• Cele Yatkwat
    သားလေး ဘွဲ့ယူမယ့်အခမ်းအနားကို တက်ဖို့ စီစဉ်နေတဲ့ မေသန်းနု
Sabal Thwin
[Unicode Version]

မေသန်းနုရဲ့ တစ်ဦးတည်းသောသားဖြစ်သူ မင်းသန့်မောင်မောင်က ၉ လပိုင်းဆိုရင် Los Angeles, California, New York Film Academy School ကနေဘွဲ့ယူတော့မှာဖြစ်လို့ ဒီအခမ်းအနားကို မေသန်းနုက တက်ရောက်ဖို့ စီစဉ်နေပါတယ်။ဒါရိုက်တာ တစ်ယောက်အဖြစ်ရပ်တည်လာတဲ့ သားကိုကိုယ့်ရဲ့ သားလိုမမြင်ပဲဒါရိုက်တာတစ်ယောက်လို့ပဲ မြင်တယ်လို့ ပြောပါတယ်။

M 1.jpg 

သရုပ်ဆောင် မေသန်းနု နဲ့ ဒါရိုက်တာ စင်ရော်မောင်မောင် တို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ဟာ အမေရိကန်နိုင်ငံ ရှိ Los Angeles,  California, New York Film Academy School မှာတက်ရောက်ပညာသင်ကြားနေပြီး သြဂုတ်လ ဆိုရင်တော့ ကျောင်း တက်တာ ၃ နှစ်ပြည့်အဖြစ် ဘွဲ့ယူဖို့ရှိတယ်ဆိုပြီးတော့ မေသန်းနု က မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ၉ လပိုင်းကျရင်တော့ ကျောင်းတက်တာ ၃ နှစ်ဆိုတော့ ဘွဲ့လက်မှတ်တစ်ခုရမှာပေါ့။ ပညာရေးအနေနဲ့ကလည်း အားလုံးဖြစ်စေချင် တဲ့ ဆန္ဒနဲ့ သူ့ကို ဒီပညာသင်ခိုင်းတာပေါ့နော်။ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ဝင်စားမှုတွေ တွေ့ရ တော့လည်း ဝမ်းသာပါတယ်။ မကြာခင် သူ ဘွဲ့ ယူတဲ့ အခမ်းအနားကိုလည်း သွားဖို့အတွက် စီစဉ်နေပါတယ်'' လို့ သူကဆိုပါတယ်။

M 3.jpg 

မင်းသန့်မောင်မောင်ဟာ မကြာသေးခင်က သူ့ရဲ့ ဘဝအကြောင်းတချို့ကို ၁၅ မိနစ်စာ Look At Me ဆိုတဲ့ ဇာတ်လမ်း တိုလေးကို မေသန်းနုနဲ့ အတူ ရိုက်ကူးခဲ့ပါသေးတယ်။ မင်းသန့် မောင်မောင်ဟာ သူလိုချင်တဲ့ အိုက်တင်မျိုး မရရအောင် အမေဖြစ်သူ အကယ်ဒမီများရှင်ကိုတောင်မှ ၃ ခါ ၄ ခါ ပြန်ရိုက်သေးတယ်လို့ ဟစ်တိုင် ဇာတ်ကားကန်တော့ပွဲမှာ မီဒီယာတွေရဲ့ အင်တာဗျူးကို မေသန်းနုက ဖြေဆိုခဲ့တာပါ။

'' ဟိုတလောကလည်း သူ့ရဲ့ ကျောင်းအတွက် ၁၅ မိနစ်စာ ဗီဒီယိုလာရိုက်တယ်။ အံဝင်ပါတယ် ကိုတိုးမောင်နဲ့ တွဲပေး ထားတာပေါ့နော်။ အိုက်တင်တွေကိုလည်း သူလိုချင်တာကို ဟိုကလုပ်ပေးတယ်၊ မဆင့်ကလည်း အဲ့ဒီမှာ Actor တစ်ယောက်အနေနဲ့ ပါ တာပေါ့။ မဆင့်တို့လည်း ဇာတ်ကားပေါင်းများစွာ ရိုက်လာရပေမယ့်လို့ ကိုယ့်သား ဒါရိုက်တာကိုလည်း ဒါရိုက်တာ တစ်ယောက်လိုပဲ မြင်တယ်'' လို့ ဆိုပါတယ်။

M 2.jpg 

မေသန်းနုဟာ သားဖြစ်သူ မင်းသန့်မောင်မောင်၊ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ အတူ ထာဝရ အမေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါသေးတယ်။ ဒီဇာတ်ကားဟာ သူတို့ မိသားစုအတွက် ၁၂ နှစ်အကြာမှာ အတူတူစုံပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်လို့ အမှတ်တရတွေလည်းရှိတယ်လို့ သိရပါတယ်။

ဖခင်မေတ္တာကို ဖော်ကျူးဦးမယ့် ဒါရိုက်တာ စင်ရော်မောင်မောင် 

31318230-1772252746128689-7707836966116524032-n.jpg

Photo: May Than Nu FbPage

 

မေသန်းနုဟာ အခုဆိုရင်တော့ ဟစ်တိုင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဟိန်းစိုး နဲ့ ရိုက်ကူးနေတာပါ။ ဒီဇာတ်ကားထဲမှာတော့ သားသမီး ၂ ယောက်ရဲ့ အမေ၊ ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းခွဲကြားတဲ့သူ  မာနကြီးတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။

[Zawgyi Version]

ေမသန္းႏုရဲ႕ တစ္ဦးတည္းေသာသားျဖစ္သူ မင္းသန္႔ေမာင္ေမာင္က ၉ လပုိင္းဆုိရင္ Los Angeles, California, New York Film Academy School ကေနဘြဲ႕ယူေတာ့မွာျဖစ္လုိ႔ ဒီအခမ္းအနားကုိ ေမသန္းႏုက တက္ေရာက္ဖုိ႔ စီစဥ္ေနပါတယ္။ဒါရုိက္တာ တစ္ေယာက္အျဖစ္ရပ္တည္လာတဲ့ သားကုိကုိယ့္ရဲ႕ သားလုိမျမင္ပဲဒါရုိက္တာတစ္ေယာက္လုိ႔ပဲ ျမင္တယ္လုိ႔ ေျပာပါတယ္။

သရုပ္ေဆာင္ ေမသန္းႏု နဲ႔ ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္ တုိ႔ရဲ႕ တစ္ဦးတည္းေသာ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ဟာ အေမရိကန္ႏိုင္ငံ ရွိ Los Angeles,  California, New York Film Academy School မွာတက္ေရာက္ပညာသင္ၾကားေနၿပီး ၾသဂုတ္လ ဆုိရင္ေတာ့ ေက်ာင္း တက္တာ ၃ ႏွစ္ျပည့္အျဖစ္ ဘြဲ႕ယူဖုိ႔ရွိတယ္ဆုိၿပီးေတာ့ ေမသန္းႏု က မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ၉ လပုိင္းက်ရင္ေတာ့ ေက်ာင္းတက္တာ ၃ ႏွစ္ဆိုေတာ့ ဘြဲ႕လက္မွတ္တစ္ခုရမွာေပါ့။ ပညာေရးအေနနဲ႔ကလည္း အားလုံးျဖစ္ေစခ်င္ တဲ့ ဆႏၵနဲ႔ သူ႔ကုိ ဒီပညာသင္ခုိင္းတာေပါ့ေနာ္။ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈ၊ စိတ္ဝင္စားမႈေတြ ေတြ႔ရ ေတာ့လည္း ဝမ္းသာပါတယ္။ မၾကာခင္ သူ ဘြဲ႕ ယူတဲ့ အခမ္းအနားကုိလည္း သြားဖုိ႔အတြက္ စီစဥ္ေနပါတယ္'' လုိ႔ သူကဆုိပါတယ္။

မင္းသန္႔ေမာင္ေမာင္ဟာ မၾကာေသးခင္က သူ႔ရဲ႕ ဘဝအေၾကာင္းတခ်ိဳ႔ကုိ ၁၅ မိနစ္စာ Look At Me ဆုိတဲ့ ဇာတ္လမ္း တုိေလးကုိ ေမသန္းႏုနဲ႔ အတူ ရုိက္ကူးခဲ့ပါေသးတယ္။ မင္းသန္႔ ေမာင္ေမာင္ဟာ သူလုိခ်င္တဲ့ အုိက္တင္မ်ဳိး မရရေအာင္ အေမျဖစ္သူ အကယ္ဒမီမ်ားရွင္ကုိေတာင္မွ ၃ ခါ ၄ ခါ ျပန္ရိုက္ေသးတယ္လုိ႔ ဟစ္တုိင္ ဇာတ္ကားကန္ေတာ့ပြဲမွာ မီဒီယာေတြရဲ႔ အင္တာဗ်ဴးကုိ ေမသန္းႏုက ေျဖဆုိခဲ့တာပါ။

'' ဟုိတေလာကလည္း သူ႔ရဲ႕ ေက်ာင္းအတြက္ ၁၅ မိနစ္စာ ဗီဒီယုိလာရိုက္တယ္။ အံဝင္ပါတယ္ ကုိတုိးေမာင္နဲ႔ တြဲေပး ထားတာေပါ့ေနာ္။ အုိက္တင္ေတြကုိလည္း သူလုိခ်င္တာကုိ ဟုိကလုပ္ေပးတယ္၊ မဆင့္ကလည္း အဲ့ဒီမွာ Actor တစ္ေယာက္အေနနဲ႔ ပါ တာေပါ့။ မဆင့္တုိ႔လည္း ဇာတ္ကားေပါင္းမ်ားစြာ ရုိက္လာရေပမယ့္လုိ႔ ကုိယ့္သား ဒါရုိက္တာကုိလည္း ဒါရုိက္တာ တစ္ေယာက္လုိပဲ ျမင္တယ္'' လို႔ ဆုိပါတယ္။

ေမသန္းႏုဟာ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္၊ ခင္ပြန္းေဟာင္းျဖစ္သူ ဒါရုိက္တာ စင္ေရာ္ေမာင္ေမာင္ နဲ႔ အတူ ထာဝရ အေမ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ရုိက္ကူးခဲ့ပါေသးတယ္။ ဒီဇာတ္ကားဟာ သူတုိ႔ မိသားစုအတြက္ ၁၂ ႏွစ္အၾကာမွာ အတူတူစုံၿပီး ရိုက္ကူးခဲ့တဲ့ ဇာတ္ကားျဖစ္လို႔ အမွတ္တရေတြလည္းရွိတယ္လို႕ သိရပါတယ္။

ဖခင္ေမတၱာကို ေဖာ္က်ဴးဦးမယ့္ ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္ 

Photo: May Than Nu FbPage

 

ေမသန္းႏုဟာ အခုဆိုရင္ေတာ့ ဟစ္တုိင္ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဒါရုိက္တာ ဟိန္းစုိး နဲ႔ ရုိက္ကူးေနတာပါ။ ဒီဇာတ္ကားထဲမွာေတာ့ သားသမီး ၂ ေယာက္ရဲ႕ အေမ၊ ခ်မ္းသာၾကြယ္ဝၿပီး အဆင့္အတန္းခြဲၾကားတဲ့သူ  မာနႀကီးတဲ့ အမ်ဳိးသမီးတစ္ေယာက္အျဖစ္ ပါဝင္သရုပ္ေဆာင္ ေနတယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs