• Cele Yatkwat
    Troll များလည်း မေတ္တာသုတ်ရွတ်မယ် ဆိုတဲ့ ပိုင်အုပ်စိုးအောင်
Sabal Thwin
[Unicode Version]

အွန်လိုင်းပေါ်က မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းခံထားရတဲ့ ပိုင်အုပ်စိုးအောင်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရ ပြီဖြစ်ပါတယ်။ အနုပညာအလုပ်လုပ်နေတဲ့သူဖြစ်တာကြောင့် ဘာသာရေးကိုလည်း ကြိုးကြိုးစားစား လုပ်တယ်လို့ ပြောပါတယ်။ ချစ်တဲ့ ပရိသတ်ရှိသလို မုန်းတဲ့ ပရိသတ်တွေလည်း ရှိတဲ့ သူ့ရဲ့  ခံစားချက်ကိုလည်းပြောပြခဲ့ပါတယ်။

P 1.jpg 

အွန်လိုင်းပေါ်ကနေ မိန်းကလေးပရိသတ်အားပေးမှု အများကြီးရရှိထားတဲ့ ပိုင်အုပ်စိုးအောင် က အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။ သူ့အနေနဲ့ သရုပ်ဆောင် ဟဲဗီဖြိုးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဟဲဗီးဖြိုးကလည်း သူ့ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး သေချာ သင်ကြားပေးတယ်လို့ ပြောပါတယ်။

'' အစပိုင်းကတော့ ကျွန်တော်က ရှိန်တာပေါ့နော်၊ သူက ရုပ်ရှင်ကားကြီးတွေလည်း ရိုက်နေရတဲ့ မင်းသားပဲလေ။ ဒါပေမယ့် ရိုက်နေတဲ့ အချိန် အတွင်းမှာ သူက ကျွန်တော့်ကို အများကြီးပညာတွေသင်ပေးတယ်။ သူနဲ့ ရိုက်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတိုင်းကတော့ အမှတ်တရ ရှိပါတယ်'' လို့ ကြွေ ရုပ်ရှင်ကားကြီးအထူးပြပွဲကို တက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

36659422_2143513302558197_8994566896929996800_n.jpg

Photo: ပိုင်အုပ်စိုးအောင်ဖေ့စ်ဘွတ်

 

အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဆိုတာ အရမ်းကို ခက်ခဲတယ်လို့ သူကဆိုပါတယ်။ အယောက် ၁၀၀ မှာ ၁၀ ယောက်လောက်က ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိတဲ့အတွက်  ဘာသာရေးကိုလည်း ကြိုးကြိုးစားစားလုပ်တယ်လို့ ပြောပါတယ်။ ဘာသာရေးနဲ့ အနုပညာအလုပ်ကို တွဲလုပ်ဖြစ်တယ်လို့ ပိုင်အုပ်စိုးအောင်က ပြောပါတယ်။

'' ကျွန်တော်ကတော့ ဘုရား၊ တရားလုပ်တယ်။ တစ်ပတ်တစ်ခါ ဘုရားသွားတယ်။ ဂုဏ်တော်ကိုးပါးကိုလည်း ပုတီး တစ်ပတ်ပြည့်အောင် စိပ်တယ်။ အဓိဋ္ဌာန်လည်း ဝင်တယ်။ အနုပညာအလုပ်ဆိုတာက ၁၀၀ မှာ ၁၀ ယောက်လောက်ဖြစ်တာဆိုတော့ ကိုယ်တိုင်ကလည်း ဘာသာ တရားကိုင်းရှိုင်းမှ ဖြစ်တာလေ'' လို့ ဆိုပါတယ်။

ကြွေဇာတ်ကားထဲက ကာရိုက်တာအကြောင်းပြောလာတဲ့ လွှမ်းပိုင် 

28685263_2072013089708219_126172218422424638_n.jpg

Photo: ပိုင်အုပ်စိုးအောင်ဖေ့စ်ဘွတ်

 

ပိုင်အုပ်စိုးအောင်ဟာ မိန်းကလေးပရိသတ်အများကြီးတို့ရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားပေမယ့် ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေ လည်းရှိပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေနဲ့ ဟာသပုံတွေဖန်တီးပြီး အွန်လိုင်းပေါ်မှာ ဖြန့်ကြတဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။

'' အွန်လိုင်းပေါ်မှာလည်း ပရိသတ်တွေက Troll တာပေါ့နော်။ အသေအကြေကို Troll ကြတာဆိုတော့ ကြာလာတော့လည်း အရေခွံထူနေပါပြီ။ Troll တာများလာတော့လည်း ဘယ်တတ်နိုင်မလဲ မေတ္တာသုတ်ပဲ ရွတ်နေရတော့မှာပေါ့။ Uke တဲ့ ဘာတဲ့ Gay ဆိုလား ဘာလားပေါ့။ အဲ့ဒီအခါကျရင်လည်း မေတ္တာသုတ် ရွတ်တာပေါ့'' လို့ သူက ဆိုပါတယ်။

P 2.jpg 

ပရိသတ်တွေ အနေနဲ့ကလည်း ပိုင်အုပ်စိုးအောင်ကို ဆက်အားပေးပါတဲ့။  သူက Gay တစ်ယောက်မဟုတ်ပါဘူးလို့လည်းပြောပါတယ်။ ပရိသတ်အားပေးရကျိုးနပ်အောင်လည်း ပိုကြိုးစားသွားမယ်။ အနုပညာအလုပ်နဲ့ ပတ်သက်လို့ အခွင့်အရေးရရင် ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ကြိုးစားသွားပါမယ်လို့ သူကပြောခဲ့ပါသေးတယ်။

 

[Zawgyi Version]

အြန္လုိင္းေပၚက မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးျခင္းခံထားရတဲ့ ပုိင္အုပ္စုိးေအာင္က အခုဆုိရင္ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေနရ ၿပီျဖစ္ပါတယ္။ အႏုပညာအလုပ္လုပ္ေနတဲ့သူျဖစ္တာေၾကာင့္ ဘာသာေရးကုိလည္း ႀကိဳးႀကိဳးစားစား လုပ္တယ္လုိ႔ ေျပာပါတယ္။ ခ်စ္တဲ့ ပရိသတ္ရွိသလုိ မုန္္းတဲ့ ပရိသတ္ေတြလည္း ရွိတဲ့ သူ႔ရဲ႕  ခံစားခ်က္ကုိလည္းေျပာျပခဲ့ပါတယ္။

အြန္လုိင္းေပၚကေန မိန္းကေလးပရိသတ္အားေပးမႈ အမ်ားႀကီးရရွိထားတဲ့ ပုိင္အုပ္စုိးေအာင္ က အခုဆုိရင္ေတာ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေနရပါၿပီ။ သူ႔အေနနဲ႔ သရုပ္ေဆာင္ ဟဲဗီၿဖဳိးနဲ႔အတူ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ကူးထားတယ္လုိ႔ သိရပါတယ္။ ဟဲဗီးၿဖဳိးကလည္း သူ႔ရဲ႕ ကာရုိက္တာနဲ႔ ပတ္သက္ၿပီး ေသခ်ာ သင္ၾကားေပးတယ္လုိ႔ ေျပာပါတယ္။

'' အစပုိင္းကေတာ့ ကၽြန္ေတာ္က ရွိန္တာေပါ့ေနာ္၊ သူက ရုပ္ရွင္ကားႀကီးေတြလည္း ရုိက္ေနရတဲ့ မင္းသားပဲေလ။ ဒါေပမယ့္ ရုိက္ေနတဲ့ အခ်ိန္ အတြင္းမွာ သူက ကၽြန္ေတာ့္ကုိ အမ်ားႀကီးပညာေတြသင္ေပးတယ္။ သူနဲ႔ ရုိက္ခဲ့ရတဲ့ ဇာတ္ဝင္ခန္းတုိင္းကေတာ့ အမွတ္တရ ရွိပါတယ္'' လုိ႔ ေၾကြ ရုပ္ရွင္ကားႀကီးအထူးျပပြဲကုိ တက္ေရာက္ရင္း Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

Photo: ပုိင္အုပ္စုိးေအာင္ေဖ့စ္ဘြတ္

 

အႏုပညာရွင္တစ္ေယာက္ျဖစ္လာဖုိ႔ ဆုိတာ အရမ္းကုိ ခက္ခဲတယ္လုိ႔ သူကဆုိပါတယ္။ အေယာက္ ၁၀၀ မွာ ၁၀ ေယာက္ေလာက္က ျဖစ္ခ်င္တုိင္း ျဖစ္ခြင့္မရွိတဲ့အတြက္  ဘာသာေရးကုိလည္း ႀကိဳးႀကိဳးစားစားလုပ္တယ္လုိ႔ ေျပာပါတယ္။ ဘာသာေရးနဲ႔ အႏုပညာအလုပ္ကုိ တြဲလုပ္ျဖစ္တယ္လုိ႔ ပုိင္အုပ္စုိးေအာင္က ေျပာပါတယ္။

'' ကၽြန္ေတာ္ကေတာ့ ဘုရား၊ တရားလုပ္တယ္။ တစ္ပတ္တစ္ခါ ဘုရားသြားတယ္။ ဂုဏ္ေတာ္ကုိးပါးကုိလည္း ပုတီး တစ္ပတ္ျပည့္ေအာင္ စိပ္တယ္။ အဓိ႒ာန္လည္း ဝင္တယ္။ အႏုပညာအလုပ္ဆုိတာက ၁၀၀ မွာ ၁၀ ေယာက္ေလာက္ျဖစ္တာဆုိေတာ့ ကုိယ္တုိင္ကလည္း ဘာသာ တရားကုိင္းရႈိင္းမွ ျဖစ္တာေလ'' လုိ႔ ဆုိပါတယ္။

ေၾကြဇာတ္ကားထဲက ကာရုိက္တာအေၾကာင္းေျပာလာတဲ့ လႊမ္းပုိင္ 

Photo: ပုိင္အုပ္စုိးေအာင္ေဖ့စ္ဘြတ္

 

ပုိင္အုပ္စုိးေအာင္ဟာ မိန္းကေလးပရိသတ္အမ်ားႀကီးတုိ႔ရဲ႕ ခ်စ္ခင္အားေပးမႈကုိ ပုိင္ဆုိင္ထားေပမယ့္ ေဝဖန္တုိက္ခုိက္ၾကတဲ့ ပရိသတ္ေတြ လည္းရွိပါတယ္။ သူ႔ရဲ႕ ဓာတ္ပုံေတြနဲ႔ ဟာသပုံေတြဖန္တီးၿပီး အြန္လုိင္းေပၚမွာ ျဖန္႔ၾကတဲ့ အေပၚ သူ႔ရဲ႕ ခံစားခ်က္ကုိ အခုလုိ ေျပာျပခဲ့ပါတယ္။

'' အြန္လုိင္းေပၚမွာလည္း ပရိသတ္ေတြက Troll တာေပါ့ေနာ္။ အေသအေၾကကုိ Troll ၾကတာဆုိေတာ့ ၾကာလာေတာ့လည္း အေရခြံထူေနပါၿပီ။ Troll တာမ်ားလာေတာ့လည္း ဘယ္တတ္ႏုိင္မလဲ ေမတၱာသုတ္ပဲ ရြတ္ေနရေတာ့မွာေပါ့။ Uke တဲ့ ဘာတဲ့ Gay ဆုိလား ဘာလားေပါ့။ အဲ့ဒီအခါက်ရင္လည္း ေမတၱာသုတ္ ရြတ္တာေပါ့'' လုိ႔ သူက ဆုိပါတယ္။

ပရိသတ္ေတြ အေနနဲ႔ကလည္း ပုိင္အုပ္စုိးေအာင္ကုိ ဆက္အားေပးပါတဲ့။  သူက Gay တစ္ေယာက္မဟုတ္ပါဘူးလို႔လည္းေျပာပါတယ္။ ပရိသတ္အားေပးရက်ဳိးနပ္ေအာင္လည္း ပုိႀကိဳးစားသြားမယ္။ အႏုပညာအလုပ္နဲ႔ ပတ္သက္လုိ႔ အခြင့္အေရးရရင္ ရရွိလာတဲ့ အခြင့္အေရးကုိ အေကာင္းဆုံး အသုံးခ်ၿပီး ႀကိဳးစားသြားပါမယ္လုိ႔ သူကေျပာခ့ဲပါေသးတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs