• Cele Yatkwat
    ပြန်တွေးပြီး ရယ်နေရတဲ့ ဇာတ်ဝင်ခန်းအကြောင်းပြောလာတဲ့ ရွှေသမီး
Sabal Thwin
[Unicode Version]

ရွှေသမီးတစ်ယောက် ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ ရိုက်ကွင်းတုန်းက အမှတ်တရတွေကို ပြန်တွေးရင်း ရယ်နေရတယ်လို့ပြောပါတယ်။ ဒီဇာတ်ကားကြီးထဲက သူ့ရဲ့ အကြိုက်ဆုံး ဇာတ်ဝင်ခန်းဖြစ်တဲ့ အိမ်သာထဲက ရေတွေနဲ့ ဘော်ဘော်ကထှော် တွေရေဆော့နေကြတဲ့ အခန်းကို အကြိုက်ဆုံးပါပဲတဲ့။

Tha 1.jpg 

ရွှေသမီးက ဇူလိုင်လ ၁၃ ရက်နေ့ ဒီနေ့မှာ ရုံတင်လိုက်တဲ့ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သူအရမ်းကြိုက်တဲ့ ဇာတ်ဝင်ခန်းလေးတစ်ခုရှိပါတယ်။ ပြန်ကြည့်တဲ့ အချိန်မှာလည်း တွေးတွေးပြီးရယ်နေရတာမို့ အမှတ်တရတွေလည်း အများကြီးရှိတယ်လို့ ပြောပါတယ်။

'' အကြိုက်ဆုံး ဇာတ်ဝင်ခန်းလေးက  ၃ယောက်သား အိမ်သာမှန်းမသိပဲ အိမ်သာခွက်ထဲက ရေတွေလည်းယူ ပြီးတော့မှ မှုတ်ကြ၊ ဆော့ကြ၊ အိမ်သာခွက်ထဲက ရေတွေနဲ့ ရေချိုးကြပေါ့။ အဲ့ဒီဇာတ်ဝင်ခန်းလေးကတော့တွးလိုက်တိုင်းလည်း ရယ်နေရတယ်။ ရိုက်နေရင်းနဲ့ တစ်ဖွဲ့လုံးက ရယ်နေရတာဆိုတော့ တော်တော်အမှတ်တရဖြစ်တယ်'' လို့ ဆိုပါတယ်။

Tha 2.jpg 

ဒီဇာတ်ဝင်ခန်း ရိုက်နေချိန်မှာလည်း ဒါရိုက်တာကိုယ်တိုင်ရော၊ သရုပ်ဆောင်တွေရော၊ စက်အဖွဲ့တွေပါ အရမ်းကို ရယ်နေခဲ့ရတယ်တဲ့။ အိမ်သာသုံး ပစ္စည်းတွေကိုလည်း အသစ်တွေပဲ သုံးထားတာဆိုပေမယ့် အိမ်သာဆိုတဲ့ အသိစိတ်ကြောင့် ဇာတ်ကားရိုက်ပြီးချိန်မှာ ထိုးအန်ခဲ့ ကြတဲ့ အမှတ်တရလေးတွေလည်း ပြောပြထားပါတယ်။

'' တကယ်တော့ အိမ်သာအိုးတွေ၊ ခွက်တွေက အသစ်တွေချည်းပဲ ဒါတွေကို ရေဖြည့်တယ်ဆိုပေမယ့် အသိစိတ်က ဒါကြီးက အိမ်သာဆိုတာကို သိနေကြတော့ ရိုက်သာရိုက်နေကြတာ။ ရိုက်လည်း ရိုက်ပြီးရော အကုန်လုံး ထိုးအန်ကြတာလေ အဲ့ဒီလို အဖြစ်လေးတွေလည်းရှိတယ်လေ'' ဆိုပြီးတော့ ဘော်ဘော်ကထှော်ရုပ်ရှင်အထူးပြပွဲတုန်းက အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Tha 4.jpg

ရုပ်ရှင်ဇာတ်ကား တစ်ခုအတွက် တက်တူးတွေ ဖုံးလိုက်ရတဲ့ မြင့်မြတ်နဲ့ခင်လှိုင် 

ပရိသတ်လည်း ကြိုက်တယ်၊ အရမ်းလည်း ရယ်ရပြီး အမှတ်တရတွေ အများကြီးရှိတဲ့ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ခဲ့ တဲ့ ရွှေသမီးက သူ့ရဲ့ ကာရိုက်တာလေးကို သဘောကျတယ်တဲ့။ ပါဝင်သရုပ်ဆောင်ကြတဲ့ အနုပညာရှင်တွေနဲ့ စည်းစည်းလုံးလုံး ပျော်ပျော် ပါးပါးသရုပ်ဆောင်ခဲ့ရလို့လည်း ကျေနပ်တယ်လို့ ပြောပါတယ်။

'' ဇာတ်ဝင်ခန်း တစ်ခန်းရိုက်ပြီးသွားရင် နားတွေက အူနေတာပဲ ပြောတဲ့သူတွေကတော့ ဘယ်လောက် အသံနာမလည်း မသိဘူး။ နားထောင် ရတဲ့သူကတော့ နားတွေလည်း အူပြီးတော့ သူတို့ အော်တဲ့ အသံကို ပြန်အော်ပြောနိုင်အောင်လို့လည်း လေ့ကျင့်ရသေးတယ်။ ပါဝင်ထားကြတဲ့ ကာရိုက်တာလေးတွေကလည်း ကောင်းတယ်။ ကျေလည်း ကျေနပ်ပါတယ်'' လို့ ဆိုပါတယ်။

Tha 2.jpg 

ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံ တွေမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ ရာဇာနေဝင်း၊ ခင်လှိုင်၊ ဂျိုကာ၊ ရွှေသမီး၊ ဆုအိမ့်စံ နဲ့ မုဏ်း တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

[Zawgyi Version]

ေရႊသမီးတစ္ေယာက္ ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္ဇာတ္ကားကုိ ျပန္ၾကည့္လုိက္တဲ့အခ်ိန္မွာ ရုိက္ကြင္းတုန္းက အမွတ္တရေတြကုိ ျပန္ေတြးရင္း ရယ္ေနရတယ္လုိ႔ေျပာပါတယ္။ ဒီဇာတ္ကားႀကီးထဲက သူ႔ရဲ႕ အႀကိဳက္ဆုံး ဇာတ္ဝင္ခန္းျဖစ္တဲ့ အိမ္သာထဲက ေရေတြနဲ႕ ေဘာ္ေဘာ္ကေထွာ္ ေတြေရေဆာ့ေနၾကတဲ့ အခန္းကုိ အႀကိဳက္ဆံုးပါပဲတဲ့။

ေရႊသမီးက ဇူလုိင္လ ၁၃ ရက္ေန႔ ဒီေန႔မွာ ရုံတင္လုိက္တဲ့ ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္ဇာတ္ကားထဲမွာ ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ သူအရမ္းႀကိဳက္တ့ဲ ဇာတ္ဝင္ခန္းေလးတစ္ခုရွိပါတယ္။ ျပန္ၾကည့္တဲ့ အခ်ိန္မွာလည္း ေတြးေတြးၿပီးရယ္ေနရတာမုိ႔ အမွတ္တရေတြလည္း အမ်ားႀကီးရွိတယ္လို႔ ေျပာပါတယ္။

'' အႀကိဳက္ဆုံး ဇာတ္ဝင္ခန္းေလးက  ၃ေယာက္သား အိမ္သာမွန္းမသိပဲ အိမ္သာခြက္ထဲက ေရေတြလည္းယူ ၿပီးေတာ့မွ မႈတ္ၾက၊ ေဆာ့ၾက၊ အိမ္သာခြက္ထဲက ေရေတြနဲ႔ ေရခ်ဳိးၾကေပါ့။ အဲ့ဒီဇာတ္ဝင္ခန္းေလးကေတာ့တြးလုိက္တုိင္းလည္း ရယ္ေနရတယ္။ ရုိက္ေနရင္းနဲ႔ တစ္ဖြဲ႕လုံးက ရယ္ေနရတာဆုိေတာ့ ေတာ္ေတာ္အမွတ္တရျဖစ္တယ္'' လုိ႔ ဆုိပါတယ္။

ဒီဇာတ္ဝင္ခန္း ရုိက္ေနခ်ိန္မွာလည္း ဒါရုိက္တာကိုယ္တုိင္ေရာ၊ သရုပ္ေဆာင္ေတြေရာ၊ စက္အဖြဲ႕ေတြပါ အရမ္းကုိ ရယ္ေနခဲ့ရတယ္တဲ့။ အိမ္သာသုံး ပစၥည္းေတြကုိလည္း အသစ္ေတြပဲ သုံးထားတာဆုိေပမယ့္ အိမ္သာဆုိတဲ့ အသိစိတ္ေၾကာင့္ ဇာတ္ကားရုိက္ၿပီးခ်ိန္မွာ ထုိးအန္ခဲ့ ၾကတဲ့ အမွတ္တရေလးေတြလည္း ေျပာျပထားပါတယ္။

'' တကယ္ေတာ့ အိမ္သာအုိးေတြ၊ ခြက္ေတြက အသစ္ေတြခ်ည္းပဲ ဒါေတြကုိ ေရျဖည့္တယ္ဆုိေပမယ့္ အသိစိတ္က ဒါႀကီးက အိမ္သာဆုိတာကုိ သိေနၾကေတာ့ ရုိက္သာရုိက္ေနၾကတာ။ ရုိက္လည္း ရုိက္ၿပီးေရာ အကုန္လုံး ထုိးအန္ၾကတာေလ အ့ဲဒီလုိ အျဖစ္ေလးေတြလည္းရွိတယ္ေလ'' ဆိုၿပီးေတာ့ ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္အထူးျပပြဲတုန္းက အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

ရုပ္ရွင္ဇာတ္ကား တစ္ခုအတြက္ တက္တူးေတြ ဖံုးလိုက္ရတဲ့ ျမင့္ျမတ္နဲ႔ခင္လိႈင္ 

ပရိသတ္လည္း ႀကိဳက္တယ္၊ အရမ္းလည္း ရယ္ရၿပီး အမွတ္တရေတြ အမ်ားႀကီးရွိတဲ့ ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္ခဲ့ တဲ့ ေရႊသမီးက သူ႔ရဲ႕ ကာရုိက္တာေလးကုိ သေဘာက်တယ္တဲ့။ ပါဝင္သရုပ္ေဆာင္ၾကတဲ့ အႏုပညာရွင္ေတြနဲ႔ စည္းစည္းလုံးလုံး ေပ်ာ္ေပ်ာ္ ပါးပါးသရုပ္ေဆာင္ခဲ့ရလုိ႔လည္း ေက်နပ္တယ္လုိ႔ ေျပာပါတယ္။

'' ဇာတ္ဝင္ခန္း တစ္ခန္းရုိက္ၿပီးသြားရင္ နားေတြက အူေနတာပဲ ေျပာတဲ့သူေတြကေတာ့ ဘယ္ေလာက္ အသံနာမလည္း မသိဘူး။ နားေထာင္ ရတဲ့သူကေတာ့ နားေတြလည္း အူၿပီးေတာ့ သူတုိ႔ ေအာ္တဲ့ အသံကုိ ျပန္ေအာ္ေျပာႏုိင္ေအာင္လုိ႔လည္း ေလ့က်င့္ရေသးတယ္။ ပါဝင္ထားၾကတဲ့ ကာရုိက္တာေလးေတြကလည္း ေကာင္းတယ္။ ေက်လည္း ေက်နပ္ပါတယ္'' လုိ႔ ဆုိပါတယ္။

ဒါရုိက္တာ ကုိေပါက္႐ိုက္ကူးတဲ့ ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္ဇာတ္ကားကုိ ဇူလုိင္လ ၁၃ ရက္ေန႔ကစၿပီး ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အဆင့္ျမင့္ ရုပ္ရွင္ရုံ ေတြမွာ ရုံတင္ျပသေနၿပီ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ျမင့္ျမတ္၊ ရာဇာေနဝင္း၊ ခင္လႈိင္၊ ဂ်ဳိကာ၊ ေရႊသမီး၊ ဆုအိမ့္စံ နဲ႔ မုဏ္း တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs