• Cele Yatkwat
    မင်္ဂလာသတင်း ကြားရတော့မှာပါလို့ ဆိုလိုက်တဲ့ အောင်မြင့်မြတ်
Sabal Thwin
[Unicode Version]

သရုပ်ဆောင်အောင်မြင့်မြတ်နဲ့ အိမီမီကိုတို့ စုံတွဲက ချစ်သူ သက်တမ်း ၃ နှစ်ကျော်လာပါပြီ။ မင်္ဂလာသတင်းကိုလည်း ကြား ရတော့မှာ ပါလို့ ဆိုပါတယ်။ ရုံးဝန်ထမ်းဘဝကတည်းက လက်တွဲလာခဲ့ကြတဲ့ သူတို့ စုံတွဲဟာ တစ်ယောက် မကြိုက်တဲ့ အချက်ကို တစ်ယောက်က ပြင်ရင်း လက်တွဲလာခဲ့ကြတယ်လို့ ပြောပါတယ်။

36838654_1919762794750080_665936904037859328_n.jpg

Photo: Aung Myint Myat Fb

 

သရုပ်ဆောင်အောင်မြင့်မြတ်တစ်ယောက် မင်္ဂလာသတင်းကြားရတော့မှာပါ ဆိုပြီးတော့ ပရိသတ်တွေအတွက် ပြောလာပါတယ်။ ချစ်သူနဲ့ အတူတွဲလာတဲ့ သက်တမ်းကလည်း ၃ နှစ်ကျော်ပြီလို့ ဆိုပါတယ်။ မင်္ဂလာပွဲသတင်း သေသေချာချာစီစဉ်ပြီးရင်တော့ ပရိသတ်တွေကို ပြောပြသွားမယ်လို့ဆိုပါတယ်။

'' ချစ်သူ သက်တမ်းက ၃ နှစ်လောက်ရှိပြီ။ ကျွန်တော်နဲ့သူလည်း  ရုံးဝန်ထမ်းဘဝကတည်းက တွေ့လာပြီးတော့ အခက်အခဲတွေအများကြီး ဖြတ်သန်းကြတယ်။ သူလည်း မိတ်ကပ်လောကမှာ နေရာလေးတစ်ခုရလာတယ်။  ကျွန်တော်လည်း သရုပ်ဆောင်ဘက်မှာ နာမည်သိလာတဲ့ အခါမှာလည်း အရင်တုန်းကလိုပဲ တစ်ယောက်လိုအပ်တာကို တစ်ယောက်က ဖြည့်ဆည်းပေးနေကြပါ'' လို့ ဆိုပါတယ်။

32081583_151192319066099_4731410301977624576_n.jpg

Photo: Aung Myint Myat Fb

ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အရှေ့ရောက်လာမယ့် အောင်မြင့်မြတ် 

အောင်မြင့်မြတ်နဲ့ အိမီမီကို တို့ အတွဲကတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးစိတ်ကောက်ရှိရင်လည်း ကြာကြာမထားတတ်ကြဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း နားလည်မှုထားကြတယ်ဆိုပြီးတော့ Hospital Diary ဇာတ်လမ်းတွဲကန်တော့ပွဲကို တက်ရောက်ရင်း Duwun Media ကနေပြောပြခဲ့ပါတယ်။

'' တစ်ယောက်နဲ့ တစ်ယောက်က စိတ်ဆိုးစိတ်ကောက်တာလေးတွေတော့ရှိတယ်။ ဘယ်လောက်ပဲ နားလည်ပါတယ်ပြောပြော ရန်ဖြစ်တယ် ဒါကလည်း ခဏလေးပါပဲ။ ပြီးတော့လည်း မေ့သွားတာပဲ ညဘက်ရန်ဖြစ်ရင် မနက်ဆို ပြေသွားကြတာပဲ။ တစ်ခါတစ်လေ နောက် ၂ ရက်လောက်နေရင်တောင် ငါတို့ ဟိုတစ်နေ့က ဘာလို့ရန်ဖြစ်တာလဲ ဆိုပြီး မေ့သွားရော'' လို့ ဆိုပါတယ်။

36559797_1910622558997437_9066874324920565760_n.jpg

Photo: Aung Myint Myat Fb

 

ချစ်သူသက်တမ်း ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက်မကြိုက်တဲ့အချက်တွေရှိတယ်လို့ဆိုပါတယ်။ ဒီလိုအချက်တွေကို တစ်ယောက်နဲ့တစ်ယောက် ပြုပြင်ပြောင်းလဲ ရင်း ရှေ့ဆက်လက်တွဲလာကြတယ်လို့ သူကပြောပါတယ်။

'' သူလည်း ကျွန်တော့်ကို မကြိုက်တဲ့ အချက်တွေရှိတယ်။ အလုပ်မရှိဘူးဆိုရင် တစ်ညလုံး ဂိမ်းဆော့၊ စာဖတ်၊ ရုပ်ရှင်တွေကြည့်တယ်ပေါ့။ မနက်ဆိုလည်း ၁၁ နာရီကျော်လောက်မှထ အဲ့ဒါတွေ လိုက်ပြောတယ်။ သူ့ကိုလည်း ကျွန်တော် အားမရတဲ့အချက်တွေ အများကြီးရှိပါတယ်။ သူ့ကိုလည်း ကျွန်တော်ပြောတာပဲ'' လို့ သူကဆိုပါတယ်။

သရုပ်ဆောင်အောင်မြင့်မြတ်ကို ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေအားပေးခဲ့တာပါ။ မိဘမဲ့ကလေး တစ် ယောက်  ဂျစ်ကန်ကန်လူငယ်တစ်ယောက်ကာရိုက်တာနဲ့ သိန်းစိုး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဥပါတံမျဉ်ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီးတဲ့နောက်မှာတော့ အောင်မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

 

[Zawgyi Version]

သရုပ္ေဆာင္ေအာင္ျမင့္ျမတ္နဲ႔ အိမီမီကုိတုိ႔ စုံတြဲက ခ်စ္သူ သက္တမ္း ၃ ႏွစ္ေက်ာ္လာပါၿပီ။ မဂၤလာသတင္းကုိလည္း ၾကား ရေတာ့မွာ ပါလုိ႔ ဆုိပါတယ္။ ရုံးဝန္ထမ္းဘဝကတည္းက လက္တြဲလာခဲ့ၾကတဲ့ သူတုိ႔ စုံတြဲဟာ တစ္ေယာက္ မႀကိဳက္တဲ့ အခ်က္ကုိ တစ္ေယာက္က ျပင္ရင္း လက္တြဲလာခဲ့ၾကတယ္လုိ႔ ေျပာပါတယ္။

Photo: Aung Myint Myat Fb

 

သရုပ္ေဆာင္ေအာင္ျမင့္ျမတ္တစ္ေယာက္ မဂၤလာသတင္းၾကားရေတာ့မွာပါ ဆုိၿပီးေတာ့ ပရိသတ္ေတြအတြက္ ေျပာလာပါတယ္။ ခ်စ္သူနဲ႔ အတူတြဲလာတဲ့ သက္တမ္းကလည္း ၃ ႏွစ္ေက်ာ္ၿပီလုိ႔ ဆုိပါတယ္။ မဂၤလာပြဲသတင္း ေသေသခ်ာခ်ာစီစဥ္ၿပီးရင္ေတာ့ ပရိသတ္ေတြကုိ ေျပာျပသြားမယ္လုိ႔ဆုိပါတယ္။

'' ခ်စ္သူ သက္တမ္းက ၃ ႏွစ္ေလာက္ရွိၿပီ။ ကၽြန္ေတာ္နဲ႔သူလည္း  ရုံးဝန္ထမ္းဘဝကတည္းက ေတြ႔လာၿပီးေတာ့ အခက္အခဲေတြအမ်ားႀကီး ျဖတ္သန္းၾကတယ္။ သူလည္း မိတ္ကပ္ေလာကမွာ ေနရာေလးတစ္ခုရလာတယ္။  ကၽြန္ေတာ္လည္း သရုပ္ေဆာင္ဘက္မွာ နာမည္သိလာတဲ့ အခါမွာလည္း အရင္တုန္းကလုိပဲ တစ္ေယာက္လုိအပ္တာကုိ တစ္ေယာက္က ျဖည့္ဆည္းေပးေနၾကပါ'' လုိ႔ ဆုိပါတယ္။

Photo: Aung Myint Myat Fb

ဇာတ္လမ္းတြဲေတြနဲ႔ ပရိသတ္အေရွ႕ေရာက္လာမယ့္ ေအာင္ျမင့္ျမတ္ 

ေအာင္ျမင့္ျမတ္နဲ႔ အိမီမီကုိ တုိ႔ အတြဲကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဆုိးစိတ္ေကာက္ရွိရင္လည္း ၾကာၾကာမထားတတ္ၾကဘူးလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သူတုိ႔ ႏွစ္ေယာက္ကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အျမဲတမ္း နားလည္မႈထားၾကတယ္ဆုိၿပီးေတာ့ Hospital Diary ဇာတ္လမ္းတြဲကန္ေတာ့ပြဲကုိ တက္ေရာက္ရင္း Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' တစ္ေယာက္နဲ႔ တစ္ေယာက္က စိတ္ဆုိးစိတ္ေကာက္တာေလးေတြေတာ့ရွိတယ္။ ဘယ္ေလာက္ပဲ နားလည္ပါတယ္ေျပာေျပာ ရန္ျဖစ္တယ္ ဒါကလည္း ခဏေလးပါပဲ။ ၿပီးေတာ့လည္း ေမ့သြားတာပဲ ညဘက္ရန္ျဖစ္ရင္ မနက္ဆုိ ေျပသြားၾကတာပဲ။ တစ္ခါတစ္ေလ ေနာက္ ၂ ရက္ေလာက္ေနရင္ေတာင္ ငါတုိ႔ ဟုိတစ္ေန႔က ဘာလုိ႔ရန္ျဖစ္တာလဲ ဆုိၿပီး ေမ့သြားေရာ'' လုိ႔ ဆုိပါတယ္။

Photo: Aung Myint Myat Fb

 

ခ်စ္သူသက္တမ္း ၃ ႏွစ္အတြင္းမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္မႀကိဳက္တဲ့အခ်က္ေတြရွိတယ္လုိ႔ဆုိပါတယ္။ ဒီလုိအခ်က္ေတြကုိ တစ္ေယာက္နဲ႔တစ္ေယာက္ ျပဳျပင္ေျပာင္းလဲ ရင္း ေရွ႕ဆက္လက္တြဲလာၾကတယ္လုိ႔ သူကေျပာပါတယ္။

'' သူလည္း ကၽြန္ေတာ့္ကုိ မႀကိဳက္တဲ့ အခ်က္ေတြရွိတယ္။ အလုပ္မရွိဘူးဆိုရင္ တစ္ညလုံး ဂိမ္းေဆာ့၊ စာဖတ္၊ ရုပ္ရွင္ေတြၾကည့္တယ္ေပါ့။ မနက္ဆုိလည္း ၁၁ နာရီေက်ာ္ေလာက္မွထ အဲ့ဒါေတြ လုိက္ေျပာတယ္။ သူ႔ကုိလည္း ကၽြန္ေတာ္ အားမရတဲ့အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ သူ႔ကုိလည္း ကၽြန္ေတာ္ေျပာတာပဲ'' လုိ႔ သူကဆုိပါတယ္။

သရုပ္ေဆာင္ေအာင္ျမင့္ျမတ္ကုိ ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ ပရိသတ္ေတြအားေပးခဲ့တာပါ။ မိဘမဲ့ကေလး တစ္ ေယာက္  ဂ်စ္ကန္ကန္လူငယ္တစ္ေယာက္ကာရုိက္တာနဲ႔ သိန္းစုိး ဆုိတဲ့ ဇာတ္ေကာင္ေနရာက ပါဝင္ခဲ့တာျဖစ္ပါတယ္။ ဥပါတံမ်ဥ္ရုပ္ရွင္ဇာတ္ကား ရုံတင္ၿပီးတဲ့ေနာက္မွာေတာ့ ေအာင္ျမင့္ျမတ္ကုိ ခ်စ္တဲ့ ပရိသတ္ေတြ ပုိမုိမ်ားျပားလာတာကုိ ေတြ႔ရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs