• Cele Yatkwat
    အနုပညာကြေးမရရင်တောင် ဒီMTV ကိုရိုက်မှာပါဆိုတဲ့ တိုင်ရွန်
Sabal Thwin
[Unicode Version]

36895470_2134536110117075_2337168636654911488_n.jpg

Photo: Tyron Facebook

 

အခုလတ်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ထိုင်းမော်ဒယ်လ်မလေးတွေနဲ့ သရုပ်ဆောင် တိုင်ရွန်တို့ရဲ့ အကြမ်းစားပုံတွေက ပျံ့နှံ့နေပါ တယ်။ ဒါကတော့ ချင်းမိုင်မှာ ရိုက်ကူးနေတဲ့ MTV ထဲက ဇာတ်ဝင်ခန်းတွေပါ ဆိုပြီးတော့ တိုင်ရွန်ကိုယ်တိုင်က ကြွေရုပ်ရှင် ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း Duwun  Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

''ဒီဟာက MTV လေးပေါ့နော် အဲ့ဒီက အစ်မက New York မှာနေတယ် ထိုင်း-မြန်မာစပ်တယ်ပေါ့နော်။ အဲ့ဒီတော့ သူက မြန်မာဈေးကွက်ကို ဖောက်ချင်တယ် တစ်ခွေလုံးကိုလည်း သူက အကုန်ကျခံထားတာဆိုတော့ ထိုင်းက မော်ဒယ်လ် ၄ ယောက်နဲ့ ကျွန်တော်နဲ့ ချင်းမိုင်မှာ ရိုက်ဖြစ်သွားတာပေါ့'' လို့ သူကဆိုပါတယ်။

3.jpg 

ဒီ MTV ထဲက ဇာတ်ဝင်ခန်းတွေက အရမ်းကို Sexy ဆန်တာကြောင့် ဖျက်ချရမယ့် အခန်းတွေလည်း ပါတယ်လို့ဆိုပါတယ်။ ဇာတ်ဝင်ခန်းတွေ မှာလည်း တိုင်ရွန်က အကြမ်းစားတွေရိုက်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆင်ဆာအခြေအနေပေါ်မူတည်ပြီးတော့ ကြိုးစားထားတယ်လို့ ပြောပါတယ်။

'' နည်းနည်းတော့ ဟော့တယ်ပေါ့နော်။ ရိုက်ထားတဲ့ အခန်းတွေကလည်း နည်းနည်းကြမ်းတယ်။ အဲ့ဒီမှာ ဖျက်ချမယ့် အခန်းတွေပါ မယ်ဆိုရင်တော့ သိပ်မကြမ်းဘူးပေါ့နော်။ ဖျက်ချမယ့်အခန်းတွေရယ်၊ ဖျက်ချက်လို့မရတဲ့ အခန်းတွေရယ် နှစ်ခုစလုံးကို အဆင်ပြေအောင် ရိုက်ကူးပေးထားတယ်။ ဆင်ဆာအပေါ် မူတည်ပြီးတော့ပေါ့'' လို့ တိုင်ရွန်က ပြောပါတယ်။

Ty 1.jpg

ပရိသတ်တွေ စိတ်ပျက်အောင်မလုပ်ပါဘူးဆိုတဲ့ တိုင်ရွန်  

ဒီ MTV ရိုက်ကူးတဲ့ အချိန်မှာရော၊ ဇာတ်ဝင်ခန်းထဲမှာ ပါမယ့် အခန်းတွေမှာ အကုန်အကြမ်းတွေ ရိုက်ထားတယ်လို့ တိုင်ရွန်က ပြောပါတယ်။ သူကိုယ်တိုင်ကလည်း အနုပညာကြေးမရရင်နေပါစေ ထိုင်းမလေး ၄ ယောက်နဲ့ ချင်းမိုင်မှာ ရိုက်မယ်ဆိုလို့ ချက်ချင်းလက်ခံလိုက်တယ်လို့ သူကဆိုပါတယ်။

'' ကျွန်တော့် စိတ်ထင်တော့ ဖျက်မယ်ထင်တယ်။ ကျွန်တော် ကြမ်းထားတယ် ကျွန်တော်က ဇာတ်ဝင်ခန်းထဲမှာလည်း ကြမ်းတယ်၊ ရိုက်နေတဲ့ အချိန်မှာလည်း ကြမ်းတယ်။ ထိုင်းက ကောင်မလေး ၄ ယောက်နဲ့ ရိုက်မယ်ဆိုကတည်းက ကျွန်တော်ကတော့ 'အင်း' ပဲ ရိုက်မယ်။ အနုပညာကြေးမရလည်းရိုက်မယ်'' ဆိုပြီးတော့ လက်ခံဖြစ်လိုက်တယ်လို့ ဆိုပါတယ်။

T 1.jpg 

 တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက် အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။သူ့ရဲ့ ပရိသတ်တွေထဲမှာတော့ မိန်းကလေး ပရိသတ်က အများဆုံးပါပဲ၊ ယောကျ်ားလေး ပရိသတ်တွေလည်းရှိတယ်လို့ပြောပါတယ်။

 

[Zawgyi Version]

Photo: Tyron Facebook

 

အခုလတ္တေလာ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ထုိင္းေမာ္ဒယ္လ္မေလးေတြနဲ႔ သရုပ္ေဆာင္ တုိင္ရြန္တို႔ရဲ႕ အၾကမ္းစားပုံေတြက ပ်ံ႔ႏွံ႔ေနပါ တယ္။ ဒါကေတာ့ ခ်င္းမုိင္မွာ ရိုက္ကူးေနတဲ့ MTV ထဲက ဇာတ္ဝင္ခန္းေတြပါ ဆုိၿပီးေတာ့ တုိင္ရြန္ကုိယ္တုိင္က ေၾကြရုပ္ရွင္ ဇာတ္ကားႀကီး အထူးျပပြဲကုိ တက္ေရာက္ရင္း Duwun  Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

''ဒီဟာက MTV ေလးေပါ့ေနာ္ အဲ့ဒီက အစ္မက New York မွာေနတယ္ ထုိင္း-ျမန္မာစပ္တယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ သူက ျမန္မာေစ်းကြက္ကုိ ေဖာက္ခ်င္တယ္ တစ္ေခြလံုးကုိလည္း သူက အကုန္က်ခံထားတာဆိုေတာ့ ထုိင္းက ေမာ္ဒယ္လ္ ၄ ေယာက္နဲ႔ ကၽြန္ေတာ္နဲ႔ ခ်င္းမုိင္မွာ ရုိက္ျဖစ္သြားတာေပါ့'' လုိ႔ သူကဆုိပါတယ္။

ဒီ MTV ထဲက ဇာတ္ဝင္ခန္းေတြက အရမ္းကုိ Sexy ဆန္တာေၾကာင့္ ဖ်က္ခ်ရမယ့္ အခန္းေတြလည္း ပါတယ္လို႔ဆုိပါတယ္။ ဇာတ္ဝင္ခန္းေတြ မွာလည္း တုိင္ရြန္က အၾကမ္းစားေတြရုိက္ထားတယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ ဆင္ဆာအေျခအေနေပၚမူတည္ၿပီးေတာ့ ႀကိဳးစားထားတယ္လုိ႔ ေျပာပါတယ္။

'' နည္းနည္းေတာ့ ေဟာ့တယ္ေပါ့ေနာ္။ ရုိက္ထားတ့ဲ အခန္းေတြကလည္း နည္းနည္းၾကမ္းတယ္။ အဲ့ဒီမွာ ဖ်က္ခ်မယ့္ အခန္းေတြပါ မယ္ဆုိရင္ေတာ့ သိပ္မၾကမ္းဘူးေပါ့ေနာ္။ ဖ်က္ခ်မယ့္အခန္းေတြရယ္၊ ဖ်က္ခ်က္လုိ႔မရတဲ့ အခန္းေတြရယ္ ႏွစ္ခုစလုံးကုိ အဆင္ေျပေအာင္ ရုိက္ကူးေပးထားတယ္။ ဆင္ဆာအေပၚ မူတည္ၿပီးေတာ့ေပါ့'' လုိ႔ တုိင္ရြန္က ေျပာပါတယ္။

ပရိသတ္ေတြ စိတ္ပ်က္ေအာင္မလုပ္ပါဘူးဆုိတဲ့ တုိင္ရြန္  

ဒီ MTV ရုိက္ကူးတဲ့ အခ်ိန္မွာေရာ၊ ဇာတ္ဝင္ခန္းထဲမွာ ပါမယ့္ အခန္းေတြမွာ အကုန္အၾကမ္းေတြ ရုိက္ထားတယ္လုိ႔ တုိင္ရြန္က ေျပာပါတယ္။ သူကုိယ္တုိင္ကလည္း အႏုပညာေၾကးမရရင္ေနပါေစ ထုိင္းမေလး ၄ ေယာက္နဲ႔ ခ်င္းမုိင္မွာ ရုိက္မယ္ဆုိလုိ႔ ခ်က္ခ်င္းလက္ခံလုိက္တယ္လုိ႔ သူကဆုိပါတယ္။

'' ကၽြန္ေတာ့္ စိတ္ထင္ေတာ့ ဖ်က္မယ္ထင္တယ္။ ကၽြန္ေတာ္ ၾကမ္းထားတယ္ ကၽြန္ေတာ္က ဇာတ္ဝင္ခန္းထဲမွာလည္း ၾကမ္းတယ္၊ ရုိက္ေနတဲ့ အခ်ိန္မွာလည္း ၾကမ္းတယ္။ ထုိင္းက ေကာင္မေလး ၄ ေယာက္နဲ႔ ရုိက္မယ္ဆုိကတည္းက ကၽြန္ေတာ္ကေတာ့ 'အင္း' ပဲ ရုိက္မယ္။ အႏုပညာေၾကးမရလည္းရုိက္မယ္'' ဆုိၿပီးေတာ့ လက္ခံျဖစ္လုိက္တယ္လုိ႔ ဆုိပါတယ္။

 တုိင္ရြန္႔ကုိ ပရိသတ္ေတြက ေမာ္ဒယ္တစ္ေယာက္ အေနနဲ႔ စတင္သိခဲ့ တာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ အႏုပညာအလုပ္ေတြ ပုိလုပ္လာရၿပီး ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးေနရၿပီလို႔ သိရပါတယ္။သူ႔ရဲ႕ ပရိသတ္ေတြထဲမွာေတာ့ မိန္းကေလး ပရိသတ္က အမ်ားဆုံးပါပဲ၊ ေယာက်္ားေလး ပရိသတ္ေတြလည္းရွိတယ္လုိ႔ေျပာပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs