• Cele Yatkwat
    အစ်ကိုလိုဖြစ်တဲ့ သီဟတင်စိုးအကြောင်းပြောလာတဲ့ မြတ်ကေသီအောင်
Sabal Thwin
[Unicode Version]

မြတ်ကေသီအောင်ဟာ အနုပညာအလုပ်တွေ စလုပ်ကတည်းက လက်တွဲလာခဲ့တဲ့ သရုပ်ဆောင် သီဟတင်စိုးရဲ့ အကြောင်း တွေ ကို ဖွင့်ပြောလာပါတယ်။ အမှုရင်ဆိုင်နေရတဲ့ သီဟတင်စိုးရဲ့ အသံဖိုင်ကို နားထောင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရကြောင်း မြတ်ကေသီအောင်က ပြောပါတယ်။

Myat 2.jpg 

သရုပ်ဆောင်သီဟတင်စိုးရဲ့ အမှုကို ကြားကြားချင်း အံ့သြခဲ့ရတာကတော့ မြတ်ကေသီအောင်ပါတဲ့။ မင်းသမီးစဖြစ်ကတည်းက သီဟတင်စိုး နဲ့ရိုက်ခဲ့တဲ့ ဇာတ်ကား တော်တော်များများရှိခဲ့ပြီး ဒီအမှုဟာ လုံးဝမဖြစ်နိုင်တဲ့အကြောင်းပြောပါတယ်။ အဲ့ဒီနောက် သီဟတင်စိုးကလည်း မိန်းမ ရှုပ်တဲ့သူ မဟုတ်ဘူးလို့ မြတ်ကေသီအောင်က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အဲ့ဒီသတင်းကြားတော့လေ အစ်မတို့လည်း တော်တော်အံ့သြခဲ့ရတယ်။ ကိုသီဟ က အဲ့ဒီလို လူစားမျိုးမဟုတ်ဘူးလေ။ အစ်မတို့ မင်းသမီး စဖြစ်ကတည်းက သူနဲ့ရိုက်ခဲ့တာတွေ အများကြီး။ တစ်ခါတလေ ကိုယ့်ကိုတောင်မှ ရှုတင်မှာဆိုရင် ညီမလေးတစ်ယောက်လို စောင့်ရှောက်တာ ပါ။ အနေအထိုင်မတတ်ရင်တောင်မှ ကိုယ့်ကို ဆူတဲ့လူမျိုးပြီးတော့ မိန်းမရှုပ်တာတွေလည်း မရှိခဲ့ပါဘူး'' လို့ ဆိုပါတယ်။

19029245_1500504653303856_8217659202287991126_n.jpg

Photo : မြတ်ကေသီအောင် FB



ကော်ဖီဆိုင်ဖွင့်ပြီး ကိုယ်တိုင် စားပွဲထိုးဝင်လုပ်တဲ့ မြတ်ကေသီအောင် 

ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းက အွန်လိုင်းမီဒီယာတစ်ခုကို အင်တာဗျူးဖြေဆိုခဲ့တဲ့ သီဟတင်စိုးရဲ့ အသံကို နားထောင်ရင်း ယောကျ်ားတစ် ယောက်ဖြစ်ပေမယ့် မဟုတ်မမှန်တဲ့ သတင်းအပေါ် ဘယ်လောက်အထိရှက်ပြီး ခံစားနေရမလည်းဆိုတာကို ကိုယ်ချင်းစာစိတ်နဲ့ တွေးခဲ့မိသေးတယ်လို့ မြတ်ကေသီအောင်က ဆိုပါတယ်။

'' အစ်ကိုက သူ့အသံနဲ့ ဖုန်းပြောတာကို နားထောင်ရတယ်။ သူရှက်လည်းရှက်တယ် စိတ်လည်း စိတ်တိုနေတယ်ပေါ့နော်။ သူငိုနေတော့လေ စိတ်မကောင်းဘူး၊ ကိုယ့်အစ်ကိုတစ်ယောက်ဖြစ်နေသလို ခံစားရတယ်။ ယောကျ်ားကြီးတန်မဲ့ မျက်ရည်တောင်ကျနေရတယ်ဆိုတော့ သူ ဘယ်လောက်ခံစားနေရမလဲပေါ့ အစ်မတွေးမိတယ်'' လို့ ပြောပါတယ်။

19884088_1548692475151740_575198334384683756_n.jpg

Photo : မြတ်ကေသီအောင် FB

 

အကယ်ဒမီသီဟတင်စိုးရဲ့ ဇနီးဖြစ်သူ ထပ်ဆင့်အကယ်ဒမီ ဇင်မာဦးရဲ့ အင်တာဗျူးဖိုင်ကို ကြည့်ပြီး သူပြောသွားတဲ့ စကားတွေကို အရမ်း ကြိုက်တယ်လို့ပြောပါတယ်။ သီဟတင်စိုးရဲ့ အင်တာဗျူးဖိုင်ကို နားထောင်ပြီးတော့လည်း ဘာအခက်အခဲမှ မရှိတဲ့အတွက် စိတ်အေးခဲ့ ရသေး တယ်လို့ သူကဆိုပါတယ်။

'' မဇင်မာဦးရဲ့ အင်တာဗျူးကိုလည်း ကြည့်ရတယ် သူပြောသွားတဲ့ စကားတွေ အရမ်းကြိုက်တယ်။ ပြီးတော့ ဒီအမှုဟာ မဖြစ်သင့်ဘူးဆိုတာ ကို တော့ သင်ခန်းစာအနေနဲ့ ပေးကိုပေးရမယ်။ လုပ်ကို လုပ်ရမယ်။ မဇင်မာဦး စကားရယ်၊ အစ်ကို့ စကားရယ်ကို ကြားရပြီးတဲ့နောက် အားရှိ သွားတယ်။ ငါ့အစ်ကို ဘာမှ မဖြစ်လို့တော်သေးတာပေါ့'' ဆိုပြီးတော့ မြတ်ကေသီအောင်က ပြောပြခဲ့ပါတယ်။

17103416_1012498468883083_4013333088420683918_n.jpg 

ဒီ အမှုဟာ သူ့ကိုရော၊ သူ့မိသားစုကိုရော၊ သူ့ရဲ့ အနုပညာအသိုင်းအဝိုင်းကိုရော ထိခိုက်တယ်။ တစ်ဖက်လူက လုပ်ချင်တာက ကိုသီဟ ကိုလုပ်ချင်တာဆိုပေမယ့် ကိုသီဟနဲ့ ပတ်သက်သမျှသူတွေကို သိက္ခာချသလို ဖြစ်သွားတာပေါ့လေ။ ဒီအမှုနဲ့ ပတ်သက်ပြီး ကိုသီဟ ရဲ့ သိက္ခာတွေကို ဘာနဲ့ ပြန်ပေးမလဲ ဆိုပြီးတော့ မြတ်ကေသီအောင်က Duwun  Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးရဲ့ အမှုဟာ အမှုမှန်ပေါ်ပေါက်လို့ သွားပါပြီ။ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် အိမ်ကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုနဲ့ အရေးယူပေးဖို့ အတွက် တိုင်တန်းတဲ့ အမှုဟာ မှန်ကန်မှု မရှိပဲ လုပ်ကြံတိုင်တန်းတာ ဖြစ်တယ်လို့ ဒီနေ့(ဇူလိုင်၁၈ ရက်)မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နေ စုံစမ်းဖော်ထုတ်လိုက်တာပါ။

[Zawgyi Version]

ျမတ္ေကသီေအာင္ဟာ အႏုပညာအလုပ္ေတြ စလုပ္ကတည္းက လက္တြဲလာခဲ့တဲ့ သရုပ္ေဆာင္ သီဟတင္စုိးရဲ႕ အေၾကာင္း ေတြ ကုိ ဖြင့္ေျပာလာပါတယ္။ အမႈရင္ဆုိင္ေနရတဲ့ သီဟတင္စုိးရဲ႕ အသံဖုိင္ကုိ နားေထာင္ၿပီး စိတ္မေကာင္းျဖစ္ခဲ့ရေၾကာင္း ျမတ္ေကသီေအာင္က ေျပာပါတယ္။

သရုပ္ေဆာင္သီဟတင္စုိးရဲ႔ အမႈကုိ ၾကားၾကားခ်င္း အ့ံၾသခဲ့ရတာကေတာ့ ျမတ္ေကသီေအာင္ပါတဲ့။ မင္းသမီးစျဖစ္ကတည္းက သီဟတင္စုိး နဲ႔ရုိက္ခဲ့တဲ့ ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားရွိခ့ဲၿပီး ဒီအမႈဟာ လုံးဝမျဖစ္ႏုိင္တဲ့အေၾကာင္းေျပာပါတယ္။ အဲ့ဒီေနာက္ သီဟတင္စုိးကလည္း မိန္းမ ရႈပ္တဲ့သူ မဟုတ္ဘူးလို႔ ျမတ္ေကသီေအာင္က Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' အဲ့ဒီသတင္းၾကားေတာ့ေလ အစ္မတုိ႔လည္း ေတာ္ေတာ္အ့ံၾသခဲ့ရတယ္။ ကုိသီဟ က အဲ့ဒီလုိ လူစားမ်ဳိးမဟုတ္ဘူးေလ။ အစ္မတုိ႔ မင္းသမီး စျဖစ္ကတည္းက သူနဲ႔ရုိက္ခဲ့တာေတြ အမ်ားႀကီး။ တစ္ခါတေလ ကုိယ့္ကုိေတာင္မွ ရႈတင္မွာဆုိရင္ ညီမေလးတစ္ေယာက္လုိ ေစာင့္ေရွာက္တာ ပါ။ အေနအထုိင္မတတ္ရင္ေတာင္မွ ကုိယ့္ကုိ ဆူတဲ့လူမ်ဳိးၿပီးေတာ့ မိန္းမရႈပ္တာေတြလည္း မရွိခဲ့ပါဘူး'' လုိ႔ ဆိုပါတယ္။

Photo : ျမတ္ေကသီေအာင္ FB



ေကာ္ဖီဆုိင္ဖြင့္ၿပီး ကိုယ္တုိင္ စားပြဲထိုးဝင္လုပ္တဲ့ ျမတ္ေကသီေအာင္ 

ဇူလုိင္လ ၁၈ ရက္ေန႔ မနက္ပုိင္းက အြန္လုိင္းမီဒီယာတစ္ခုကုိ အင္တာဗ်ဴးေျဖဆုိခဲ့တဲ့ သီဟတင္စုိးရဲ႕ အသံကုိ နားေထာင္ရင္း ေယာက်္ားတစ္ ေယာက္ျဖစ္ေပမယ့္ မဟုတ္မမွန္တဲ့ သတင္းအေပၚ ဘယ္ေလာက္အထိရွက္ၿပီး ခံစားေနရမလည္းဆုိတာကုိ ကုိယ္ခ်င္းစာစိတ္နဲ႔ ေတြးခဲ့မိေသးတယ္လုိ႔ ျမတ္ေကသီေအာင္က ဆုိပါတယ္။

'' အစ္ကုိက သူ႔အသံနဲ႔ ဖုန္းေျပာတာကုိ နားေထာင္ရတယ္။ သူရွက္လည္းရွက္တယ္ စိတ္လည္း စိတ္တုိေနတယ္ေပါ့ေနာ္။ သူငုိေနေတာ့ေလ စိတ္မေကာင္းဘူး၊ ကုိယ့္အစ္ကုိတစ္ေယာက္ျဖစ္ေနသလုိ ခံစားရတယ္။ ေယာက်္ားႀကီးတန္မဲ့ မ်က္ရည္ေတာင္က်ေနရတယ္ဆုိေတာ့ သူ ဘယ္ေလာက္ခံစားေနရမလဲေပါ့ အစ္မေတြးမိတယ္'' လုိ႔ ေျပာပါတယ္။

Photo : ျမတ္ေကသီေအာင္ FB

 

အကယ္ဒမီသီဟတင္စုိးရဲ႕ ဇနီးျဖစ္သူ ထပ္ဆင့္အကယ္ဒမီ ဇင္မာဦးရဲ႕ အင္တာဗ်ဴးဖုိင္ကုိ ၾကည့္ၿပီး သူေျပာသြားတဲ့ စကားေတြကုိ အရမ္း ႀကိဳက္တယ္လုိ႔ေျပာပါတယ္။ သီဟတင္စုိးရဲ႕ အင္တာဗ်ဴးဖုိင္ကုိ နားေထာင္ၿပီးေတာ့လည္း ဘာအခက္အခဲမွ မရွိတဲ့အတြက္ စိတ္ေအးခဲ့ ရေသး တယ္လုိ႔ သူကဆုိပါတယ္။

'' မဇင္မာဦးရဲ႕ အင္တာဗ်ဴးကုိလည္း ၾကည့္ရတယ္ သူေျပာသြားတဲ့ စကားေတြ အရမ္းႀကိဳက္တယ္။ ၿပီးေတာ့ ဒီအမႈဟာ မျဖစ္သင့္ဘူးဆုိတာ ကုိ ေတာ့ သင္ခန္းစာအေနနဲ႔ ေပးကုိေပးရမယ္။ လုပ္ကုိ လုပ္ရမယ္။ မဇင္မာဦး စကားရယ္၊ အစ္ကုိ႔ စကားရယ္ကုိ ၾကားရၿပီးတဲ့ေနာက္ အားရွိ သြားတယ္။ ငါ့အစ္ကုိ ဘာမွ မျဖစ္လုိ႔ေတာ္ေသးတာေပါ့'' ဆုိၿပီးေတာ့ ျမတ္ေကသီေအာင္က ေျပာျပခဲ့ပါတယ္။

ဒီ အမႈဟာ သူ႔ကုိေရာ၊ သူ႔မိသားစုကုိေရာ၊ သူ႔ရဲ႕ အႏုပညာအသုိင္းအဝုိင္းကိုေရာ ထိခိုက္တယ္။ တစ္ဖက္လူက လုပ္ခ်င္တာက ကုိသီဟ ကုိလုပ္ခ်င္တာဆုိေပမယ့္ ကုိသီဟနဲ႔ ပတ္သက္သမွ်သူေတြကုိ သိကၡာခ်သလုိ ျဖစ္သြားတာေပါ့ေလ။ ဒီအမႈနဲ႔ ပတ္သက္ၿပီး ကုိသီဟ ရဲ႕ သိကၡာေတြကုိ ဘာနဲ႔ ျပန္ေပးမလဲ ဆုိၿပီးေတာ့ ျမတ္ေကသီေအာင္က Duwun  Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စိုးရဲ႕ အမႈဟာ အမႈမွန္ေပၚေပါက္လို႕ သြားပါၿပီ။ ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စိုးအေပၚ အိမ္ကူျဖစ္သူ ေဒၚခင္မာျမင့္က မုဒိမ္းမႈနဲ႕ အေရးယူေပးဖို႕ အတြက္ တိုင္တန္းတဲ့ အမႈဟာ မွန္ကန္မႈ မရွိပဲ လုပ္ၾကံတိုင္တန္းတာ ျဖစ္တယ္လို႕ ဒီေန႕(ဇူလိုင္၁၈ ရက္)မွာ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ေန စံုစမ္းေဖာ္ထုတ္လိုက္တာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs