• Cele Yatkwat
    လွမ်းတာထက် ရှိနေတာကို ပိုလိုချင်တယ်ဆိုလိုက်တဲ့ သားညီ
Sabal Thwin
[Unicode Version]

သရုပ်ဆောင်ဒွေးရဲ့ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်အလှူကို သားညီ ၊ ဇွဲနိုင်ဝင်း၊ ဝေဠုကျော်၊ မေကဗျာ နဲ့အတူ ဒွေးရဲ့ မိသားစုတွေက ပြုလုပ်ပေး ခဲ့ပါတယ်။ ကိုသားကြီးက ကျွန်တော့်အတွက် မရှိမဖြစ်ခဲ့တဲ့ လူတစ်ယောက်ပါလို့ သားညီက ရင်ဖွင့်လာပါတယ်။ ကိုသားကြီးကို လွမ်းတဲ့ စိတ်ထက် အသက်ရှင်နေတာလေးကို ပိုလိုချင်တယ်လို့ ပြောပါတယ်။

Thar 2.jpg 

ဇူလိုင်လ ၁၁ ရက်နေ့တုန်းက သရုပ်ဆောင် အကယ်ဒမီ ဒွေးရဲ့ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ မိသားစုဝင်တွေကလည်း ၁၁ ရက်နေ့ တုန်းက မှော်ဘီမြို့မှာရှိတဲ့ သာသနာ့ဝံဆောင် ကျောင်းတိုက်မှာ ဒွေးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သားညီက Duwun media ကိုပြောပြခဲ့ပါတယ်။

'' ၁၁ နှစ်ရှိသွားပြီပေါ့နော်၊ ကျွန်တော်တို့ မှော်ဘီက ဘုန်းကြီးကျောင်းမှာ ကျောင်းရှိ သံဃာတော်တွေ အကုန်ဆွမ်းကျွေးပါတယ်။ သင်္က္ကန်း ကပ်တယ်၊ ဆေးတွေလည်း လှူတယ်။ အဲ့ဒီအတွက် ကိုသားကြီးနဲ့ရော၊ သူ့ကို အားပေးတဲ့ ပရိသတ်တွေကိုရော အမျှပေးပါတယ်။ ကိုသားကြီး အတွက် သာဓုခေါ်ပေးကြပါ'' လို့ သူကပြောပါတယ်။

Thar 1.jpg 

အစ်ကိုဖြစ်သူ ဒွေးကွယ်လွန်သွားတဲ့ ၁၁ နှစ်ပြည့်အတွင်းမှာလည်း အိမ်မက်မက်တာမျိုးတွေတော့ မရှိပါဘူးတဲ့။ ဒီနေ့ အချိန်ထိ သရုပ်ဆောင် ဒွေးကို မိသားစုဝင် တွေနဲ့အတူ ပရိသတ်တွေကလည်း သတိတရရှိနေပေးကြလို့ ကျေးဇူးတင်တယ်လို့ သားညီက ပြောပါတယ်။

'' ကိုသားကြီးကို အိမ်မက် မက်တာမျိုးတော့ မရှိဘူး။ ကျွန်တော့်အထင်တော့ လစ်သွားပြီလို့ထင်တယ်။ သူသေသွားပြီးတဲ့နောက်မှာလည်း ပရိသတ်တွေက မမေ့သေးဘူးဆိုတာကို ပီတိဖြစ်နေပြန်ရင်လည်း သူသေသွားတာကို ကျွန်တော်က ဝမ်းသာမိနေသလို ဖြစ်ဦးမယ်။ လွမ်းတာ တော့လွမ်းတာပေါ့ဗျာ။ ရှိနေတာကိုတော့ ပိုလိုချင်တာပေါ့'' လို့ ဆိုပါတယ်။

36963532-2294713623877189-3952396675791716352-n.jpg

Photo: Thar Nyi Fb

 

သားညီဟာ သူ့အတွက် မရှိမဖြစ်လူတစ်ယောက်အဖြစ် ရပ်တည်ပေးခဲ့တဲ့ အစ်ကိုဖြစ်သူ ဒွေး မရှိတော့တဲ့နောက်မှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင် နေရတယ်လို့ ပြောပါတယ်။

'' ကိုသားကြီးက ကျွန်တော့်အတွက်တော့ မရှိမဖြစ်ခဲ့တဲ့ လူတစ်ယောက်ပါပဲ။ ဒါပေမယ့်လည်း သူမရှိတော့တဲ့ အချိန်မှာ ဖြစ်အောင်နေရတာ ပေါ့လေ။ ကိုသားကြီးရဲ့ ဇနီး မမိုးကလည်း အခု သူတို့ရဲ့သားလေး ဝေယံမိုးရှိတယ်၊ သူ့တူမလေး လည်းရှိတယ်။ သူတို့ အတူတူနေကြပါတယ်'' ဆိုပြီးတော့ ကြွေရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း Duwun  Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

36913025-2294713633877188-1210473400653316096-n (1).jpg

Photo: Thar Nyi Fb

 

စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဒွေးဟာ ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲကို စတင်ခြေချခဲ့တာပါ။ ဦးလေးဖြစ်သူ ကျော်ဟိန်း နဲ့ အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ရင်း အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် သားညီကလည်း အစ်ကိုဖြစ်တဲ့ ကိုသားကြီးနဲ့ အတူ ဇာတ်ကားတွေရိုက်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

 

[Zawgyi Version]

သရုပ္ေဆာင္ေဒြးရဲ႕ ကြယ္လြန္ျခင္း ၁၁ ႏွစ္ျပည့္အလွဴကုိ သားညီ ၊ ဇြဲႏုိင္ဝင္း၊ ေဝဠဳေက်ာ္၊ ေမကဗ်ာ နဲ႔အတူ ေဒြးရဲ႕ မိသားစုေတြက ျပဳလုပ္ေပး ခဲ့ပါတယ္။ ကုိသားႀကီးက ကၽြန္ေတာ့္အတြက္ မရွိမျဖစ္ခဲ့တဲ့ လူတစ္ေယာက္ပါလုိ႔ သားညီက ရင္ဖြင့္လာပါတယ္။ ကုိသားႀကီးကုိ လြမ္းတဲ့ စိတ္ထက္ အသက္ရွင္ေနတာေလးကုိ ပုိလုိခ်င္တယ္လုိ႔ ေျပာပါတယ္။

ဇူလုိင္လ ၁၁ ရက္ေန႔တုန္းက သရုပ္ေဆာင္ အကယ္ဒမီ ေဒြးရဲ႕ ကြယ္လြန္ျခင္း ၁၁ ႏွစ္ျပည့္ခဲ့ပါၿပီ။ သူ႔ရဲ႕ မိသားစုဝင္ေတြကလည္း ၁၁ ရက္ေန႔ တုန္းက ေမွာ္ဘီၿမိဳ႕မွာရွိတဲ့ သာသနာ့ဝံေဆာင္ ေက်ာင္းတိုက္မွာ ေဒြးအတြက္ ရည္စူးၿပီး ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး သားညီက Duwun media ကုိေျပာျပခဲ့ပါတယ္။

'' ၁၁ ႏွစ္ရွိသြားၿပီေပါ့ေနာ္၊ ကၽြန္ေတာ္တုိ႔ ေမွာ္ဘီက ဘုန္းႀကီးေက်ာင္းမွာ ေက်ာင္းရွိ သံဃာေတာ္ေတြ အကုန္ဆြမ္းေကၽြးပါတယ္။ သကၤၠန္း ကပ္တယ္၊ ေဆးေတြလည္း လွဴတယ္။ အဲ့ဒီအတြက္ ကိုသားႀကီးနဲ႔ေရာ၊ သူ႔ကုိ အားေပးတဲ့ ပရိသတ္ေတြကုိေရာ အမွ်ေပးပါတယ္။ ကုိသားႀကီး အတြက္ သာဓုေခၚေပးၾကပါ'' လုိ႔ သူကေျပာပါတယ္။

အစ္ကုိျဖစ္သူ ေဒြးကြယ္လြန္သြားတဲ့ ၁၁ ႏွစ္ျပည့္အတြင္းမွာလည္း အိမ္မက္မက္တာမ်ဳိးေတြေတာ့ မရွိပါဘူးတဲ့။ ဒီေန႔ အခ်ိန္ထိ သရုပ္ေဆာင္ ေဒြးကုိ မိသားစုဝင္ ေတြနဲ႔အတူ ပရိသတ္ေတြကလည္း သတိတရရွိေနေပးၾကလုိ႔ ေက်းဇူးတင္တယ္လုိ႔ သားညီက ေျပာပါတယ္။

'' ကုိသားႀကီးကုိ အိမ္မက္ မက္တာမ်ဳိးေတာ့ မရွိဘူး။ ကၽြန္ေတာ့္အထင္ေတာ့ လစ္သြားၿပီလုိ႔ထင္တယ္။ သူေသသြားၿပီးတဲ့ေနာက္မွာလည္း ပရိသတ္ေတြက မေမ့ေသးဘူးဆုိတာကုိ ပီတိျဖစ္ေနျပန္ရင္လည္း သူေသသြားတာကုိ ကၽြန္ေတာ္က ဝမ္းသာမိေနသလုိ ျဖစ္ဦးမယ္။ လြမ္းတာ ေတာ့လြမ္းတာေပါ့ဗ်ာ။ ရွိေနတာကုိေတာ့ ပုိလုိခ်င္တာေပါ့'' လုိ႔ ဆုိပါတယ္။

Photo: Thar Nyi Fb

 

သားညီဟာ သူ႔အတြက္ မရွိမျဖစ္လူတစ္ေယာက္အျဖစ္ ရပ္တည္ေပးခဲ့တဲ့ အစ္ကုိျဖစ္သူ ေဒြး မရွိေတာ့တဲ့ေနာက္မွာ ကုိယ့္ဘာသာကုိယ္ အဆင္ေျပေအာင္ ေနရတယ္လုိ႔ ေျပာပါတယ္။

'' ကိုသားႀကီးက ကၽြန္ေတာ့္အတြက္ေတာ့ မရွိမျဖစ္ခဲ့တဲ့ လူတစ္ေယာက္ပါပဲ။ ဒါေပမယ့္လည္း သူမရွိေတာ့တဲ့ အခ်ိန္မွာ ျဖစ္ေအာင္ေနရတာ ေပါ့ေလ။ ကုိသားႀကီးရဲ႕ ဇနီး မမုိးကလည္း အခု သူတုိ႔ရဲ႕သားေလး ေဝယံမုိးရွိတယ္၊ သူ႔တူမေလး လည္းရွိတယ္။ သူတုိ႔ အတူတူေနၾကပါတယ္'' ဆုိၿပီးေတာ့ ေၾကြရုပ္ရွင္ဇာတ္ကားႀကီး အထူးျပပြဲကုိ တက္ေရာက္ရင္း Duwun  Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

Photo: Thar Nyi Fb

 

စက္မႈအင္ဂ်င္နီယာတစ္ေယာက္ျဖစ္တဲ့ ေဒြးဟာ ဘြဲ႕မရခင္ကတည္းက အႏုပညာေလာကထဲကို စတင္ေျခခ်ခဲ့တာပါ။ ဦးေလးျဖစ္သူ ေက်ာ္ဟိန္း နဲ႕ အတူ ဇာတ္ကားေတြ ရိုက္ကူးခဲ့ရင္း အႏုပညာေလာကထဲ ဝင္ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္ သားညီကလည္း အစ္ကုိျဖစ္တဲ့ ကုိသားႀကီးနဲ႔ အတူ ဇာတ္ကားေတြရုိက္ရင္း အႏုပညာေလာကထဲကုိ ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs