• Cele Yatkwat
    အနုပညာရှင်တွေကိုယ်တိုင်လည်း သဘောကျခဲ့တဲ့ ကြွေရုပ်ရှင်ကားပိုစတာ
Sabal Thwin
[Unicode Version]

ကြွေရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပိုစတာဟာ ရုံမတင်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိခဲ့ပါတယ်။ ဒီပိုစတာက အိချောပိုပုံနဲ့ပတ်သက်ပြီး အိချောပိုကတော့ သူ့ရဲ့ Fan တွေလာပြမှ သိရတာတဲ့။ လွှမ်းပိုင်ကလည်း ပိုစတာက အောင်မြင်ပေ မယ့် သူ့ ပုံကို ဖျောက်ပစ်ကြတယ်လို့ ပြောပါတယ်။

Vinyl 3 copy.jpg 

ဒီရုပ်ရှင်ဇာတ်ကားဟာ ရုံမတင်ခင်ကတည်းက ဇာတ်ကားပိုစတာမှာတင် ပရိသတ်တွေရဲ့ စိတ်ဝင်တစားအားပေးခြင်းကို ခံခဲ့ရတာပါ။ ဒီလို စိတ်ဝင်စားမှု ရရှိခဲ့တဲ့ အမှတ်တရအကြောင်းတွေကိုလည်း အနုပညာရှင်များက အင်တာဗျူးတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

ဇာတ်ကားပိုစတာထဲကနေ ပရိသတ်စိတ်ဝင်စားမှုအများဆုံးရရှိခဲ့တာကတော့ တက္ကသိုလ်ကျောင်းသူလေးကာရိုက်တာနဲ့ အိချောပိုရဲ့ ခန္ဓာကိုယ်အနေအထားဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့လည်း အိချောပိုကိုယ်တိုင်က အခုလိုပြောပြလာပါတယ်။

'' အိချောကိုတော့ Fan တွေကလာပြလို့မြင်တာပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဘယ်လိုမှ မမြင်ပါဘူး'' လို့ ဆိုပါတယ်။

E 1.jpg 

ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးတဲ့ ဒါရိုက်တာ သားညီကလည်း ကြွေဇာတ်ကား ပိုစတာရဲ့ အောင်မြင်မှုကို သိရပြီး အရမ်းကို အံ့သြခဲ့ပုံ ပါပဲ။

'' ဟာ ခနဲတော့ ဖြစ်တာပေါ့နော်။ ကျွန်တော်စဉ်းစားထားတဲ့ ပိုစတာကတော့ တစ်ခုပေါ့။ ကျွန်တော်ကတော့ တက္ကသိုလ်နဲ့ပတ်သက်တဲ့ လွမ်း လွမ်းဆွေးဆွေးလေးတစ်ခုပေါ့နော်။ ကျွန်တော်က အမြဲလွမ်းတတ်တဲ့ကောင်ဆိုတော့ ဒီလိုလေး စဉ်းစားဖြစ်တာ။ ဒါပေမယ့် ဒီပိုစတာကတော့ ကိုဘိုစန်း အိုင်ဒီယာပေါ့'' လို့ သူကဆိုပါတယ်။

Thar 1.jpg 

အားရပါးရ သဘောကျကျနဲ့ ဖြေလာတဲ့ သရုပ်ဆောင်တိုင်ရွန်က ကြွေရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပိုစတာကို ကြိုက်တယ်လို့ ပြောပါတယ်။ ဒီပိုစတာမှာလည်း ထူးခြားတဲ့ အချက်တွေ ရှိတဲ့ အကြောင်း ပြောပြခဲ့ပါသေးတယ်။

'' ဟုတ်တယ်၊ ဒီဇာတ်ကားရဲ့ ပိုစတာက ထူးဆန်းတယ်။ ထူးဆန်းတာလည်း ၂ ချက်ရှိတယ်။ ၁ အချက်က ကြွေ လို့ရေးထားတာကို ငါကွ ဆိုပြီး တော့ဖတ်ကြတယ်။ ဟာသပေါ့နော်။ ၂ အချက်က ထူးဆန်းတယ် ဒါကတော့ ယောကျ်ားထုကြီးသိတယ်၊ ကျွန်တော်လည်းသိတယ်။ မပြောတော့ဘူး၊ ကြိုက်တယ် လှတယ်။ '' လို့ ဆိုပါတယ်။

Ty 1.jpg

"ကြွေ" သီချင်းနဲ့ ပတ်သက်ပြီး ဟန်ထူးလွင်ပြောပြီ 

ကြွေ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ အဆိုတော်လွှမ်းပိုင်က ကြွေ ပိုစတာ အောင်မြင်မှုနဲ့ ပတ်သက်တဲ့ အမှတ်တရ အကြောင်းကိုလည်း ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့ပါတယ်။

'' ကြွေ Wallpaper လား ဒါကတော့ အိချောပေါ့။ တချို့ဟာတွေမှာဆိုရင် ကျွန်တော့်ပုံကို ဖျောက်ထားကြတာ ကြည့်မကောင်းတဲ့ ဟာကြီး ဖျောက်ပစ်ပါဆိုတော့ ကျွန်တော် ပျောက်သွားတယ်'' လို့ သူကဆိုပါတယ်။

L 1.jpg 

ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ရဲအောင်၊ လွှမ်းပိုင်၊ စိုးမြတ်သူဇာ နဲ့ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ခန့်စည်သူ၊ ထွန်းထွန်း၊ ဗေလုဝ နဲ့ တိုင်ရွန်တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။

 

[Zawgyi Version]

ေၾကြရုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ပုိစတာဟာ ရုံမတင္ခင္ကတည္းက ပရိသတ္စိတ္ဝင္စားမႈ အမ်ားဆုံးရရွိခဲ့ပါတယ္။ ဒီပုိစတာက အိေခ်ာပုိပုံနဲ႔ပတ္သက္ၿပီး အိေခ်ာပုိကေတာ့ သူ႔ရဲ႕ Fan ေတြလာျပမွ သိရတာတ့ဲ။ လႊမ္းပုိင္ကလည္း ပုိစတာက ေအာင္ျမင္ေပ မယ့္ သူ႔ ပုံကုိ ေဖ်ာက္ပစ္ၾကတယ္လုိ႔ ေျပာပါတယ္။

ဒီရုပ္ရွင္ဇာတ္ကားဟာ ရုံမတင္ခင္ကတည္းက ဇာတ္ကားပုိစတာမွာတင္ ပရိသတ္ေတြရဲ႕ စိတ္ဝင္တစားအားေပးျခင္းကုိ ခံခဲ့ရတာပါ။ ဒီလုိ စိတ္ဝင္စားမႈ ရရွိခဲ့တဲ့ အမွတ္တရအေၾကာင္းေတြကုိလည္း အႏုပညာရွင္မ်ားက အင္တာဗ်ဴးေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။

ဇာတ္ကားပုိစတာထဲကေန ပရိသတ္စိတ္ဝင္စားမႈအမ်ားဆုံးရရွိခဲ့တာကေတာ့ တကၠသုိလ္ေက်ာင္းသူေလးကာရုိက္တာနဲ႔ အိေခ်ာပိုရဲ႕ ခႏၶာကုိယ္အေနအထားျဖစ္ပါတယ္။ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့လည္း အိေခ်ာပုိကုိယ္တုိင္က အခုလုိေျပာျပလာပါတယ္။

'' အိေခ်ာကုိေတာ့ Fan ေတြကလာျပလုိ႔ျမင္တာပါ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း ဘယ္လုိမွ မျမင္ပါဘူး'' လုိ႔ ဆုိပါတယ္။

ေၾကြရုပ္ရွင္ဇာတ္ကားႀကီးကုိ ဖန္တီးတဲ့ ဒါရုိက္တာ သားညီကလည္း ေၾကြဇာတ္ကား ပုိစတာရဲ႕ ေအာင္ျမင္မႈကုိ သိရၿပီး အရမ္းကုိ အ့ံၾသခဲ့ပုံ ပါပဲ။

'' ဟာ ခနဲေတာ့ ျဖစ္တာေပါ့ေနာ္။ ကၽြန္ေတာ္စဥ္းစားထားတဲ့ ပုိစတာကေတာ့ တစ္ခုေပါ့။ ကၽြန္ေတာ္ကေတာ့ တကၠသိုလ္နဲ႔ပတ္သက္တဲ့ လြမ္း လြမ္းေဆြးေဆြးေလးတစ္ခုေပါ့ေနာ္။ ကၽြန္ေတာ္က အျမဲလြမ္းတတ္တဲ့ေကာင္ဆုိေတာ့ ဒီလုိေလး စဥ္းစားျဖစ္တာ။ ဒါေပမယ့္ ဒီပုိစတာကေတာ့ ကုိဘုိစန္း အုိင္ဒီယာေပါ့'' လုိ႔ သူကဆုိပါတယ္။

အားရပါးရ သေဘာက်က်နဲ႔ ေျဖလာတဲ့ သရုပ္ေဆာင္တုိင္ရြန္က ေၾကြရုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ပုိစတာကုိ ႀကိဳက္တယ္လုိ႔ ေျပာပါတယ္။ ဒီပုိစတာမွာလည္း ထူးျခားတဲ့ အခ်က္ေတြ ရွိတဲ့ အေၾကာင္း ေျပာျပခဲ့ပါေသးတယ္။

'' ဟုတ္တယ္၊ ဒီဇာတ္ကားရဲ႕ ပုိစတာက ထူးဆန္းတယ္။ ထူးဆန္းတာလည္း ၂ ခ်က္ရွိတယ္။ ၁ အခ်က္က ေၾကြ လုိ႔ေရးထားတာကုိ ငါကြ ဆုိၿပီး ေတာ့ဖတ္ၾကတယ္။ ဟာသေပါ့ေနာ္။ ၂ အခ်က္က ထူးဆန္းတယ္ ဒါကေတာ့ ေယာက်္ားထုႀကီးသိတယ္၊ ကၽြန္ေတာ္လည္းသိတယ္။ မေျပာေတာ့ဘူး၊ ႀကိဳက္တယ္ လွတယ္။ '' လုိ႔ ဆုိပါတယ္။

"ေၾကြ" သီခ်င္းနဲ႕ ပတ္သက္ၿပီး ဟန္ထူးလြင္ေျပာၿပီ 

ေၾကြ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ေခါင္းေဆာင္မင္းသားတစ္ေယာက္အျဖစ္ ပါဝင္ခဲ့တဲ့ အဆုိေတာ္လႊမ္းပုိင္က ေၾကြ ပုိစတာ ေအာင္ျမင္မႈနဲ႔ ပတ္သက္တဲ့ အမွတ္တရ အေၾကာင္းကုိလည္း ရယ္ရယ္ေမာေမာနဲ႔ ေျဖဆုိခဲ့ပါတယ္။

'' ေၾကြ Wallpaper လား ဒါကေတာ့ အိေခ်ာေပါ့။ တခ်ဳိ႔ဟာေတြမွာဆိုရင္ ကၽြန္ေတာ့္ပုံကုိ ေဖ်ာက္ထားၾကတာ ၾကည့္မေကာင္းတဲ့ ဟာႀကီး ေဖ်ာက္ပစ္ပါဆုိေတာ့ ကၽြန္ေတာ္ ေပ်ာက္သြားတယ္'' လုိ႔ သူကဆုိပါတယ္။

ေၾကြရုပ္ရွင္ဇာတ္ကားႀကီးကုိ ဇူလုိင္လ ၂၀ ရက္ေန႔ကစၿပီး ရန္ကုန္ၿမိဳ႔မွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးထဲမွာ ရဲေအာင္၊ လႊမ္းပိုင္၊ စုိးျမတ္သူဇာ နဲ႔ အိေခ်ာပို တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားၿပီး ခန္႔စည္သူ၊ ထြန္းထြန္း၊ ေဗလုဝ နဲ႔ တုိင္ရြန္တုိ႔က ပါဝင္အားျဖည့္သရုပ္ေဆာင္ထားပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs