• Cele Yatkwat
    ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်မဖြစ်သေးဘူးဆိုတဲ့ ပြည့်ဖူးခိုင်
Sabal Thwin
[Unicode Version]

အနုပညာလောကနေ ခဏတာ အနားယူခဲ့တဲ့ ပြည့်ဖူးခိုင်က ဒီအတောအတွင်းမှာ ခန္ဓာကိုယ်အလေးချိန် မြင့်တက်ခဲ့တာကြောင့် အနုပညာ အလုပ်တွေပြန်လုပ်ဖို့ ယုံကြည်မှု နည်းခဲ့ပါတယ်။ အခုချိန်မှာတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် သရုပ်ဆောင်အလုပ်ရောဂီတ အလုပ်တွေပါ လုပ်သွားမယ်တဲ့။

2.jpg 

သရုပ်ဆောင် ပြည့်ဖူးခိုင်က ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ ပြင်ဆင်နေပါပြီတဲ့။ ဂီတနဲ့ပတ်သက်ပြီးတော့လည်း အွန်လိုင်းပေါ်ကနေ သီချင်း အသစ် လေးတွေ တင်သွားဖို့ရည်ရွယ်ထားတယ်လို့လည်းပြောပါတယ်။ ပရိသတ်တွေအရှေ့ပြန်ရောက်လာမယ့် ပြည့်ဖူးခိုင်က သရုပ်ဆောင် ဘက် ကို အဓိကထားမှာလား၊ ဂီတအပိုင်းကို အဓိက ထားမှာလား ဆိုတာကို Duwun Media ပရိသတ်အတွက် မေးမြန်းခဲ့ပါတယ်။

'' ဘယ်လိုပဲဖြစ်ဖြစ် အလျဉ်းသင့်တဲ့အပေါ်မှာ ဘယ်လိုလည်းတော့ မပြောတတ်သေးဘူးပေါ့။ နှစ်ခုစလုံးကိုတော့ ကျွန်မ ဘယ်လို အတတ် နိုင်ဆုံးကြိုးစားပြီးတော့ လုပ်ချင်ပါတယ်။ လုပ်ဖို့အတွက်လည်း ကြိုးစားနေပါတယ်'' ဆိုပြီးတော့ ကြွေ  ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲ ကို တက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့တာပါ။

36798512_2041741999182074_4989865740040404992_n.jpg

Photo: Pyae Phoo Khing Fb

 

အနုပညာအလုပ်တွေ ခဏနားနေချိန်မှာတော့ ကိုယ်အလေးချိန်မြင့်တက်တာကို ခံစားခဲ့ရတယ်လို့ ပြည့်ဖူးခိုင်ကပြောပါတယ်။ အဲ့ဒီအတွက် ကြောင့်လည်းခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ကြိုးစားပြင်ဆင်နေရတာပါတဲ့။ ဒီနေ့ခေတ်ပေါ်အဝတ်အစား လေးတွေ ဝတ်နိုင်ဖို့ အတွက်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ ပြောပါတယ်။

''ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ ကလည်း ကျွန်မက ကိုယ်အလေးချိန်မြင့်တက်သွားတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် တစ်ခါတလေ ကိုယ်လိုချင်တဲ့ Target မရောက်သေး ခင်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသလိုလည်းဖြစ်တာမျိုးတွေရှိတယ်။ Body ပိုင်းနဲ့ ပတ်သက်ရင် အရမ်းပိန်မျိုးမဟုတ်ပဲ ဝတ်ရတာ အဆင်ပြေလောက်မယ့် ခန္ဓာကိုယ်လေးဖြစ်အောင် ကြိုးစားနေပါတယ်'' လို့ ဆိုပါတယ်။

33329546_1981820228507585_48639280561520640_n.jpg

Photo: Pyae Phoo Khing Fb

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဝိတ်ချနေတာပါဆိုတဲ့ မိုးမိုး  

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာချိန်မှာလည်း ကိုယ့်ကိုယ်ကို အသစ်တစ်ယောက်လို ခံယူချက်နဲ့ ကြိုးစားသွားမယ့် အကြောင်း ပြည့်ဖူးခိုင်က ပြောပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ဂီတအပိုင်းမှာရော သရုပ်ဆောင်အပိုင်းမှာပါ ပရိသတ်တွေ တွေ့မြင်ရ ဦးမှာဖြစ်ပါတယ်။

'' အခုချိန်မှာ ကျွန်မက အသစ်တစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကို ခံယူထားတယ်။ ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် ဆရာတစ်ယောက်ဆီမှာ ပညာသွားယူရင် သူက အဲ့ဒီပတ်ဝန်းကျင်မှာ ဆရာတစ်ယောက်ဖြစ်တဲ့အတွက် ကြိုးစားလေ့လာရမှာ ကိုယ့်တာဝန်ပဲလေ။ အဲ့ဒီတော့ ကိုယ်စ ခဲ့တဲ့ ဝါသနာအတွက် ကိုယ်ကြိုးစားမှ ရမယ်ဆိုပြီးတော့ ခံယူထားတယ်''

36713725_2039546246068316_3883930610716114944_n.jpg

Photo: Pyae Phoo Khing Fb

 

ပြည့်ဖူးခိုင်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ သူဟာ ချစ်စရာကောင်းတဲ့ ကာရိုက်တာလေး တွေရယ်၊ စွာတာတာ မိန်းကလေးပုံစံမျိုး ဇာတ်ရုပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ပြည့်ဖူးခိုင်ဟာ သရုပ်ဆောင်သာ မက ဂီတလောကထဲမှာလည်း ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။

 

[Zawgyi Version]

အႏုပညာေလာကေန ခဏတာ အနားယူခဲ့တဲ့ ျပည့္ဖူးခုိင္က ဒီအေတာအတြင္းမွာ ခႏၶာကုိယ္အေလးခ်ိန္ ျမင့္တက္ခဲ့တာေၾကာင့္ အႏုပညာ အလုပ္ေတြျပန္လုပ္ဖုိ႔ ယုံၾကည္မႈ နည္းခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ အႏုပညာေလာကထဲကုိ ျပန္လည္ဝင္ေရာက္လာၿပီ ျဖစ္တဲ့အတြက္ သရုပ္ေဆာင္အလုပ္ေရာဂီတ အလုပ္ေတြပါ လုပ္သြားမယ္တဲ့။

သရုပ္ေဆာင္ ျပည့္ဖူးခုိင္က ရုပ္ရွင္ဇာတ္ကားေတြရုိက္ဖုိ႔ ျပင္ဆင္ေနပါၿပီတဲ့။ ဂီတနဲ႔ပတ္သက္ၿပီးေတာ့လည္း အြန္လုိင္းေပၚကေန သီခ်င္း အသစ္ ေလးေတြ တင္သြားဖို႔ရည္ရြယ္ထားတယ္လုိ႔လည္းေျပာပါတယ္။ ပရိသတ္ေတြအေရွ႕ျပန္ေရာက္လာမယ့္ ျပည့္ဖူးခုိင္က သရုပ္ေဆာင္ ဘက္ ကုိ အဓိကထားမွာလား၊ ဂီတအပုိင္းကုိ အဓိက ထားမွာလား ဆုိတာကုိ Duwun Media ပရိသတ္အတြက္ ေမးျမန္းခဲ့ပါတယ္။

'' ဘယ္လုိပဲျဖစ္ျဖစ္ အလ်ဥ္းသင့္တဲ့အေပၚမွာ ဘယ္လုိလည္းေတာ့ မေျပာတတ္ေသးဘူးေပါ့။ ႏွစ္ခုစလုံးကုိေတာ့ ကၽြန္မ ဘယ္လုိ အတတ္ ႏုိင္ဆုံးႀကိဳးစားၿပီးေတာ့ လုပ္ခ်င္ပါတယ္။ လုပ္ဖုိ႔အတြက္လည္း ႀကိဳးစားေနပါတယ္'' ဆုိၿပီးေတာ့ ေၾကြ  ရုပ္ရွင္ဇာတ္ကား အထူးျပသပြဲ ကုိ တက္ေရာက္ရင္း Duwun Media ရဲ႕ အင္တာဗ်ဴးမွာေျဖဆိုခဲ့တာပါ။

Photo: Pyae Phoo Khing Fb

 

အႏုပညာအလုပ္ေတြ ခဏနားေနခ်ိန္မွာေတာ့ ကုိယ္အေလးခ်ိန္ျမင့္တက္တာကုိ ခံစားခဲ့ရတယ္လုိ႔ ျပည့္ဖူးခုိင္ကေျပာပါတယ္။ အဲ့ဒီအတြက္ ေၾကာင့္လည္းခႏၶာကုိယ္ပုိင္းနဲ႔ပတ္သက္ၿပီး ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈရွိေအာင္ ႀကိဳးစားျပင္ဆင္ေနရတာပါတဲ့။ ဒီေန႔ေခတ္ေပၚအဝတ္အစား ေလးေတြ ဝတ္ႏုိင္ဖုိ႔ အတြက္လည္း ထပ္ႀကိဳးစားသြားဦးမယ္လုိ႔ ေျပာပါတယ္။

''ကုိယ့္ကိုယ္ကုိ ယုံၾကည္မႈ ရွိဖုိ႔ ကလည္း ကၽြန္မက ကုိယ္အေလးခ်ိန္ျမင့္တက္သြားတဲ့ လူတစ္ေယာက္ျဖစ္တာေၾကာင့္ တစ္ခါတေလ ကုိယ္လုိခ်င္တဲ့ Target မေရာက္ေသး ခင္မွာ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈ နည္းသလုိလည္းျဖစ္တာမ်ဳိးေတြရွိတယ္။ Body ပုိင္းနဲ႔ ပတ္သက္ရင္ အရမ္းပိန္မ်ဳိးမဟုတ္ပဲ ဝတ္ရတာ အဆင္ေျပေလာက္မယ့္ ခႏၶာကုိယ္ေလးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္'' လို႔ ဆုိပါတယ္။

Photo: Pyae Phoo Khing Fb

လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက ဝိတ္ခ်ေနတာပါဆုိတဲ့ မုိးမုိး  

အႏုပညာေလာကထဲကုိ ျပန္လည္ဝင္ေရာက္လာခ်ိန္မွာလည္း ကုိယ့္ကုိယ္ကုိ အသစ္တစ္ေယာက္လုိ ခံယူခ်က္နဲ႔ ႀကိဳးစားသြားမယ့္ အေၾကာင္း ျပည့္ဖူးခုိင္က ေျပာပါတယ္။ သူ႔အေနနဲ႔ အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး ဂီတအပုိင္းမွာေရာ သရုပ္ေဆာင္အပုိင္းမွာပါ ပရိသတ္ေတြ ေတြ႔ျမင္ရ ဦးမွာျဖစ္ပါတယ္။

'' အခုခ်ိန္မွာ ကၽြန္မက အသစ္တစ္ေယာက္လုိပဲ ကုိယ့္ကုိယ္ကုိ ခံယူထားတယ္။ ဘယ္နယ္ပယ္မွာပဲ ျဖစ္ျဖစ္ ဆရာတစ္ေယာက္ဆီမွာ ပညာသြားယူရင္ သူက အဲ့ဒီပတ္ဝန္းက်င္မွာ ဆရာတစ္ေယာက္ျဖစ္တဲ့အတြက္ ႀကိဳးစားေလ့လာရမွာ ကုိယ့္တာဝန္ပဲေလ။ အဲ့ဒီေတာ့ ကုိယ္စ ခဲ့တဲ့ ဝါသနာအတြက္ ကုိယ္ႀကိဳးစားမွ ရမယ္ဆုိၿပီးေတာ့ ခံယူထားတယ္''

Photo: Pyae Phoo Khing Fb

 

ျပည့္ဖူးခုိင္ကုိ ဗီဒီယုိဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးလာၾကတာပါ။ သူဟာ ခ်စ္စရာေကာင္းတဲ့ ကာရုိက္တာေလး ေတြရယ္၊ စြာတာတာ မိန္းကေလးပုံစံမ်ဳိး ဇာတ္ရုပ္ေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကုိ ပုိင္ဆုိင္ခဲ့တာျဖစ္ပါတယ္။ ျပည့္ဖူးခုိင္ဟာ သရုပ္ေဆာင္သာ မက ဂီတေလာကထဲမွာလည္း ႀကိဳးစားေနသူတစ္ေယာက္ျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs