• Cele Yatkwat
    စိတ်ထားကောင်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဆုအိမ့်စံ
Sabal Thwin
[Unicode Version]

ဆုအိမ့်စံတစ်ယောက် သူ့ရဲ့ အချစ်ရေးအနေမှာတော့ စိတ်ထားကောင်း တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတယ်လို့ပြောပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲဟာ ကိုယ်ပိုင်အလှဓာတ်ပုံတွေကို မီဒီယာတွေကနေတဆင့် ကူးယူ ဖော်ပြ ခွင့်မပြုခဲ့ပါဘူး။

36847754_1857332477688024_4991106715006009344_n.jpg

Photo: Hsu Eaint San Fb

 

ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ ဆုအိမ့်စံတို့ စုံတွဲဟာ ရောက်လေရာမှာ အလှဓာတ်ပုံလေးတွေ ရိုက်လေ့ရှိပါတယ်။ သူတို့ ချစ်သူ နှစ်ဦးရဲ့ အလှဓာတ်ပုံတွေကိုလည်း သူတို့ရဲ့ ကိုယ်ပိုင်ပေ့ချ်ကနေတဆင့် ပရိသတ်ကို ချပြလေ့ရှိပါတယ်။ တစ်ခါတလေမှာလည်း ဆုအိမ့်စံရဲ့ ဓာတ်ပုံ လေးတွေကို ချစ်သူဖြစ်တဲ့ သူရိယက ရိုက်ပေးပါတယ်လို့ ဆိုပါတယ်။

" ပေါ့ပေါ့ပါးပါး ဓာတ်ပုံလေးတွေဆိုရင်လည်း ချစ်သူက ရိုက်ခွင့်ပြုပါတယ်။ တစ်ခါတလေကျရင် သူကိုယ်တိုင် ရိုက်ပေးတယ်။ ဒါပေမယ့် အရမ်း ဆိုးဆိုးရွားရွားပုံတွေ ဆိုရင်တော့ သူ ဆုဆုကို ချုပ်ခြယ်တာတွေရှိတာပေါ့နော်။ ဒါပေမယ့် ဆုဆုတို့ နှစ်ယောက်စလုံးက အဆင်ပြေပါတယ်'' ဆိုပြီးတော့ ဘော်ဘော်ကထှော်ရုပ်ရှင်အထူးပြသပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

S 1.jpg 

သရုပ်ဆောင်သူရိယနဲ့ ဆုအိမ့်စံတို့ အနုပညာစုံတွဲလေးကတော့ သူတို့ရဲ့ သွားလာလှုပ်ရှားမှု အလှဓာတ်ပုံတွေကို မီဒီယာတွေမှာ အသုံးမပြု ကြဖို့ မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။ ဘာကြောင့် အသုံးမပြုခဲ့ရတဲ့အကြောင်းကိုလည်း ဆုအိမ့်စံက အခုလိုပြောပြခဲ့ပါသေးတယ်။

'' အဲ့ဒါကျတော့ ဆုဆုတို့ ခရီးသွားတဲ့အခါတွေကျရင် ဓာတ်ပုံတွေကို မီဒီယာတွေမှာ ယူသုံးခွင့်မပြုဘူးဆိုတာက Comment တွေမှာ အရမ်းရိုင်း တာတွေရှိတော့ ဆုဆုတို့ မိဘတွေမြင်ရင်လည်း သူတို့ စိတ်မချမ်းသာကြဘူး အဲ့ဒါကြောင့် မဖြစ်စေချင်ဘူး။ ပြီးတော့ ဆုဆုတို့ Page မှာ ကျတော့ ကိုယ်တိုင်ကိုင်တာဖြစ်တဲ့အတွက် အဲ့လိုမျိုးတွေတော့ မရှိဘူး'' လို့ဆိုပါတယ်။

ဓာတ်ပုံတွေ ကူးယူဖော်ပြခြင်းမပြုတဲ့ အကြောင်းပြောလာတဲ့ သူရိယ 

ဆုအိမ့်စံဟာ သူတို့ရဲ့ အလှဓာတ်ပုံတွေပေါ်မှာ ယူသုံးခွင့်မပြုဘူးဆိုတဲ့ မေတ္တာရပ်ခံထားတဲ့ စာတွေက လွဲလို့ တခြား အနုပညာလှုပ်ရှားမှု ပုံတွေ၊ ပွဲတက်ပုံတွေဆိုရင်တော့ ယူသုံးလို့ အဆင်ပြေတယ်လို့ ဆိုပါတယ်။ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ အချစ်ရေးကတော့ အဆင်ပြေပြေ ရှိတယ် လို့ ဆိုပါတယ်။ စိတ်ထားကောင်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတယ်လို့လည်း ပြောပါတယ်။

36940718_1857332514354687_6575353849366708224_n.jpg

Photo: Hsu Eaint San Fb

 

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီး ပရိသတ်တွေ ကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

[Zawgyi Version]

ဆုအိမ့္စံတစ္ေယာက္ သူ႔ရဲ႕ အခ်စ္ေရးအေနမွာေတာ့ စိတ္ထားေကာင္း တဲ့ ခ်စ္သူကုိ ပုိင္ဆုိင္ထားတယ္လုိ႔ေျပာပါတယ္။ ဓာတ္ပုံရုိက္ရတာ ဝါသနာပါတဲ့ သူရိယနဲ႔ ဆုအိမ့္စံတုိ႔ စုံတြဲဟာ ကုိယ္ပုိင္အလွဓာတ္ပုံေတြကုိ မီဒီယာေတြကေနတဆင့္ ကူးယူ ေဖာ္ျပ ခြင့္မျပဳခဲ့ပါဘူး။

Photo: Hsu Eaint San Fb

 

ဓာတ္ပုံရုိက္ရတာကုိ ဝါသနာပါတဲ့ ဆုအိမ့္စံတုိ႔ စုံတြဲဟာ ေရာက္ေလရာမွာ အလွဓာတ္ပုံေလးေတြ ရုိက္ေလ့ရွိပါတယ္။ သူတုိ႔ ခ်စ္သူ ႏွစ္ဦးရဲ႕ အလွဓာတ္ပုံေတြကုိလည္း သူတုိ႔ရဲ႕ ကိုယ္ပုိင္ေပ့ခ်္ကေနတဆင့္ ပရိသတ္ကုိ ခ်ျပေလ့ရွိပါတယ္။ တစ္ခါတေလမွာလည္း ဆုအိမ့္စံရဲ႕ ဓာတ္ပုံ ေလးေတြကုိ ခ်စ္သူျဖစ္တဲ့ သူရိယက ရုိက္ေပးပါတယ္လုိ႔ ဆုိပါတယ္။

" ေပါ့ေပါ့ပါးပါး ဓာတ္ပုံေလးေတြဆုိရင္လည္း ခ်စ္သူက ရုိက္ခြင့္ျပဳပါတယ္။ တစ္ခါတေလက်ရင္ သူကုိယ္တုိင္ ရုိက္ေပးတယ္။ ဒါေပမယ့္ အရမ္း ဆုိးဆုိးရြားရြားပုံေတြ ဆုိရင္ေတာ့ သူ ဆုဆုကုိ ခ်ဳပ္ျခယ္တာေတြရွိတာေပါ့ေနာ္။ ဒါေပမယ့္ ဆုဆုတုိ႔ ႏွစ္ေယာက္စလုံးက အဆင္ေျပပါတယ္'' ဆုိၿပီးေတာ့ ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္အထူးျပသပြဲကုိတက္ေရာက္ရင္း ေျဖဆုိခဲ့တာပါ။

 

သရုပ္ေဆာင္သူရိယနဲ႔ ဆုအိမ့္စံတုိ႔ အႏုပညာစုံတြဲေလးကေတာ့ သူတုိ႔ရဲ႕ သြားလာလႈပ္ရွားမႈ အလွဓာတ္ပုံေတြကုိ မီဒီယာေတြမွာ အသုံးမျပဳ ၾကဖုိ႔ ေမတၱာရပ္ခံထားတာျဖစ္ပါတယ္။ ဘာေၾကာင့္ အသုံးမျပဳခဲ့ရတဲ့အေၾကာင္းကုိလည္း ဆုအိမ့္စံက အခုလုိေျပာျပခဲ့ပါေသးတယ္။

'' အဲ့ဒါက်ေတာ့ ဆုဆုတုိ႔ ခရီးသြားတဲ့အခါေတြက်ရင္ ဓာတ္ပုံေတြကုိ မီဒီယာေတြမွာ ယူသုံးခြင့္မျပဳဘူးဆုိတာက Comment ေတြမွာ အရမ္းရိုင္း တာေတြရွိေတာ့ ဆုဆုတုိ႔ မိဘေတြျမင္ရင္လည္း သူတုိ႔ စိတ္မခ်မ္းသာၾကဘူး အဲ့ဒါေၾကာင့္ မျဖစ္ေစခ်င္ဘူး။ ၿပီးေတာ့ ဆုဆုတုိ႔ Page မွာ က်ေတာ့ ကိုယ္တုိင္ကုိင္တာျဖစ္တဲ့အတြက္ အဲ့လုိမ်ဳိးေတြေတာ့ မရွိဘူး'' လုိ႔ဆုိပါတယ္။

ဓာတ္ပုံေတြ ကူးယူေဖာ္ျပျခင္းမျပဳတဲ့ အေၾကာင္းေျပာလာတဲ့ သူရိယ 

ဆုအိမ့္စံဟာ သူတုိ႔ရဲ႕ အလွဓာတ္ပုံေတြေပၚမွာ ယူသုံးခြင့္မျပဳဘူးဆုိတဲ့ ေမတၱာရပ္ခံထားတဲ့ စာေတြက လြဲလုိ႔ တျခား အႏုပညာလႈပ္ရွားမႈ ပုံေတြ၊ ပြဲတက္ပုံေတြဆုိရင္ေတာ့ ယူသုံးလုိ႔ အဆင္ေျပတယ္လို႔ ဆုိပါတယ္။ သူရိယနဲ႔ ဆုအိမ့္စံတို႔ရဲ႕ အခ်စ္ေရးကေတာ့ အဆင္ေျပေျပ ရွိတယ္ လုိ႔ ဆုိပါတယ္။ စိတ္ထားေကာင္းတဲ့ ခ်စ္သူကုိ ပုိင္ဆုိင္ထားတယ္လုိ႔လည္း ေျပာပါတယ္။

Photo: Hsu Eaint San Fb

 

သရုပ္ေဆာင္ သူရိယနဲ႔ ဆုအိမ့္စံတုိ႔ကေတာ့ ေဖ့စ္ဘုတ္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အတူတြဲဖက္သရုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဗီဒီယုိဇာတ္ကား ေတြမွာလည္း အတူပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူတုိ႔ရဲ႕ အခ်စ္ေရးက ပုိမုိခုိင္မာလွ်က္ရွိၿပီး ပရိသတ္ေတြ ကလည္း သူတုိ႔ ခ်စ္သူႏွစ္ဦးကုိ အားေပးႏွစ္သက္ၾကတာကုိ ေတြ႕ရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs