦးအဖြစ် သရုပ်ဆောင်ရတဲ့အခါ အခက်အခဲမရှိဘူးလို့ဆိုပါတယ်။

'' ရဲဇာတ်ရုပ်ဆိုရင်လည်း ကျွန်တော့်အဖေက ဝန်ထမ်း ငယ်ငယ်လေးကတည်းက တပ်ထဲမှာ လိုက်နေတာများတော့ ဌာနဆိုင်ရာတွေရဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်တွေ၊ လုပ်ထုံးလုပ်နည်းတွေက နေသားကျနေပြီဆိုတော့ ကျွန်တော့်အတွက်  သီးခြားလေ့လာစရာကြီး မလိုပါဘူး'' လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုထားပါတယ်။

21752464_833446873489072_5010807318806595503_n.jpg

Photo: Moe Yan Zun Facebook

 

မိုးယံဇွန်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်တာတွေ များတဲ့အတွက် ဒီကာရိုက်တာကိုပဲ ပရိသတ်တွေ ပိုရင်းနှီးသွားမှာကို မစိုးရိမ်ပါဘူးတဲ့။ သူ့ကိုလည်း ယူနီဖောင်းနဲ့ လိုက်ဖက်မှုရှိတယ်လို့ ပရိသတ်တွေပြောလာခဲ့တာကို ကြားရ တဲ့အတွက်လည်း ပီတိဖြစ်မိတယ်လို့ ပြောပါတယ်။

'' ပရိသတ်တွေဘက်ကလည်း ကျွန်တော့်ကို ရဲကာရိုက်တာနဲ့ စွဲသွားမှာကို မစိုးရိမ်ပါဘူး။ ကျွန်တော်ရတဲ့ ကာရိုက်တာကိုတော့ အကောင်းဆုံး ပုံဖော်ပေးပါတယ်။ အဲ့ဒီအထဲမှာမှ ပရိသတ်တွေက မကြိုက်ရင်မကြိုက်ဘူး၊ ကြိုက်ရင် ကြိုက်တယ် ဝေဖန်ပြီးပြောလို့ရတယ်။ တော်တော် များများ ကတော့ ယူနီဖောင်းနဲ့လိုက်တယ်လို့ပြောတယ်။ ကျွန်တော်ကတော့ သဘောကျတယ်'' လို့ သူကဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး သို့လော သို့လောပဲ ကောင်းပါတယ်ဆိုတဲ့ မိုးယံဇွန်  

M 1.jpg 

မိုးယံဇွန်ပါဝင်သရုပ်ဆောင်နေတဲ့ နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကို အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးကာ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်း နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်လျှက်ရှိပါတယ်။

[Zawgyi Version]

မုိးယံဇြန္က ဒါရုိက္တာစတီးလ္ နဲ႔  ႏုိင္ငံႀကီးသား ဆုိတဲ့ရုပ္ရွင္ဇာတ္ကားရုိက္ေနပါတယ္။ ဒီဇာတ္ကားထဲမွာလည္း ရဲတပ္ဖြဲ႕ဝင္တစ္ဦးအျဖစ္ ပါဝင္သရုပ္ေဆာင္ေနတာပါ။ ယူနီေဖာင္းဝတ္တစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ရတဲ့အေပၚ ခံစားခ်က္နဲ႔ အဲဒီဇာတ္ေကာင္အတြက္ ျပင္ဆင္ရပံုေတြကို မိုးယံဇြန္က ေျပာျပခဲ့ပါတယ္။

 

မုိးယံဇြန္တစ္ေယာက္ လက္ရွိမွာဒါရုိက္တာစတီးလ္ နဲ႔ ႏုိင္ငံႀကီးသားရုပ္ရွင္ဇာတ္ကားရုိက္ကူးေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာလည္း သူအျမဲသ႐ုပ္ေဆာင္ေနက် ကာ႐ိုက္တာတစ္ခုျဖစ္တဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးအျဖစ္ ပါဝင္သရုပ္ေဆာင္ထားတာပါ။ ဒီလိုကာ႐ိုက္တာမ်ဳိးေတြကို လက္ခံျဖစ္တဲ့အေၾကာင္းနဲ႔ ပတ္သက္ၿပီး မိုးယံဇြန္က Duwun Media ကုိေျပာျပလာပါတယ္။

'' ကၽြန္ေတာ္က ရဲကာရုိက္တာေတြ၊ ယူနီေဖာင္းဝတ္ရမယ့္ ကာရုိက္တာမ်ဳိးေတြဆုိရင္ ငယ္ငယ္ေလးကတည္းက Dream ေပါ့ေနာ္။ ယူနီေဖာင္း ဝတ္ၿပီး သရုပ္ေဆာင္ရတဲ့ ဇာတ္ကားေတြ၊ ဇာတ္ဝင္ခန္းေတြဆုိရင္ ပုိၿပီးေတာ့ သေဘာက်တယ္။ ရဲကာရုိက္တာဆုိတာထက္ ခႏၶာကုိယ္ေပၚမွာ မီးသတ္ဆုိလည္း မီးသတ္ေပါ့ယူနီေဖာင္းတစ္ခုခုဝတ္ၿပီး သရုပ္ေဆာင္ရတာကုိက ကၽြန္ေတာ့္အတြက္ ပုိမုိက္တယ္'' လုိ႔ ဆုိပါတယ္။

Photo: Moe Yan Zun Facebook

 

ရဲဇာတ္ရုပ္နဲ႔ ပတ္သက္ၿပီး ရာထူးေတြဆုိတာထက္ လုိက္နာရမယ့္ က်င့္ဝတ္ေတြကုိေတာ့ ငယ္ငယ္ကတည္းက ရင္းႏွီးၿပီးသားျဖစ္တဲ့ မုိးယံဇြန္က ရဲတစ္ဦးအျဖစ္ သရုပ္ေဆာင္ရတဲ့အခါ အခက္အခဲမရွိဘူးလုိ႔ဆုိပါတယ္။

'' ရဲဇာတ္ရုပ္ဆုိရင္လည္း ကၽြန္ေတာ့္အေဖက ဝန္ထမ္း ငယ္ငယ္ေလးကတည္းက တပ္ထဲမွာ လုိက္ေနတာမ်ားေတာ့ ဌာနဆုိင္ရာေတြရဲ႕ စည္းကမ္းနဲ႔ က်င့္ဝတ္ေတြ၊ လုပ္ထုံးလုပ္နည္းေတြက ေနသားက်ေနၿပီဆုိေတာ့ ကၽြန္ေတာ့္အတြက္  သီးျခားေလ့လာစရာႀကီး မလုိပါဘူး'' လုိ႔ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာေျဖဆုိထားပါတယ္။

Photo: Moe Yan Zun Facebook

 

မိုးယံဇြန္ဟာ ရဲတပ္ဖြဲ႕ဝင္တစ္ဦးအျဖစ္ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သရုပ္ေဆာင္တာေတြ မ်ားတဲ့အတြက္ ဒီကာရုိက္တာကုိပဲ ပရိသတ္ေတြ ပုိရင္းႏွီးသြားမွာကုိ မစုိးရိမ္ပါဘူးတဲ့။ သူ႔ကုိလည္း ယူနီေဖာင္းနဲ႔ လုိက္ဖက္မႈရွိတယ္လုိ႔ ပရိသတ္ေတြေျပာလာခဲ့တာကုိ ၾကားရ တဲ့အတြက္လည္း ပီတိျဖစ္မိတယ္လုိ႔ ေျပာပါတယ္။

'' ပရိသတ္ေတြဘက္ကလည္း ကၽြန္ေတာ့္ကုိ ရဲကာရုိက္တာနဲ႔ စြဲသြားမွာကုိ မစုိးရိမ္ပါဘူး။ ကၽြန္ေတာ္ရတဲ့ ကာရုိက္တာကုိေတာ့ အေကာင္းဆုံး ပုံေဖာ္ေပးပါတယ္။ အဲ့ဒီအထဲမွာမွ ပရိသတ္ေတြက မႀကိဳက္ရင္မႀကိဳက္ဘူး၊ ႀကိဳက္ရင္ ႀကိဳက္တယ္ ေဝဖန္ၿပီးေျပာလုိ႔ရတယ္။ ေတာ္ေတာ္ မ်ားမ်ား ကေတာ့ ယူနီေဖာင္းနဲ႔လုိက္တယ္လုိ႔ေျပာတယ္။ ကၽြန္ေတာ္ကေတာ့ သေဘာက်တယ္'' လုိ႔ သူကဆုိပါတယ္။

အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး သို႔ေလာ သို႔ေလာပဲ ေကာင္းပါတယ္ဆိုတဲ့ မုိးယံဇြန္  

 

မုိးယံဇြန္ပါဝင္သရုပ္ေဆာင္ေနတ့ဲ ႏုိင္ငံႀကီးသား ရုပ္ရွင္ဇာတ္ကားကုိ အားမာန္ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီး ဒါရုိက္တာစတီးလ္(ေဒြးေမတၱာ)က ရုိက္ကူးကာ ေနတုိး၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ေနထက္လင္း၊ ေနမ်ဳိးေအာင္၊ ဇင္ဝုိင္း၊ ေမာင္သီ၊ ထူးျခား၊ မင္းေသြး၊ စည္ျဖဳိး၊ ထြန္းကုိကုိ၊ ေနရဲ၊ သိန္းလင္း နဲ႔ ေရႊသမီးတုိ႔က အဓိက ပါဝင္သရုပ္ေဆာင္လွ်က္ရွိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs