• Cele Yatkwat
    "ရှင်ကေသရ"ဘွဲ့နာမည်နဲ့ သာသနာအကျိုးသယ်ပိုးနေတဲ့ ဇဏ်ခီ
Sabal Thwin
[Unicode Version]

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ဟာ ဇူလိုင်လ ၉ ရက်နေ့ကတည်းက အောင်ဇဗ္ဗူတောရ ဘုန်းတော်ကြီး ကျောင်းမှာ သာသနာ့ဘောင် အတူတူဝင်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ခရစ္စတီးနားခီက အလုပ်တွေရှိလို့ ပြန်လာပြီ ဆိုပေမယ့် ဇဏ်ခီကတော့ သာသနာ့ဘောင်ကနေ မထွက်သေးပါဘူး။ မိသားစုကိုလည်း မလာခိုင်းထားပါဘူးတဲ့။

37044879_10156494849552418_518673539293773824_n.jpg

Photo: ခရစ္စတီးနားခီဖေ့စ်ဘွတ်

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ဟာဇူလိုင်လ ၉ ရက်နေ့ကတည်းက  မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇမ္ဗူတောရ ဘုန်းတော် ကြီး ကျောင်းမှာ ရှင်ကေသရ  ဆိုတဲ့ ဘွဲ့နာမည်နဲ့ ရဟန်းဘောင်ဝင်နေတာဖြစ်ပါတယ်။ ခရစ္စတီးနားခီ ကတော့ အလုပ်တွေရှိတာကြောင့် ပြန်လာပြီဆိုတဲ့အကြောင်း ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ် မှာရေးခဲ့တာပါ။

'' ဇူလိုင်လ ၉ရက်နေ့ မနက် ၁၀နာရီ၁၆မိနစ်မှစပြီး"ရှင်ကေသရ" ဘွဲ့နံမည်ဖြင့် ရဟန်းဘဝခံယူ။ (တခါတရံမှ ရဟန်းဘဝရတာမို့ ရဟန်း အလုပ်ကိုဖြောင့်ဖြောင့်လုပ်စေချင်လို့ ဘယ်သူမှမဖိတ်တာပါ။ မန်နေဂျာတွေကိုရော မိသားစုကိုရော ဘယ်သူမှ ထပ်မလာဖို့နဲ့ မလာခိုင်း ဖို့ကိုလည်းသေချာပြောထားတာမို့ နားလည်ခွင့်လွှတ်စေချင်ပါတယ်နော်။)ခရစ္စကတော့ အလုပ်ရှိလို့ပြန်လာပါပြီ''လို့ ဆိုပါတယ်။

37072238_10156494856522418_3238462073407012864_n.jpg

Photo: ခရစ္စတီးနားခီဖေ့စ်ဘွတ်

သာသနာ့ဘောင်ထဲ ခဏတာဝင်ရောက်သွားတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီ 

သရုပ်ဆောင် ဇဏ်ခီကလည်း အနုပညာအလုပ်တွေနဲ့ မအားမလပ် ဖြစ်နေပေမယ့်လည်း ကုသိုလ်ရေးအတွက် အချိန်ပေးဖြစ်တဲ့ သူတို့ဇနီးမောင်နှံရဲ့ စိတ်ကလေးကို လေးစားနေကြတာလည်း တွေ့ရပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီက ၂၀၁၈ခုနှစ် မတ်လ(၄) ရက်နေ့က သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ ပါသေးတယ်။

အဲ့ဒီတုန်းကလည်း ခင်ပွန်းဖြစ်သူ ဇဏ်ခီကသူမရဲ့ ဆန္ဒတွေကို ဘေးကနေ ပါရမီဖြည့်ပေးခဲ့သလို အခုတစ်ခါ ဇဏ်ခီ သာသနာ့ဘောင်ထဲ ဝင်ရောက်တဲ့အခါမှာလည်း သူမက ဘေးက ပါရမီဖြည့်ပေးနေတာ တွေ့ရပါတယ်။

37104499_10156494841667418_2164581414589169664_n.jpg

Photo: ခရစ္စတီးနားခီဖေ့စ်ဘွတ်

 

သူတို့ဇနီးမောင်နှံဟာဇွန်လ(၂၅) ရက်နေ့က အိမ်ထောင်သက် (၁၂) နှစ်ပြည့်ခဲ့တာဖြစ်ပြီး နှစ်ပတ်လည်နေ့လေးမှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။သူတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ် လည် အလှူကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ပင်ရွှေညောင်လမ်း မြနန္ဒာကမ္ဘောဇ ဘုန်းကြီးကျောင်းမှာ ပရိသတ်တွေနဲ့အတူ အလှူကျင်းပခဲ့တာပါ။

37040371_10156494851297418_288612052715438080_n.jpg

Photo: ခရစ္စတီးနားခီဖေ့စ်ဘွတ်

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

[Zawgyi Version]

သရုပ္ေဆာင္ ဇဏ္ခီနဲ႔ ဒါရုိက္တာ ခရစၥတီးနားခီ တုိ႔ဟာ ဇူလုိင္လ ၉ ရက္ေန႔ကတည္းက ေအာင္ဇဗၺဴေတာရ ဘုန္းေတာ္ႀကီး ေက်ာင္းမွာ သာသနာ့ေဘာင္ အတူတူဝင္ခဲ့ၾကတာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ ခရစၥတီးနားခီက အလုပ္ေတြရွိလုိ႔ ျပန္လာၿပီ ဆုိေပမယ့္ ဇဏ္ခီကေတာ့ သာသနာ့ေဘာင္ကေန မထြက္ေသးပါဘူး။ မိသားစုကုိလည္း မလာခုိင္းထားပါဘူးတဲ့။

Photo: ခရစၥတီးနားခီေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ ဇဏ္ခီနဲ႔ ဒါရုိက္တာခရစၥတီးနားခီတုိ႔ဟာဇူလုိင္လ ၉ ရက္ေန႔ကတည္းက  ေမွာ္ဘီၿမိဳ႕နယ္မွာရွိတဲ့ ေအာင္ဇမၺဴေတာရ ဘုန္းေတာ္ ႀကီး ေက်ာင္းမွာ ရွင္ေကသရ  ဆုိတဲ့ ဘြဲ႕နာမည္နဲ႔ ရဟန္းေဘာင္ဝင္ေနတာျဖစ္ပါတယ္။ ခရစၥတီးနားခီ ကေတာ့ အလုပ္ေတြရွိတာေၾကာင့္ ျပန္လာၿပီဆုိတဲ့အေၾကာင္း ဇူလုိင္လ ၁၃ ရက္ေန႔ ည ၉ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚ မွာေရးခဲ့တာပါ။

'' ဇူလုိင္လ ၉ရက္ေန႕ မနက္ ၁၀နာရီ၁၆မိနစ္မွစၿပီး"ရွင္ေကသရ" ဘဲြ႕နံမည္ျဖင့္ ရဟန္းဘဝခံယူ။ (တခါတရံမွ ရဟန္းဘဝရတာမို႔ ရဟန္း အလုပ္ကိုေျဖာင့္ေျဖာင့္လုပ္ေစခ်င္လို႕ ဘယ္သူမွမဖိတ္တာပါ။ မန္ေနဂ်ာေတြကိုေရာ မိသားစုကိုေရာ ဘယ္သူမွ ထပ္မလာဖို႕နဲ႕ မလာခိုင္း ဖို႕ကိုလည္းေသခ်ာေျပာထားတာမို႕ နားလည္ခြင့္လႊတ္ေစခ်င္ပါတယ္ေနာ္။)ခရစၥကေတာ့ အလုပ္ရွိလို႔ျပန္လာပါၿပီ''လုိ႔ ဆုိပါတယ္။

Photo: ခရစၥတီးနားခီေဖ့စ္ဘြတ္

သာသနာ့ေဘာင္ထဲ ခဏတာဝင္ေရာက္သြားတဲ့ ဇဏ္ခီနဲ႕ ခရစၥတီးနားခီ 

သရုပ္ေဆာင္ ဇဏ္ခီကလည္း အႏုပညာအလုပ္ေတြနဲ႕ မအားမလပ္ ျဖစ္ေနေပမယ့္လည္း ကုသိုလ္ေရးအတြက္ အခ်ိန္ေပးျဖစ္တဲ့ သူတို႕ဇနီးေမာင္နွံရဲ႕ စိတ္ကေလးကို ေလးစားေနၾကတာလည္း ေတြ႕ရပါတယ္။ ဒါရိုက္တာ ခရစၥတီးနားခီက ၂၀၁၈ခုႏွစ္ မတ္လ(၄) ရက္ေန႕က သာသနာ့ေဘာင္ထဲ ဝင္ေရာက္ခဲ့ ပါေသးတယ္။

အဲ့ဒီတုန္းကလည္း ခင္ပြန္းျဖစ္သူ ဇဏ္ခီကသူမရဲ႕ ဆႏၵေတြကို ေဘးကေန ပါရမီျဖည့္ေပးခဲ့သလို အခုတစ္ခါ ဇဏ္ခီ သာသနာ့ေဘာင္ထဲ ဝင္ေရာက္တဲ့အခါမွာလည္း သူမက ေဘးက ပါရမီျဖည့္ေပးေနတာ ေတြ႕ရပါတယ္။

Photo: ခရစၥတီးနားခီေဖ့စ္ဘြတ္

 

သူတို႔ဇနီးေမာင္ႏွံဟာဇြန္လ(၂၅) ရက္ေန႕က အိမ္ေထာင္သက္ (၁၂) ႏွစ္ျပည့္ခဲ့တာျဖစ္ၿပီး ႏွစ္ပတ္လည္ေန႕ေလးမွာ အလွဴအတန္းေတြနဲ႕ ျဖတ္သန္းခဲ့တာ ေတြ႕ရပါတယ္။သူတုိ႕ႏွစ္ေယာက္ရဲ႕ မဂၤလာႏွစ္ပတ္ လည္ အလွဴကို ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္မွာရွိတဲ့ ပင္ေရႊေညာင္လမ္း ျမနႏၵာကေမၻာဇ ဘုန္းႀကီးေက်ာင္းမွာ ပရိသတ္ေတြနဲ႕အတူ အလွဴက်င္းပခဲ့တာပါ။

Photo: ခရစၥတီးနားခီေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ ဇဏ္ခီနဲ႔ ဒါရုိက္တာ ခရစၥတီးနားခီကေတာ့ '' ဥပါယ္တံမ်ဥ္'' ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကေန စၿပီး ၿမန္မာႏုိင္ငံက ပရိသတ္ ေတြနဲ႔ စတင္ထိေတြ႔ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဒါရုိက္တာ ခရစၥတီးနားခီရုိက္တဲ့ မုၿဒာရဲ႕ ေခၚသံ ဆုိတဲ့ ဒုတိယေျမာက္ရုပ္ရွင္ ဇာတ္ကားႀကီး ကလည္း ေအာင္ျမင္ခဲ့ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs